အွန်လိုင်း အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သည့် foodpanda ၏ တစ်နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ပွဲကို အွန်လိုင်းမှတစ်ဆင့် ကျင်းပသွားမည်။
Foodpanda သည် အာရှတွင် ဆယ်ခုမြောက်ဈေးကွက်အဖြစ် ပြည်တွင်း၌ စတင်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းရှိ အဓိကမြို့ကြီး ၉ မြို့တွင် လူကြိုက်များသည့် အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။
“အခုလို မြန်မာနိုင်ငံမှာ စတင်ခဲ့တာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အရမ်းပဲ ဂုဏ်ယူမိပါတယ်။ ဒီတစ်နှစ်ဟာ ကျွန်တော်တို့အတွက် စိန်ခါ်မှုတွေနဲ့အတူ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို စိန်ခေါ်မှုများတဲ့ကာလအတွင်းမှာ ကျွန်တော်တို့ ပလက်ဖောင်းကို အသုံးပြုပြီး မိတ်ဖက်စားသောက်ဆိုင်တွေ ဆက်လက်လည်ပတ်နိုင်ဖို့ရယ် ၊ riders တွေလည်း တစ်ဖက်တစ်လမ်း ကေန ဝင်ငွေရရှိနေဖို့အတွက်ရယ် အားလုံးရဲ့ပူးပေါင်းပါဝင်မှုတွေနဲ့ကျွန်တော်တို့ အချိန်တိုအတွင်းမှာပဲ ကြိုးစားခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ချစ်ခင်ရတဲ့ စားသုံးသူတွေ၊ မိတ်ဖက်လုပ်ငန်းရှင်တွေနဲ့ ဒီလုပ်ငန်းအတွက် မရှိမဖြစ် အရေးပါတဲ့ကဏ်ဏ္ဍကနေပါဝင်နေတဲ့ riders တွေအားလုံးကို အခုလိုတစ်နှစ်ပတ်လုံး ကူညီပံ့ပိုးပေးခဲ့ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု foodpanda Myanmar ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ကိုဇေယျာမင်းမှ ပြောသည်။
တစ်နှစ်ပြည့် အထိမ်းအမှတ်အစီအစဉ်များအနေဖြင့် အသုံးပြုသူများအား ကျေးဇူးအထူးတင်သည့် ရည်ရွယ်ချက်ဖြင့် မိတ်ဖက် စားသောက်ဆိုင်များ၊မိတ်ဖက် ကုန်အမှတ်တံဆိပ်များ ဖြစ်သည့် Gong Cha, O Cha, Pizza Hut, KFC, YKKO, Tealive, Yakun, Cha Thai, Krispy Kreme, Nilar, Kaung Kyaik, Kyat Shar Soon, Tea Land, Season Bakery, SP Bakery အပါအဝင် အခြားစားသောက်ဆိုင် ၁၀၀၀ ကျော်တို့မှ များပြားလှစွာသော အထူးအစီအစဉ်နှင့် ၅၀% အထိ လျှော့ဈေး အစီအစဉ်များနဲ့ foodpanda မြန်မာ ရဲ့ အကြီးမားဆုံးသော အွန်လိုင်းဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁ ရက်နေ့မှစတင်ကာ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒါ့အပြင် foodpanda မြန်မာ၏ တစ်နှစ်ပြည့် အထိမ်းအမှတ်ဖြစ်သည့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ စားသုံးသူများနှင့် ပါတနာမ်ားကို အထူးကျေးဇူးတင်သည့်အနေဖြင့် စိတ်လှုပ်ရှားစရာ အစီအစဉ်များစွာကို တစ္လလုံး စီစဉ်ထားရှိကြောင်း၊ မိတ်ဖက်စားသောက်ဆိုင်များနှင့် ပူးပေါင်း၍ လိုအပ်သည့်နေရာများသို့ လှူဒါန်းခြင်းကဲ့သို့ အမျိုးမျိုးသော လူမှုအကျိုးပြုလုပ်ငန်းများအပြင် စားသုံးသူတို့ ချစ်ခင်ရသည့် အနုပညာရှင်များနှင့် အတူတကြ ဆင်နွှဲနိုင်စေရန်အတွက် ပျော်ရွှင်စရာ ဖျော်ဖြေမှုများပါဝင်တဲ့ အွန်လိုင်းမှ ထုတ်လွှင့်ပြသမည့်အစီအစဉ်များကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကို မဝင်ရောက်ခင်အချိန်ကစပြီး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အာရှပစိဖိတ်တစ်ဝှမ်းမှာရရှိခဲ့တဲ့ အတွေ့အကြုံတွေအပေါ်မှာအခြေခံပြီး စားသုံးသူတွေနဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေကို ပြည့်မီအောင် ဖန္တီးထားတဲ့ နည်းပညာပလက်ဖောင်းကနေတစ်ဆင့် မြန်မာနိုင်ငံမှာ ရွိတဲ့ ပြည်သူတွေကို အဆင့်အမြင့်ဆုံး အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှု အတွေ့အကြုံတွေကို ပေးအပ်ချင်တာပါ။ ဒါကြောင့် အဖက္ဖက္က ပံ့ပိုးပေးခဲ့တဲ့သူတွေအားလုံးကို ကျွန်တော်တို့ တန်ဖိုးထားပြီးတော့ အစားအသောက်ကောင်းတွေနဲ့ ကုန်စုံပစ္စည်းတွေကို လြယ္လြယ္ကူကူ၊ ဈေးနှုန်းမှန်ကန်စွာနဲ့ ဝယ်ယူလို့ရတဲ့ အားလုံးကရွေးချယ်ကြတဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခုဖြစ်အောင် ဆက်လက် ကြိုးစားထိန်းသိမ်းသွားပါမယ်လို့လည်း ကတိပြုချင်ပါတယ်။ ဟု ကိုဇေယျာမင်းမှ ထပ်မံပြောကြားခဲ့သည်။
Foodpanda အနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် တစ်နှစ်အတွင်း စားသုံးသူများနှင့် မိတ်ဖက်လုပ်ငန်းရှင်များထံမှ အသိအမှတ်ပြုမှုများစွာ ရရှိခဲ့ပြီးဖြစ်သလို foodpanda ပလက်ဖောင်းပေါ်တွင် ရရှိနိုင်သော ဝန်ဆောင်မှုများနှင့် မြန်မာ့အစားအသောက်များကို မီးမောင်းထိုးပြနိုင်ရန်အတွက် မြန်မာ့စပါးအုံး အောင်လအန်ဆန်အားလည်း ၎င်း၏ ပထမဆုံးသော သံတမန်အဖြစ်ခန့်အပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *