အနုပညာဟာ လူသားတွေအပေါ် လွှမ်းမိုးဖမ်းစားနိုင်စွမ်းရှိပါတယ်။ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ စတဲ့ အနုပညာရပ်ပေါင်းစုံက လူသား တွေရဲ့စိတ်နှလုံးကို ငြိမ်းအေးစေသလို အနုပညာကွန့်မြူးချက်တွေကိုလိုက်ပြီး ထိတ်လန့်စရာ၊ ကြေကွဲဝမ်းနည်းစရာ၊ သာယာကြည်နူးစ ရာ၊ ဒေါသထွက်စရာ ရသပေါင်းစုံ ပေးစွမ်းနိုင်ပါတယ်။ ကဗျာတစ်ပုဒ်က လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲသွားစေနိုင်သလို ဇာတ် ကားတစ်ကားကလည်း စိတ်ဓာတ်ကျနေတဲ့သူကို စိတ်ခွန်အားပေးစွမ်းနိုင်ပါတယ်။ အနုပညာခံစားသူရဲ့ဈာန်ဝင်စားမှု၊ ဉာဏ်ပညာနဲ့ ခံ စားနိုင်မှုတွေက အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်လာနိုင်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship မှာ ပါဝင်ယှဉ်ပြိုင်လျက်ရှိတဲ့ မလေးရှားအား ကစားသမား Agilan “Alligator” Thani ဟာ ငယ်စဉ်က အဝလွန်သူတစ်ယောက်ဖြစ်ခဲ့ပြီး မိခင်ရဲ့စွန့်ပစ်မှုကိုတောင် ခံခဲ့ရပါတယ်။ ၎င်း ဟာ အဝလွန်သူဖြစ်တာကြောင့် အတန်းဖော်ကလေးငယ်တွေရဲ့အနိုင်ကျင့်ခြင်း၊ ကိုယ်ခန္ဓာအားနည်းချက်ကို နှိမ့်ချစော်ကားသူတွေနဲ့ ကြုံတွေ့ခဲ့ရသူပါ။ အဲဒီလိုဖြစ်ရပ်တွေကြောင့် သိမ်ငယ်စိတ်တွေဝင်နေတဲ့ Thani ဟာ စိတ်ခွန်အားပေးနိုင်တဲ့ ကမ္ဘာကျော်ရုပ်ရှင်ဇာတ် ကားတွေကြည့်ရှုခဲ့ပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကိုလည်း စနစ်တကျလေ့လာလိုက်စားခဲ့တာကြောင့် ကိုယ်အလေးချိန်ကျသွား သလို အားကစားသမားတစ်ယောက်အနေနဲ့လည်း ကမ္ဘာ့စင်မြင့်ထက် တောက်ကြွားခွင့်ရခဲ့ပါတယ်။ ဒါကြောင့် Thani ရဲ့စိတ်ကို အ ကောင်းဘက်က တွေးခေါ်လာနိုင်အောင် ဖန်တီးပေးခဲ့တဲ့ ၎င်းရဲ့ဘဝကိုလွှမ်းမိုးနိုင်တဲ့ ရုပ်ရှင်ဇာတ်ကား ၃ ကားကို ဖော်ပြလိုက်ပါတယ်။

Forrest Gump

၁၉၉၄ ခုနှစ်က ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ Forrest Gump ဇာတ်ကားဟာ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅၅ သန်းသာရှိပေမယ့်လည်း ၆၇၈ ဒသမ ၂ သန်းအထိ ဝင်ငွေရရှိခဲ့ပါတယ်။ အနုပညာအရရော၊ ဝင်ငွေအရပါ ဝက်ဝက်ကွဲအောင်မြင်တဲ့ အဆိုပါဇာတ်ကားကို အမေရိ ကန်ဒါရိုက်တာ Robert Zemeckis က ရိုက်ကူးပြီး နာမည်ကျော် အမေရိကန်သရုပ်ဆောင် Tom Hanks က Forrest Gump ဆိုတဲ့ အဓိ ကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Forrest Gump ဟာ ငယ်စဉ်ကတည်းက ကွေးနေတဲ့ကျောရိုးမကြီးကို ပြန် လည်ပြုပြင်နိုင်ရေးအတွက် ခြေထောက်နှစ်ဖက်ရဲ့အပြင်ဘက်မှာ သံမဏိချောင်းတွေထိန်းကွပ်ထားရပြီး လမ်းတောင်ကောင်းကောင်း မ လျှောက်နိုင်ပါဘူး။ ကျောင်းစတက်တဲ့နေ့မှာပဲ Jenny Curran ဆိုတဲ့ မိန်းကလေးနဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ခဲ့ပြီး သူမက Gump ဘက်ကနေ အားပေးစကားပြောလေ့ရှိပါတယ်။

