အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် အားကစားလှုပ်ရှားမှုတွေ ရပ်တန့်ထားရချိန်မှာ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship က မျက်နှာသစ်ကစားသမားတွေနဲ့ စာချုပ်ချုပ်ဆိုမှုတွေ ဆက် တိုက်ဆိုသလို ပြုလုပ်လျက်ရှိပါတယ်။ COVID-19 ကြောင့် စင်ကာပူအခြေစိုက် အာရှအကြီးဆုံး မီဒီယာအဖွဲ့အစည်းကြီးဟာ မတ်လက စလို့ ပြိုင်ပွဲတွေကျင်းပနိုင်ခြင်း မရှိတော့ပါဘူး။ ဒါပေမဲ့လည်း ကိုယ်ခံပညာရပ်မျိုးစုံက စွမ်းဆောင်ရည်မြင့်မားတဲ့ အားကစားသမားတွေကို စာချုပ်ချုပ်ဆိုထားပြီး ကမ္ဘာ့စင်မြင့်ထက် အစွမ်းအစဖော်ထုတ်ခွင့်ပြုဖို့ စီစဉ်ထားပါတယ်။ COVID-19 ကာလအတွင်း ONE Championship အနေနဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ၊ မွေထိုင်း၊ Kickboxing အားကစားနည်းတွေမှာ ထိပ်တန်းအဆင့်ရှိတဲ့ အားကစားသ မား ၁၄ ဦးနဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။ 

ဒါကြောင့် ယခုနှစ်အတွင်း ကမ္ဘာ့စင်မြင့်ထက် အစွမ်းပြခွင့်ရလာတော့မယ့် ONE Championship မျက်နှာသစ်ကစားသမား(၁၄)ဦးရဲ့အ ကြောင်းကို အပိုင်းနှစ်ပိုင်းခွဲ ဖော်ပြလိုက်ပါတယ်။ 

Hyeon Woo Ko

ဘူဆန်ဇာတိ Hyeon Woo Ko ဟာ တောင်ကိုရီးယားအခြေစိုက် Angel’s Fighting အပါအဝင် အခြားအားကစားအဖွဲ့အစည်းတွေမှာ ပါ ဝင်ယှဉ်ပြိုင်လျက်ရှိပြီး ၈ ပွဲနိုင်၊ ၁ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။ အသက် ၂၇ နှစ်အရွယ် ၎င်းဟာ ဖယ်သာဝိတ်တန်းမှာ ယှဉ်ပြိုင်သူ ဖြစ်ပြီး နောက်ဆုံး ၇ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။

Daniyal Zainalov

လိုက်ဟဲဗီးဝိတ်တန်းမှာယှဉ်ပြိုင်မယ့် ရုရှားအားကစားသမား Daniyal Zainalov ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၇ ပွဲစလုံး အ နိုင်ရထားတာကြောင့် လျှော့တွက်လို့မရနိုင်ပါဘူး။ နိုင်ပွဲ ၇ ပွဲအနက် အမှတ်နဲ့အနိုင်ရတာက ၁ ပွဲသာရှိပြီး ချုပ်ကွက်နဲ့ ၂ ပွဲ၊ လက်သီးထိုး ချက်တွေနဲ့အနိုင်ရတာက ၄ ပွဲအထိရှိခဲ့လို့ လက်ရှိ ONE လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ “မြန်မာ့စပါးအုံး” အောင်လအန်ဆန် အ တွက် ပြိုင်ဘက်ကောင်း ဖြစ်လာနိုင်ပါတယ်။ 

Hyun Man Myung

လိုက်ဟဲဗီးဝိတ်တန်းအတွက် ထပ်မံခေါ်ယူလိုက်တဲ့ နောက်ထပ်တောင်ကိုရီးယားအားကစားသမားကတော့ Hyun Man “The Iron Gentleman” Myung ဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် ၎င်းဟာ Max FC Kickboxing ဟဲဗီးဝိတ်တန်း ချန်ပီယံဖြစ်ကာ ၅၅ ပွဲနိုင်၊ ၅ ပွဲရှုံး ထားပါတယ်။ ဒါ့အပြင် ၎င်းဟာ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားမှာလည်း ၅ ပွဲနိုင်၊ ၃ ပွဲရှုံးထားတာကြောင့် အားကစားနည်းနှစ်မျိုးစ လုံးအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသူပါ။ 

Courtney Martin

သြစတြေးလျအားကစားသမား Courtney Martin ဟာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း စင်ကာပူနိုင်ငံမှာပြုလုပ်တဲ့ 2019 GAMMA World Championship ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရခဲ့သလို အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုကိုပါ ရယူနိုင်ခဲ့တာကြောင့် အမေ ရိကန်ဒေါ်လာတစ်သိန်းတန် စာချုပ်ချုပ်ဆိုခွင့်ရခဲ့တာဖြစ်ပါတယ်။ အပျော်တမ်းကစားသမားဘဝမှာ ၈ ပွဲနိုင်၊ ၁ ပွဲရှုံးထားတဲ့ ၎င်းဟာ  ပ ရော်ဖက်ရှင်နယ်ကစားသမားဘဝ အမျိုးသမီး ဖလိုင်းဝိတ်တန်းအဖွင့်ပြိုင်ပွဲကို ယခုနှစ်အတွင်း ဆင်နွှဲခွင့်ရဖွယ်ရှိပါတယ်။ 

Edson Marques

NP Fight ဝယ်သာဝိတ်တန်းချန်ပီယံ ဘရာဇီးလ်အားကစားသမား Edson “Panico” Marques ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ ဝ ၉ ပွဲစလုံး အနိုင်ထိုးသတ်ထားတာကြောင့် ONE က စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ လက်ဝှေ့နဲ့ မွေထိုင်းကို ကျွမ်းကျွမ်းကျင်ကျင်ထိုး သတ်နိုင်တဲ့ အသက် ၃၁ နှစ်အရွယ် ၎င်းဟာ ONE Super Series ပြိုင်ပွဲမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ 

Muaina Manase

နယူးဇီလန်အားကစားသမား Muana Manase ဟာ 2019 GAMMA World Championship မစ်ဒယ်ဝိတ်တန်း အမျိုးသား ရွှေ တံ ဆိပ်ဆုရှင်၊ အကောင်း ဆုံး အမျိုးသားအားကစားသမားဆုကိုပါ တစ်ပြိုင်နက်ရယူနိုင်ပြီးနောက် ONE က ခေါ်ယူစာချုပ်ခဲ့တာဖြစ်ပါ တယ်။ အဆိုပါပြိုင်ပွဲရဲ့ဆီမီး ဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေမှာ ပြိုင်ဘက်တွေကို အလဲထိုးအနိုင်ယူခဲ့တဲ့ ၎င်းဟာ ကမ္ဘာ့စင်မြင့်ထက်မှာတော့ မစ် ဒယ်ဝိတ်တန်းကနေ ယှဉ်ပြိုင်သွားမှာပါ။

Hiroba Minowa

Shooto စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဂျပန်အားကစားသမား Hiroba Minowa ဟာ ပြိုင်ဘက်ဟောင်းဖြစ်သူ ONE စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Yosuke “The Ninja” Saruta ရဲ့ခြေရာအတိုင်း နင်းနိုင်ဖို့ ONE နဲ့ စာချုပ်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ၎င်းဟာ ၁၁ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *