Mega Lifesciencesမှထိပ်တန်းသံဓာတ်အားဖြည့်ဆေး အမှတ်တံဆိပ်ဖြစ်သည့်Ferrovit Myanmar သည်ထောင်ပေါင်းများစွာသောFerrovit ဆေးဗူးများကို နာမည်ကျော်အနုပညာစုံတွဲဖြစ်သည့်ချစ်သုဝေနှင့်လင်းလင်းတို့ထူထောင်ထားသည့်ခေတ်သစ်ဖောင်ဒေးရှင်းသို့လှူဒါန်းလိုက်ကြောင်းယနေ့ထုတ်ပြန်ကြေငြာသည်။

Ferrovit Myanmar သည် ဆေးဗူးပေါင်း (၃,၀၀၀)အား ခေတ်သစ်ဖောင်ဒေးရှင်းမှတဆင့် ဗဟိုကျန်းမာရေး ဓာတ်ခွဲဌာန၊Covid-19 ကို ရှေ့တန်းမှကာကွယ်ကုသပေးနေသော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများနှင့်Clean Yangon ပရဟိတအဖွဲ့မှ ကူညီပေးနေသော ဆင်းရဲနွမ်းပါးပြည်သူ များအားလည်းကောင်း စသည်ဖြင့် လိုအပ်သောသူများအားလုံးကို ထောက်ပံ့ပေးသွားရန်ရည်ရွယ်ကာ လှူဒါန်းကြောင်း သိရှိရသည်။

ယခုအချိန်အခါမှာပြည်သူတို့၏ ကိုယ်ခံစွမ်းအားကောင်းနေစေဖို့ရန်ကိုယ်တွင်းသွေးပမာဏကောင်းမွန်ပြီးမိမိကိုယ်ကိုဗိုင်းရပ်စ်ကူးစပ်မှုမှ ကာကွယ်နိုင်ရန်အတွက်အရေးကြီးသောအချိန်ဖြစ် ပါသည်။သံဓာတ်သည် သွေးတွင်းအောက်ဆီဂျင်ကိုသယ်ဆောင်ပေးသည့်အဓိက အခန်းကဏ္ဍမှ ပါဝင် သောကြောင့်လူတိုင်းအတွက် အလွန်အရေးကြီးပါသည်။သံဓတ်ချို့တဲံခြင်းကြောင့်ဖြစ်ပေါ်သော သွေးအားနည်းရောဂါသည်မြန်မာနိုင်ငံရှိအမျိုးသား၊အမျိုးသမီးများအကြားပုံမှန်အဖြစ်များသောသွေးအားနည်းရောဂါဖြစ်ပါသည်။ကမ္ဘာပေါ်တွင်လူ၁၀ယောက်တွင်၄ယောက်သည်သွေးအားနည်း ရောဂါခံစားနေရပါသည်။ထို့ကြောင့်Ferrovitကိုသောက်သုံးခြင်းအားဖြင့်သွေးပမာဏကိုဖြည့်တင်းပေးနိုင်ပြီးကိုယ်ခံစွမ်းအားကိုလည်းမြှင့်တင်ရန် အထောက်အကူပြုပါသည်။

ဆက်လက်ပြီး Mega Lifesciences Limitedမှ Ferrovitအမှတ်တံဆိပ်၏ သံတမန်ဖြစ်သူ သရုပ်ဆောင်ချစ်သုဝေ၏ ခေတ်သစ်ဖောင်ဒေးရှင်းမှတဆင့် Covid-19 ကာလအတွင်း ရန်ကုန်မြို့ နေရာဒေသအသီးသီးရှိ ဆင်ရဲနွမ်းပါးပြည်သူများကို ရက်ရက်ရောရော ထောက်ပံ့ကူညီပေး နေသောကြောင့် သူမ၏ ဖောင်ဒေးရှင်းမှတဆင့်လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားသည်။

“Covid-19ကာလအတွင်း တိုက်ဖျက်ရေးဆက်လက်လုပ်ဆောင်နေချိန်မှာ ကျွန်မတို့ဖောင်ဒေးရှင်း ကနေ ရန်ကုန်မြို့ နေရာဒေသအသီးသီးက ဆေးရုံတွေ၊ အိမ်ထောင်စုတွေနဲ့ လိုအပ်နေသူတွေအတွက် အထူးသဖြင့်အခုလိုအကျပ်အတည်းကာလမှာ ပြည်သူတို့ရဲ့ကျန်းမာရေးနဲ့ စားဝတ်နေရေး အဆင်ပြေဖို့ အဓိကလိုအပ်ချက်တွေဖြစ်တဲ့ ဆေးဝါးတွေ၊ အစားအစာတွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ ပေးနေပါတယ်။ အခုလိုလိုအပ်ချက်ရှိနေစဉ်ကာလမှာ ကျွန်မတို့ဖောင်ဒေးရှင်းကနေတဆင့် ကူညီ ထောက်ပံ့ပေးတဲ့အတွက် Mega Lifesciences ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်”ဟု ချစ်သုဝေက ပြောကြားသည်။

သွေးအားနည်းရောဂါသည်အမျိုးသမီးများကြားအဓိကဖြစ်ပွားကာအသက်အရွယ်မရွေးဖြစ်ပေါ် သည့်ကျန်းမာရေးပြဿနာဖြစ်ပြီးမောပန်းနွမ်းနယ်ခြင်း၊ခေါင်းမူးခြင်း၊အားအင်ကုန်ခမ်းခြင်းနှင့်အသက်ရှူ မဝခြင်း စသည့်လက္ခဏာာများခံစားရပါသည်။

Ferrovit Myanmar အကြောင်းနှင့် လှုပ်ရှားမှုများကို ပိုမိုသိရှိလိုပါကFacebook စာမျက်နှာဖြစ်သော www.facebook.com/ferrovitmyanmar/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *