အရှေ့တောင်အာရှရှိ Instagram ခရီးသွားများအား @Visit_Singapore ၏ Instagram တွင်သာ ရရှိနိုင်မည့် သီးသန့်ဖန်တီးထားသော “TravelThrowback” Instagram Effect ကို အသုံးပြု၍ ၎င်းတို့၏ ဓာတ်ပုံစုစည်းမှုများထဲမှ နှစ်သက်ရာ ခရီးသွားအမှတ်တရပုံများကို ဝေမျှပေးရန် ဖိတ်ခေါ်ထားသည်။ ဤ Instagram Effect အသုံးပြုသူများသည် ၎င်းတို့သွားရောက်လည်ပတ်ခဲ့ကြသည့် အရှေ့တောင်အာရှဒေသများမှ အမှတ်တရများကို ဝေမျှနိုင်ပြီး ၎င်းတို့၏ မိသားစုနှင့် သူငယ်ချင်းမိတ်ဆွေများကိုလည်း အလားတူ ခရီးသွားခဲ့သည့် အမှတ်တရများကို ပြန်လည်ဝေမျှရန် tag ပြုလုပ်ခြင်းဖြင့် ဖိတ်ခေါ်နိုင်ပါသည်။

အရှေ့တောင်အာရှကို ခရီးသွားများ စိတ်ဝင်စားလာရေးအတွက် STB သည် အရှေ့တောင်အာရှနိုင်ငံအသီးသီးရှိ ဒေသဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူပူးပေါင်း၍ အခြားသောခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးသူများနှင့် သက်ဆိုင်သူများကိုလည်း ဤကမ်ပိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာရန် လက်တွဲကြိုဆိုသွားမည်။

“ယခုအစီအစဉ်ဟာ အရှေ့တောင်အာရှမှာ နေထိုင်သူ၊ အလုပ်လုပ်ကိုင်သူ၊ လည်ပတ်ပျော်ပါးသူတွေ အားလုံးရဲ့ စုပေါင်းအားထုတ်မှုတစ်ခုပါပဲ။ ဒေသတွင်းခရီးသွားလာရေးတွေပြန်လည်လည်ပတ်လာဖို့အတွက် အထောက် အကူပြုမယ့် အသံတစ်သံပဲဖြစ်ပါတယ်။ #TravelThrowback အစီအစဉ်လေးက အရှေ့တောင်အာရှ အတွင်း ခရီးသွားလာရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အားပေးတဲ့ ပထမဦးဆုံး ခြေလှမ်းတွေကို လှမ်းနေပါတယ်။” ဟု Mr. Conceicao က ဖြည့်စွက်ပြောကြားပါသည်။

TRAVELTHROWBACK ကမ်ပိန်းအစီအစဉ်တွင် ပါဝင်ရန်အတွက်

၁။ @Visit_Singapore ၏ Instagram Page ကို သွားပါ။
၂။ Browse Effects သင်္ကေတ (IGTV သင်္ကေတဘေးတွင် ရှိသည်) ကို နှိပ်ပြီး #TravelThrowback Instagram Effects ကို download လုပ်ပါ။
၃။ အသုံးပြုသူများက #TravelThrowback Instagram Effects မှ throwback ကို အရှေ့တောင်အာရှရှိ နိုင်ငံ (၁၀) နိုင်ငံအထိ ရွေးချယ်နိုင်သည်။ ဘရူနိုင်း၊ ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံများ၏ Effect များ ပါဝင်သည်။
၄။ ကိုယ်ပိုင် Instagram account ကို သွားပါ။
၅။ Instagram stories ကို ဖွင့်ပြီး download လုပ်ခဲ့ပြီးသော #TravelThrowback Instagram Effects ကို ရွေးချယ်ပါ။
၆။ အကယ်၍ စင်ကာပူနိုင်ငံကို throwback အနေနှင့် share မည်ဆိုပါက ကျေးဇူးပြု၍ @Visit_Singapore ကို tag ပေးပါ။
၇။ throwback ခရီးသွားဓာတ်ပုံကိုထည့်ပြီး နေရာကို tag လုပ်ကာ #TravelThrowback hashtag လေးလုပ်ပေးပါ။
၈။ သူငယ်ချင်း သုံးယောက် နှင့်အထက်၊ ပရိသတ်များ၊ မိသားစုများကို tag ပြီး သူတို့၏ ခရီးသွား throwback အမှတ်တရများကို မျှဝေဖို့အတွက် challenge ခေါ်လိုက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *