မကြာမီပေါ်ထွက်လာမည့် Vivo V20 စမတ်ဖုန်းကို ပေါ့ပါးခေတ်ဆန်တဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး မိတ်ဆက်ပေးဖို့ အသင့်ဖြစ်နေပြီလို့လည်း သိရပါတယ်။
အသစ်မိတ်ဆက်မယ့် V20 စမတ်ဖုန်းက ချောမွေ့ ပြောင်လက်ပြီး ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းဖြစ်တာကြောင့် ပါးလွှာတဲ့ဒီဇိုင်းနဲ့ သက်တန့်ရောင်စဉ် တွေ စီထားသလို ပြီးပြည်စုံစွာပေါင်းစပ်ထားတဲ့ အရာတစ်ခုလို့လည်း ပြောနိုင်မှာပါ။
V20 စမတ်ဖုန်းဟာ vivo ရဲ့ ဆန်းသစ်တီထွင်ခဲ့တဲ့ ရှေ့ပြေးဒီဇိုင်းနမူနာတစ်ခုဖြစ်ပြီး Be the Focus Always ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စမတ်ဖုန်း မော်ဒယ်လ်အသစ်ကို မိတ်ဆက်သွားမှာလို့ သိရပါတယ်။
ဒီဇိုင်းပိုင်းအနေနဲ့ Dual Tone Step ဒီဇိုင်းမှာ အမြင်ဆန်းအောင် အနုပညာလက်ရာတွေ ထည့်ပေါင်းထားပြီး ရိုးရှင်း သေသပ်တဲ့ ကင်မရာတပ်ဆင်မှုအတွက် ကင်မရာတပ်ဆင်ထားတဲ့နေရာမှာ အလွှာနှစ်ခု ပါဝင် တာကေတာ့ တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
ပထမအလွှာထဲမှာ ဖလက်ရှ်မီးလုံးလေးရှိပြီး ဒုတိယ အလွှာထဲမှာတော့ ကင်မရာတွေရှိနေပါတယ်။ ဒီလိုမျိုး ပြန်လည်ဆန်းသစ်တပ်ဆင်ထားတဲ့ V20 ရဲ့ သွင်ပြင် လက္ခဏာတစ်ခုလုံးက ပုံမှန်ဖုန်းတွေရဲ့ ငြီးငွေ့ဖွယ်ရာပုံစံတွေကနေ ဖောက်ထွက်သွားဖို့အတွက် vivo က ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
အရောင်ပိုင်းကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ အရောင်လေးရောင်ပေါင်းစပ်ထားတဲ့ နေဝင်ချိန်တေးသွား ပုံစံ Sunset Melody ၊ လျို့ဝှက်ဆန်းကြယ်မှုနဲ့ ကြီးကျယ်ခမ်းနားမှုအငွေ့အသက်ကို ဖော်ထုတ်ပြသတဲ့ အနက်ရောင် Midnight Jazz ဆိုပြီး မှော်ဆန်ဆန် အရောင်နှစ်မျိုးနဲ့ ထွက်ပေါ်လာဖွယ်ရှိပါတယ် လို့လည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒီဇိုင်းပိုင်းကို အလေးပေးဆောင်ရွက်လေ့ရှိတဲ့ vivo ရဲ့ V20 ဒီဇိုင်းက ရိုးရှင်းသပ်ရပ်ပြီး၊ ခန့်ညားထည်ဝါတဲ့အပြင် ရောင်စဉ်တန်းတွေလို အမြင်ဆန်းစေပြီး၊ ချောမွေ့ကျစ်လျစ်တဲ့ ဖုန်းကိုယ်ထည်ဟာ လူငယ်မျိုးဆက်သစ်တွေအတွက် အထူးဂရုတစိုက် ရွေးချယ် ထုတ်လုပ်ထားပုံ ရပါတယ်။
V20 မှာ ဆန်းပြားလှတဲ့ ကင်မရာအစိတ်အပိုင်းအချို့ပါဝင်လာဖို့ မျှော်လင့်ထားပြီး အဲဒီ အစိတ်အပိုင်းတွေထဲမှာမှ စမတ်ဖုန်းလောကရဲ့ အကောင်းဆုံးဆိုတဲ့ Eye Autofocus Feature ဟာ အသုံးပြုသူတွေကို ထီထွင်ဖန်တီးနိုင်စွမ်းတွေပေးမယ့် ကမ္ဘာသစ်တစ်ခုဆီသို့ ခေါ်ဆောင်ပေးသွားဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
လုပ်ဆောင်ချက်အသစ်၊ ဒီဇိုင်းပုံစံအသစ်နဲ့ မိတ်ဆက်ပေးသွားမယ့် Vivo V20 ရဲ့ အချက်အလက်တစ်ချို့ကို ထုတ်ဖော်ပြသထားပေမယ့် ပြည်တွင်းမှာ ဘယ်တော့မိတ်ဆက်မယ်ဆိုတာကိုတော့ ခုထိ မသိရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *