အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် အားကစားလှုပ်ရှားမှုတွေ ရပ်တန့်ထားရချိန်မှာ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship က မျက်နှာသစ်ကစားသမားတွေနဲ့ စာချုပ်ချုပ်ဆိုမှုတွေ ဆက် တိုက်ဆိုသလို ပြုလုပ်လျက်ရှိပါတယ်။ COVID-19 ကြောင့် စင်ကာပူအခြေစိုက် အာရှအကြီးဆုံး မီဒီယာအဖွဲ့အစည်းကြီးဟာ မတ်လက စလို့ ပြိုင်ပွဲတွေကျင်းပနိုင်ခြင်း မရှိတော့ပါဘူး။ ဒါပေမဲ့လည်း ကိုယ်ခံပညာရပ်မျိုးစုံက စွမ်းဆောင်ရည်မြင့်မားတဲ့ အားကစားသမားတွေကို စာချုပ်ချုပ်ဆိုထားပြီး ကမ္ဘာ့စင်မြင့်ထက် အစွမ်းအစဖော်ထုတ်ခွင့်ပြုဖို့ စီစဉ်ထားပါတယ်။ COVID-19 ကာလအတွင်း ONE Championship အနေနဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ၊ မွေထိုင်း၊ Kickboxing အားကစားနည်းတွေမှာ ထိပ်တန်းအဆင့်ရှိတဲ့ အားကစားသ မား ၁၄ ဦးနဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။
ဒါကြောင့် ယခုနှစ်အတွင်း ကမ္ဘာ့စင်မြင့်ထက် အစွမ်းပြခွင့်ရလာတော့မယ့် ONE Championship မျက်နှာသစ်ကစားသမား (၁၄) ဦးရဲ့အ ကြောင်းကို ဒုတိယပိုင်းအနေနဲ့ ဖော်ပြလိုက်ပါတယ်။
Shamil Abdulaev
အသက် ၂၉ နှစ်အရွယ် ရုရှားအားကစားသမား Shamil Abdulaev ဟာ မစ်ဒယ်ဝိတ်တန်းမှာ ယှဉ်ပြိုင်နေသူဖြစ်ပြီး လက်သီးထိုးချက် တွေက ပြင်းထန်အားပါသလို ၁၂ ပွဲနိုင်၊ ၁ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။ ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ဖြစ်ဖူးတဲ့ ၎င်းရဲ့နိုင်ပွဲ ၁၂ ပွဲအနက် ၆ ပွဲက အလဲထိုး၊ ၁ ပွဲက ချုပ်ကွက်နဲ့ အနိုင်ရခဲ့တာပါ။
Anatoly Malykhin
မြေပြင်ချုပ်ကွက်ထူးချွန်တဲ့ အသက် ၃၂ နှစ်အရွယ် ရုရှားအားကစားသမား Anatoly Malykhin ဟာ 2017 WMMAA အပျော်တမ်း ကမ္ဘာ့ချန်ပီယံဆုရှင်ဖြစ်ပြီး ဟဲဗီးဝိတ်တန်းမှာ ယှဉ်ပြိုင်နေသူဖြစ်ပါတယ်။ ၎င်းဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၈ ပွဲစလုံး အနိုင်ရ ထားပြီး အမှတ်နဲ့အနိုင်တာ တစ်ပွဲမရှိတာက ထူးခြားပါတယ်။
Mihajlo Kecojevic
ဆားဘီးယားအားကစားသမား Mihajlo Kecojevic ဟာ ONE Super Series Kickboxing လိုက်ဟဲဗီးဝိတ်တန်းမှာ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ပြီး The FEA ဟဲဗီးဝိတ်ဂရင်းပရီ ချန်ပီယံခါးပတ်ပိုင်ရှင်ဖြစ်ပါတယ်။ ၁၃ ပွဲနိုင်၊ ၁ ပွဲရှုံးထားတဲ့ Kecojevic ဟာ တိုက်စစ်နဲ့သာ ထိုးသတ်တတ်သူဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုအပြည့်ရှိသူပါ။
Murat Aygun
နယ်သာလန်-တူရကီ အားကစားသမား Murat “The Butcher” Aygun ဟာ Kickboxing သမားတစ်ယောက်ဖြစ်ကာ ၁၆ ပွဲနိုင်၊ ၁ ပွဲရှုံး မှတ်တမ်းပိုင်ဆိုင်ထားပြီး လိုက်ဟဲဗီးဝိတ်တန်းမှာ ထိုးသတ်သွားမှာဖြစ်ပါတယ်။ ISKA၊ WFL ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ၎င်းဟာ ONE ဖလိုင်းဝိတ်တန်း Kickboxing ကမ္ဘာ့ချန်ပီယံ နယ်သာလန်-မော်ရိုကိုအားကစားသမား Ilias Ennahachi ရဲ့နည်းပြဆရာ Said El Badaoui နဲ့အတူ လေ့ကျင့်နေသူပါ။
Jonathan Di Bella
ကနေဒါ Kickboxing အားကစားသမား Jonathan Di Bella ဟာ ငယ်ရွယ်နုပျိုတဲ့ ကမ္ဘာ့အကောင်းဆုံး Kickboxer တစ်ယောက်ဖြစ်ပါ တယ်။ ကနေဒါနဲ့ မြောက်အမေရိကတိုက်က ချန်ပီယံခါးပတ်များစွာကို ရယူနိုင်ခဲ့တဲ့ ၎င်းဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၁၀ ပွဲစ လုံးအနိုင်ရထားပြီး ONE စင်မြင့်ထက်မှာတော့ စတောဝိတ်တန်းကနေ ယှဉ်ပြိုင်သွားမှာပါ။
Captain Petchyindee Academy
Lumpinee Stadium၊ WPMF မွေထိုင်းကမ္ဘာ့ချန်ပီယံ Captain Petchyindee Academy ဟာ ONE Super Series မွေထိုင်း ဘန်တန်ဝိတ်တန်းမှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာပါ။ ၁၄၀ ပွဲနိုင်၊ ၄၀ ပွဲရှုံးထားတဲ့ ၎င်းဟာ “သတ်ရှစ်သတ်” ဘုရင်လို့ သတ်မှတ်ခံထားရပြီး အသင်းဖော်တွေဖြစ်တဲ့ Petchmorakot Petchyindee Academy နဲ့ Petchdam “The Baby Shark” Petchyindee Academy တို့လို ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင်ဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။
Jacob Smith
ဗြိတိန်မွေထိုင်းအားကစားသမား Jacob Smith ဟာ ကြိုးဝိုင်းထဲရောက်ရင် အကြောက်အလန့်မရှိ ယှဉ်ပြိုင်ထိုးသတ်လေ့ရှိပြီး ၁၀ ပွဲနိုင်၊ ၁ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။ ၎င်းဟာ ကမ္ဘာ့စင်မြင့်ထက် ဖလိုင်းဝိတ်တန်းကနေ ယှဉ်ပြိုင်သွားမှာပါ။