ခန္ဓာကိုယ်အားနည်းချက်ကြောင့် ငယ်စဉ်ကတည်းက သူငယ်ချင်းတွေရဲ့အနိုင်ကျင့်စော်ကားမှုကိုခံခဲ့ရတဲ့ Gump ဟာ သူငယ်ချင်းတွေက စက်ဘီးနဲ့လိုက်တိုက်တာကို လွတ်အောင်ရှောင်ဖို့ပြေးလွှားရင်း ခြေထောက်ဘေးနားက ထိန်းကွပ်ထားတဲ့ သံချောင်းတွေပြုတ်ထွက်ကာ လူကောင်းတစ်ယောက်လို ပြေးနိုင်ရုံသာမက အပြေးချန်ပီယံတစ်ယောက်လို မြန်အောင်ပြေးနိုင်ခဲ့ပါတယ်။ အရွယ်ရောက်လာချိန်မှာ လည်း အနိုင်ကျင့်မှုခံရမှုတွေကရှိနေဆဲဖြစ်ပြီး အပြေးမြန်မှုကြောင့် အလာဘားမားတက္ကသိုလ်က အမေရိကန်ဖွတ်ဘောသင်ကြားဖို့ ပ ညာတော်သင်ဆုပေးကာ အောင်မြင်တဲ့အားကစားသမားတစ်ယောက် ဖြစ်လာပါတယ်။ ဒီနောက် စစ်တပ်ထဲဝင်၊ ပုစွန်ဖမ်းဆီးရောင်းဝယ် သူအဖြစ် လုပ်ကိုင်သလို ဗီယက်နမ်စစ်ပွဲဖြစ်ပွားချိန်မှာတော့ စစ်တပ်ထဲပြန်ဝင်ကာ မဲခေါင်ဒေသမှာ စစ်ဆင်ရေးဆင်နွှဲခဲ့ရပါတယ်။ ငယ် စဉ်က အနှိမ်ခံရသူဖြစ်ခဲ့ပြီး အမေရိကန်သမ္မတက ဂုဏ်ပြုဆုပေးရတဲ့အထိ စွမ်းဆောင်နိုင်ခဲ့တဲ့ Forrest Gump ဟာ စိတ်ဓာတ်ကျနေသူ တွေကို စိတ်ပျက်အားငယ်ခြင်းမရှိအောင် လှုံ့ဆော်မှုပေးနိုင်သလို သူ့လိုဖြစ်လာအောင် ကြိုးစားဖို့လည်း မက်ဆေ့ချ်ပေးထားတာပါ။

အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအပါအဝင် အကယ်ဒမီဆု ၆ ဆုရခဲ့ တဲ့ Forrest Gump ဇာတ်ကားကို ပထမဆုံးအကြိမ်ကြည့်စဉ်က ဘာမက်ဆေ့ချ်မှမရပေမယ့်လည်း အကြိမ်ကြိမ်အခါခါကြည့်တော့မှ ဒါ ရိုက်တာက ဘာပေးချင်သလဲဆိုတာကို သိလာရတယ်လို့ ၁၁ ပွဲနိုင်၊ ၄ ပွဲရှုံးမှတ်တမ်းပိုင်ဆိုင်ထားသူ အသက် ၂၄ နှစ်အရွယ် Thani က ဆိုပါတယ်။

“ဒီဇာတ်ကားကို ပထမဆုံးအကြိမ်စကြည့်တော့ ဘာမက်ဆေ့ချ်ပေးချင်တာလဲဆိုတာ သိဖို့ ခက်ခဲတယ်။ ကျွန်တော်က ငယ်သေးတာ ကိုး။ နောက်ပိုင်းကျတော့ ထပ်ခါတလဲလဲ ပြန်ကြည့်တဲ့အခါ ဒီဇာတ်ကားက ဘာပေးချင်သလဲဆိုတာ ကျွန်တော်အားလုံးသိခဲ့တယ်။ ဘာ တွေပဲဖြစ်ပါစေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပြီဆိုရင် အဆုံးတစ်နေ့မှာ အောင်မြင်မှုဆိုတာ ရောက်ရှိလာမှာပါ။ အဲဒါက ရိုးရှင်းပါ တယ်” လို့ ၎င်းက ပြောပါတယ်။

