အသားအေရ ထိန်းသိမ်းမှုအတွက် အလေ့အကျင့်ကောင်းများကို ရရှိစေရန် Beauty and Wellness Week ပွဲကို POND’S မွ ဦးဆောင်၍ အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပပေးမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါပွဲကို Stay Home ကာလအတွင်း အသားအရေထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်း ပေါ်ထွန်းလာစေရန်နှင့် ပိုမိုကောင်းမွန်သည့်နည်းပညာဖြင့်ထုတ်လုပ်ထားသော အသားအရေထိန်းသိမ်းမှုပစ္စည်းအသစ်များကို မိတ်ဆက်ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
“ဘဝမွာ ရှင်သန်အောင်မြင်ဖို့အတွက် အလှအပနဲ့ အသားအရေထိန်းသိမ်းခြင်းရဲ့ စွမ်းအားက အရေးပါကြောင်း POND’S က ယုံကြည်ပါတယ်။ အခုအသစ်မိတ်ဆက်လိုက်တဲ့ ဒီဇိုင်းသစ် ဖော်မြူလာအသစ်တွေနဲ့ဖန်တီးထားတဲ့ skincare ပစ္စည်းတွေဟာဆိုရင် ကျွန်မတို့ရဲ့ နှစ်ပေါင်း ၁၅၀ ကျော်ကြာ အစဉ်အလာရှိပြီးဖြစ်တဲ့ အလှအပသုတေသနတွေရဲ့ အသီးအပွင့်လို့ ပြောလို့ရပါတယ်။ မြန်မာအမျိုးသမီးတွေရဲ့ အသားအရေနဲ့ကိုက်ညီအောင် ဖန်တီးထားလို့ အသားအေရကို ဝင်းလက်စေပြီး အချိန်တိုင်းမှာ အလှဆုံးဖြစ်စေမှာပါ၊၊ အရင်ကထက် ထူးခြားသာလွန်ပြီး ဈေးနှုန်းလည်းသင့်တင့်တဲ့ ဒီ skincare line အသစ်ရဲ့ အသုံးပြုပုံနဲ့ ထူးခြားတဲ့အာနိသင်တွေကို လက်တွေ့မြင်နိုင်ဖို့အတွက် PONDS က beauty and wellness week ကို တွဲဖက်တင်ဆက်ပေးတာ ဖြစ်ပါတယ်” ဟု Unilever EAC Myanmar မွ ထုတ်ကုန်အမှတ်တံဆိပ် မန်နေဂျာ ဒေါ်ဖြူသင်းခိုင် က ပြောသည်။
အဆိုပါပွဲတွင် POND’s အမှတ်တံဆိပ်သံတမန်ဖြစ်သော နာမည်ကျော်ရုပ်ရှင်မင်းသမီးဖွေးဖွေး၊ နာမည်ကြီးအလှအပဘလော့ဂါ နေခြည်ဦး နှင့် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်တို့က Restart Monday၊ Glow Up Tuesday၊ Mindful Wednesday၊ Fun Day Thursday၊ TGIF ဟူသည့် နေ့ရက်အလိုက် မတူညီသော မိမိကိုယ်ကိုယ်ဂရုစိုက်ခြင်းနည်းလမ်းများကို ဝေမျှသွားမည်ဖြစ်ပြီး အိမ်တွင်နေစဉ်ပြုလုပ်နိုင်သည့် မိမိကိုယ်ကိုယ်ဂရုစိုက်ခြင်းနည်းလမ်းများ၊ အသားအရေထိန်းသိမ်းမှုဆိုင်ရာ အကြံဉာဏ်ကောင်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ စိတ်လှုပ်ရှားဖွယ် အွန်လိုင်းပရိုမိုးရှင်းနှင့် လက်ဆောင်ပေးခြင်း အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
POND’s အလှအပနှင့် ကျန်းမာရေး ရက်သတ္တပတ်တွင် ပိုမိုကောင်းမွန်သည့် ဖော်မြူလာ၊ ထုတ်ပိုးမှုအသစ်များဖြင့် ဖန်တီးထားသည့် ပစ္စည်းအသစ်ငါးမျိုးဖြစ်သော White Beauty မျက်နှာသစ်ဆပ်ပြာနှင့် White Beauty Skin Perfecting စူပါခရင်မ်၊ ဗီတာမင် Micellar Water မိတ်ကပ်ဖျက်ဆေးရည်၊ White Beauty 3-in-1 Super Essenceနှင့် Instabright Tone Up Milk Mask တို့ကို မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *