ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ဥက္ကဋ္ဌ Chatri Sityodtong ဟာ အရည်အ ချင်းအပြည့်အဝရှိတဲ့ မျိုးဆက်သစ် စွန့်ဦးစီးပွားရေးသမားတွေ ထွက်ပေါ်လာစေဖို့အတွက် The Apprentice: ONE Championship Edition ဆိုတဲ့ Reality Television Series ကို ယခုနှစ်အတွင်း ရိုက်ကူးထုတ်လွှင့်သွားဖို့ စီစဉ်ထားကြောင်း ပြောကြားထားပါတယ်။ အ ဆိုပါအစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်လိုတဲ့ စီးပွားရေးဝါသနာရှင် လူငယ်တွေအနေနဲ့ စာရင်းပေးသွင်းနိုင်ပြီး လက်ရှိအချိန်အထိ ကမ္ဘာတစ် လွှားကလျှောက်ထားသူ ထောင်နဲ့ချီရှိနေပါပြီ။ စိတ်ဝင်တစား လျှောက်ထားလာသူ ထောင်သောင်းချီထဲက ကနဦးအနေနဲ့ အသင့်တော် ဆုံး ၁၆ ဦးကို ဆန်ခါတင်ရွေးထုတ်သွားမှာဖြစ်ပြီး ကမ္ဘာကျော်ကုမ္ပဏီကြီးတွေကို ဦးစီးလုပ်ကိုင်နေတဲ့ ထိပ်တန်း CEO ၁၂ ဦး၊ စင်ကာပူ အခြေစိုက် ONE Championship က ကမ္ဘာ့ချန်ပီယံအားကစားသမားတွေ၊ အနုပညာရှင်တွေနဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေပါဝင်တဲ့ အကဲ ဖြတ်ဒိုင်အဖွဲ့က တစ်ဦးကိုသာရွေးချယ်ကာ Winner အဖြစ် ကြေညာပေးသွားမှာပါ။

Winner ဆုရှင်အနေနဲ့ စင်ကာပူက ONE Championship ရုံးချုပ်မှာ ကိုယ်ပိုင်အစွမ်းအစနဲ့ အောင်မြင်ထင်ရှားလာသူ Chatri နဲ့အတူ တစ်နှစ် အလုပ်အတူတွဲလုပ်ခွင့် ရရှိမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ကိုလည်း ရရှိမှာဖြစ်ပါတယ်။ အာရှတိုက်ရဲ့အကြီးမားဆုံး Reality Television Series ဖြစ်တဲ့ The Apprentice အစီအစဉ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်က ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး Winner ဖြစ်ဖို့အတွက် ဉာဏပိုင်းဆိုင်ရာမေးခွန်းတွေ၊ ကာယပိုင်းဆိုင်ရာ လက်တွေ့ရင်ဆိုင်ဖြေရှင်းရပုံတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်ရမှာ သေချာပါတယ်။ ဆန်ခါတင် ၁၆ ဦးစာရင်းထဲ ပါဝင်လာသူတွေဟာ ထိပ်တန်းစီးပွားရေးသမားတွေ၊ ကမ္ဘာ့ချန်ပီယံတွေ၊ နာမည်ကျော်ပုဂ္ဂိုလ်တွေထံကနေ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားပုံတွေ၊ ဘဝကို တည် တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းပုံတွေကို လေ့လာသင်ယူခွင့် ရနိုင်မှာပါ။

အကဲဖြတ် ဧည့်ဒိုင်လူကြီးအဖြစ် ပါဝင်ဆောင်ရွက်ပေးမယ့် CEO ၁၂ ဦးဟာ မိမိရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ စီးပွားရေးနယ်ပယ်မှာ နေရာတစ် ခု အခိုင်အမာရယူကာ အောင်မြင်တဲ့ဘဝခရီးလမ်းကို လျှောက်လှမ်းနေသူတွေဖြစ်ပါတယ်။ ၎င်းတို့လျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးလမ်းက ခက်ခဲကြမ်းတမ်းပြီး သာမန်လူတွေနဲ့မတူကွဲပြားအောင် စဉ်းစားတွေးခေါ်ပြီးမှ ဘယ်သူမှ မလုပ်ချင်တဲ့လုပ်ငန်းကို ပြတ်သားတဲ့စိတ်ဓာတ်၊ အားကျစရာ ဇဲနပဲ၊ အတုယူစရာ သည်းခံနိုင်စွမ်းတွေနဲ့ လုပ်ကိုင်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Chatri က The Apprentice အစီ အစဉ်မှာ ဒိုင်လူကြီးအဖြစ် ပါဝင်ဆောင်ရွက်မယ့် ထိပ်တန်း CEO တစ်ယောက်ကို ကြေညာခဲ့ပါတယ်။ သူကတော့ အသက် ၂၇ နှစ်အ ရွယ်သာရှိသေးတဲ့ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် Antiki Bose ပါပဲ။