The Terminal

Steven Spielberg ရိုက်ကူးပြီး Tom Hanks ပဲ အဓိကဇာတ်ဆောင်နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ The Terminal ဇာတ်ကားဟာ ၂၀၀၄ ခုနှစ်က ဖြန့်ချိခဲ့တာဖြစ်ပြီး ဥရောပအရှေ့ပိုင်းနိုင်ငံတစ်ခုကနေ အမေရိကန်နိုင်ငံ ဂျွန်အက်ဖ်ကနေဒီလေဆိပ်အတွင်း ပိတ်မိနေသူ တစ်ယောက်အကြောင်း ရိုက်ကူးထားတာပါ။ Viktor Navorski ဟာ ဂျွန်အက်ဖ်ကနေဒီလေဆိပ်အတွင်းရှိနေစဉ် သူ့နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူလိုက်တာကြောင့် အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာနက ၎င်းရဲ့ပတ်စပို့နဲ့ လေယာဉ်လက်မှတ်ကိုသိမ်းဆည်းခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံထဲလည်း ဝင်ခွင့်မပေးသလို သူ့နိုင်ငံကိုလည်း ပြန်ခွင့်မပေးတာကြောင့် နိုင်ငံမဲ့တစ်ယောက်ဖြစ်သွားတဲ့ Navorski ဟာ ဂျွန်အက်ဖ်ကနေဒီလေဆိပ်ထဲမှာပဲ သောင်တင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စိတ်ပျက်အားငယ်ခြင်းမရှိဘဲ သူငယ်ချင်း ကောင်းတွေရှာဖွေပြီး ကြုံလာသမျှအခြေအနေတိုင်းကို အောင်မြင်စွာဖြေရှင်းနိုင်တဲ့ Navorski ရဲ့လုပ်ဆောင်မှုတွေက အတုယူစရာပဲလို့ Thani က ပြောပါတယ်။

Eddie The Eagle

၁၉၂၈ ကနေ ၁၉၈၈ အထိ အိုလံပစ်ပြိုင်ပွဲ နှင်းလျှောစီးပြိုင်ပွဲမှာ ဗြိတိန်တွေပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့တဲ့ဖြစ်ရပ်ကို ကနေဒါနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၁၉၈၈ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ချိုးဖျက်နိုင်ခဲ့တဲ့ နာမည်ကျော် ဗြိတိန်နှင်းလျှောစီးသမား Michael Edwards အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အားကစားရုပ်ရှင်ပါ။ Michael Edwards အဖြစ် ဝေးလ်စ်ရုပ်ရှင်မင်းသား Taron Egerton က ပါဝင်သရုပ်ဆောင်ထားပြီး အိုလံပစ်ပြိုင်ပွဲဝင်ရောက်ဆင်နွှဲနိုင်ဖို့ ငယ်စဉ်ကတည်းက ကြိုးစားရုန်းကန်ခဲ့ရပုံကို ရိုက်ကူးထား တာဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် Michael Edwards ဟာ အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ဆင်နွှဲခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် ရှုံးနိမ့်မှုတွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မိခင်ဖြစ်သူက ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သားဖြစ်သူဘက်က မားမားမတ်မတ်ရပ်တည်ပေမယ့်လည်း ဖ ခင်ကတော့ အားမပေးသလို တားမြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း Michael Edwards ဟာ အခက်အခဲ၊ အတားအဆီးပေါင်းစုံကိုကျော်ဖြတ်ပြီး ဗြိတိန်နိုင်ငံရဲ့နှင်းလျှောစီးစံချိန်ရှင်အဖြစ် ရပ် တည်နိုင်ခဲ့ပါတယ်။ Thani က ဘယ်လိုအခြေအနေမျိုးမှာဖြစ်စေ အရှုံးပေးထွက်ခွာသွားမှာမဟုတ်ဘဲ လုပ်နိုင်ပါတယ်လို့ ကိုယ့်ကိုယ် ကိုယ်အားပေးကာ ပန်းတိုင်အရောက် လျှောက်လှမ်းမယ်လို့ ဆိုပါတယ်။ တကယ်လို့ Michael Edwards သာ လမ်းတစ်ဝက်အရောက် မှာ လက်မြှောက်အရှုံးပေးခဲ့ရင် လက်ရှိဘဝကို ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူးလို့လည်း ၎င်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *