AIA ၏ ၆ ကြိမ်မြောက် In The Loop အွန်လိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၉ ရက်တွင် AIA Myanamr page မှ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းမှာ AIA Myanmar အနေဖြင့် ပြည်သူအများ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝမ်ားကို ရရှိပိုင်ဆိုင်နိုင်ရန်၊ အပြုသဘောဆောင်ပြီး စိတ်အားတက်ကြွ စေမည့် ဆွေးနွေးပွဲများမှတစ်ဆင့် ပြည်သူအားလုံး ရင်းနှီးနွေးထွေးစွာ ဆက်လက်နေထိုင်နိုင်စေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် နေထိုင်မှုပုံစံ၊ ပုဂ္ဂလိက စီးပွားရေး၊ ကျန်းမာရေး နှင့် ကောင်းမွန်သော နေထိုင်မှု စသဖြင့်သော ကျွန်ုပ်တို့၏ ဘဝလှုပ်ရှားမှုများအတွက် ရည်ရွယ်ပြီး နယ်ပယ်ဒေသ အသီးသီးမြ ထင်ရှားသော ပုဂ္ဂိုလ်များနှင့် အမျိုးမျိုးသော အကြောင်းအရာများကို ဆွေးနွေးပေခဲ့ကြောင်း သိရသည်။
“မကြုံဖူးသေးလို့ မကြောက်တာပါ။ ကြုံဖူးရင် အကုန်လုံးကြောက်တာပါပဲ။ ဒီရောဂါက ကိုယ်ဖြစ် ကိုယ်ခံ ရောဂါ မဟုတ်ဘူးခင်ဗျ။ ကိုယ်ဖြစ်လို့ ကိုယ်ချစ်တဲ့ အဖေ၊ အမေ၊ အဘိုး၊ အဘွား အကုန်ဆုံးရှုံးရတဲ့ ရောဂါခင်ဗျ။ အသိဉာဏ်လေးနဲ့ ယှဉ်ပြီး လုပ်ပါ။ အိမ်မှာ အပန်းမဖြေရင် ဆေးရုံမှာ သွားပြီး အပန်းဖြေနေရပါလိမ့်မယ်။” ဟု ဒေါက်တာ စိန်ဖြိုးလှိုင် က ၎င်း၏အမြင်ကို ဆွေးနွေးခဲ့သည်။
အဆိုပါ Panel Discussion (စကားဝိုင်း ဆွေးနွေးပွဲ) တွင် ဦးအောင်မင်းသိန်း၊ မယမုံ Scarlett၊ ဒေါက်တာ စိန်ဖြိုးလှိုင် (ခ) သရုပ်ဆောင် မောင် နှင့် ဒေါက်တာ ကောင်းမြတ်စိုးတို့က COVID-19 ကာလအတွင်း မမျှော်လင့်ထားသော စိန်ခေါ်မှုများကို လက်တွေ့ ရင်ဆိုင်ခဲ့ရစဉ် မည်သို့ ဖြတ်ကျော်ခဲ့ပုံနှင့် ကြည့်ရှုနေကြသူများအနေဖြင့် ဤကာလအတွင်း ပိုမို သန္မာ၍ တည်တည်ငြိမ်ငြိမ် ရှေ့ဆက် လျှောက်လှမ်း နိုင်စေမည့် အကြောင်းအရာများအကြောင်း ၎င်းတို့၏ အတွေ့အကြုံများနှင့် ယှဉ်၍ မျှဝေဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးပွဲကို မတူညီသည့် အကြောင်းအရာ အသီးသီးဖြင့် ပြည်သူလူထုအတွက် အခမဲ့ ထုတ်လွှင့်တင်ဆက် ပေးခဲ့ပြီး စကားဝိုင်းတွင် ကြည့်ရှုနားထောင်သူ ပရိသတ်များမှလည်း ၎င်းတို့၏ အမြင်များ၊ မေးခွန်းများကို ဝင်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
AIA Myanmar အနေဖြင့် In The Loop အွန်လိုင်းဆွေးနွေးပွဲကို မတူညီသည့် ခေါင်းစဉ်များဖြင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်များ ၊တာဝန်ရှိသူများနှင့်အတူ စီးပွားရေးဆိုင်ရာ အခက် အခဲမ်ား၊ ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံများ၊ သင်ခန်းစာများ၊ စိန်ခေါ်မှုကို ဖြတ်ကျော် နိုင်ရန်အတွက် ဆောင်ရွက်သင့်သည့် ပြောင်းလဲမှုများ၊ ပြင် ဆင်မှုများ အကြောင်းကို ကိုယ်ပိုင်အတွေ့အကြုံများနှင့် ယှဉ်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