Antiki Bose ဟာ နည်းပညာ၊ ကုန်သွယ်ရေး၊ ဖက်ရှင် စတဲ့ လုပ်ငန်းစုံလုပ်ကိုင်တဲ့ Zilingo ကုမ္ပဏီကို ပူးတွဲတည်ထောင်သူဖြစ်သလို CEO တာဝန်ကိုလည်း ထမ်းဆောင်လျက်ရှိပါတယ်။ Zilingo ကုမ္ပဏီကို အမေရိကန်အခြေစိုက် Sequoia Capital က ငွေကြေးထောက် ပံ့မှုတွေ ပြုလုပ်ပေးထားပြီး Antiki Bose က ထင်ရှားတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်လာအောင် အဓိကနေရာကနေ ဦးဆောင်ခဲ့တာဖြစ်ပါ တယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ ၎င်းရဲ့ပိုင်ဆိုင်မှုက အမေရိ ကန်ဒေါ်လာ သန်း ၉၇၀ ခန့်ရှိပြီး Zilingo ရုံးချုပ်ကို စင်ကာပူမှာ ဖွင့်လှစ်ထားပါတယ်။ Antiki Bose ဟာ အခြား အိန္ဒိယစီးပွားရေးလုပ် ဖော်ကိုင်ဖက် အိုင်တီပညာရှင် Dhruv Kapoor နဲ့အတူ Zilingo ကို တည်ထောင်စဉ်က ရင်းနှီးမြှုပ်နှံငွေက အမေရိကန်ဒေါ်လာ ၃၀၀၀၀ သာရှိပေမယ့်လည်း Sequoia Capital က နောင်တစ်ချိန်ကျရင် ထိပ်တန်းကုမ္ပဏီကြီးဖြစ်လာမယ်ဆိုတာသိလို့ ဒေါ်လာ သန်းနဲ့ချီ ပံ့ပိုး ပေးခဲ့ပါတယ်။

The Apprentice အစီအစဉ်မှာ Antiki Bose ပါဝင်လာမယ့်အပေါ် Chatri က “The Apprentice အစီအစဉ်မှာ ဧည့်ဒိုင်လူကြီးအဖြစ် ပါ ဝင်ဆောင်ရွက်ပေးမယ့် ကျွန်တော့်ရဲ့မိတ်ဆွေ Antiki Bose ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ သူမက ဖက်ရှင်နည်းပညာကုမ္ပဏီ Zilingo ကုမ္ပဏီကို ပူးတွဲတည်ထောင်သူဖြစ်သလို CEO တာဝန်ကိုလည်း ထမ်းဆောင်နေသူပါ။ အမေရိကန်ဒေါ်လာ သန်း ၉၇၀ ကြွယ်ဝ တဲ့ Antiki ဟာ အသက် ၂၇ နှစ်သာရှိသေးပြီး သမိုင်းတစ်လျှောက် အိန္ဒိယနိုင်ငံရဲ့အအောင်မြင်ဆုံးသော အမျိုးသမီး နည်းပညာစွန့်ဦးစီး ပွားရေးသမား ဖြစ်ပါတယ်။ Antiki ဟာ The Apprentice အစီအစဉ်မှာ Winner ဖြစ်ခွင့်ရဖို့ ကမ္ဘာတစ်လွှားကလျှောက်ထားကြတဲ့ ပြိုင်ပွဲ ဝင် ၁၆ ဦးကို အကဲဖြတ်ရွေးချယ်ရမယ့် CEO ၁၂ ဦးအနက် တစ်ဦးဖြစ်ပါတယ်။ Winner ဆုရရှိသူအနေနဲ့ ONE Championship မှာ ကျွန်တော်နဲ့ တစ်နှစ်တိတိ အလုပ်တွဲလုပ်ရမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ကိုလည်း ရရှိမှာပါ။ ပြိုင်ပွဲဝင် ၁၆ ယောက်အနေနဲ့ Antiki ဆီကနေ စီးပွားရေးပိုင်ဆိုင်ရာ အတွေ့အကြုံပေါင်းများစွာ လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ သူမက တီထွင်သူ၊ မြေစမ်းခရမ်း ပျိုးသူဖြစ်ပြီး အာရှတိုက်က အမျိုးသမီး စွန့်ဦးစီးပွားရေးသမားတွေထဲမှာ ရှေ့ဆောင်လမ်းပြလည်း ဖြစ်ပါတယ်။ Antiki ရဲ့ဘဝဖြတ်သန်း မှုတွေက အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့ အမျိုးသမီးထုအပေါ် လွှမ်းမိုးနိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်” လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *