Stay at Home ကာလအတွင်း က်ရောက်မည့် သီတင်းကျွတ်ပွဲတော်အတွက် နာမည်ကျော်အဆိုတော် တင်ဇာမော် ပါဝင်သည့် High-Street Live Concert နှင့်အတူ ပျော်ရွှင်စရာ သီတင်းကျွတ်ပွဲတော်ကို MPT နှင့် Nine Planets Entertainment တို့ ပူးပေါင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်ကို မိမိတို့နေအိမ်မှာပင် နေထိုင်ရသော မြန်မာပြည်သူပြည်သားများကို စိတ်ကြည်နူး ပျော်ရွှင်ဖွယ်ရာများ၊ ရင်ခုန်စိတ်လှုပ်ရှားမှုများနှင့် စိတ်ခွန်အားမြှင့်တင်နိုင်ရန်အတွက် ထူးခြားကောင်းမွန်သော ဖျော်ဖြေရေးများနှင့် စိတ်အပန်းပြေစေလိုသော ရည်ရွယ်ချက်ဖြင့် High-Street Live Concert အဖြစ် စီစဉ်တင်ဆက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှအရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မွ ဒီနှစ် သီတင်းကျွတ်ကာလမှာ ကိုဗစ်-၁၉ ရောဂါ အခြေအနေတွေကြောင့် စိတ်ပင်ပန်းမှုတွေကို ခဏတာ ဖြေဖျောက်ဖို့ တေးသီချင်း တွေကနေတစ်ဆင့် မြန်မာပြည်တစ်ဝန်းလုံးမှာရှိတဲ့ ပြည်သူလူထု၊ လူမှုအသိုက်အဝန်း အားလုံးကို အတူတကြ စုစည်းကာ စိတ်ပျော်ရွင်မှုနဲ့အကောင်းမြင်စိတ်တွေနဲ့အတူ ချစ်ခင်ရင်းနှီးစွာ အတူတူ ဖြတ်သန်းနိုင်အောင် ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ လုပ်ဆောင်ပေးချင်ပါတယ်။ ကျွန်တော်တို့ MPT အနေနဲ့ အစဉ်အမြဲတန်ဖိုးထားရတဲ့သုံးစွဲသူတွေကို စိတ်အပန်းပြေစေတဲ့ စစ်မှန်တဲ့ဖျော်ဖြေမှု၊ သုံးစွဲမှုအတွေ့အကြုံကောင်း တွေကို ပေးနိုင်ဖို့ ရည်ရွယ်ပြီး Nine Planets Entertainment နဲ့အတူ ပူးပေါင်းကာ အွန်လိုင်းကနေ တိုက်ရိုက် Live ဖျော်ဖြေပွဲကို စီစဉ်တင်ဆက် ပေးသွားမှာပဲ ဖြစ်ပါတယ်။ MPT ရဲ့ မြန်နှုန်းမြင့် 3G/ LTE+ ကွန်ရက်ကတစ်ဆင့် ဒီဂျစ်တယ်ဖျော်ဖြေမှုတွေ၊ အထူးသဖြင့် တေးဂီတဖျော်ဖြေမှုတွေက အိမ်မှာနေရတဲ့ သီတင်းကျွတ် အခါသမယမွာ သုံးစွဲသူတွေရဲ့ စိတ္ကို အပန်းပြေစေမယ်၊ စိတ်ပျော်ရွှင်မှုနဲ့ အမှတ်တရကောင်းတွေ ဖန်တီးပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ် ဟု ပြောကြားခဲ့သည်။
High-Street Live Concert ပွဲအတွက် မြန်မာနိုင်ငံ ၏ နာမည်ကျော် အနုပညာရှင်များဖြစ်သည့် အဆိုတော် တင်ဇာမော်၊ ဖြိုးပြည့်စုံနှင့် ဂျူဝယ်တို့မှ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ပြီး အောက်တိုဘာလ (၂၉) ရက်၊ ည(၈)နာရီမွ (၁၀) နာရီအထိ MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ www.facebook.com/mptofficial နှင့် High Street Live Concert ၏ ဖေ့စ်ဘုတ်ခ်စာမျက်နှာ https://www.facebook.com/Highstreetliveconcert မ်ားမွ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *