ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ဟာ မကြာသေးခင်က ၎င်းတို့ကျင်းပလျက်ရှိ တဲ့ အားကစားနည်းအသီးသီး၊ ဝိတ်တန်းအသီးသီးအတွက် ကစားသမားတွေရဲ့အဆင့်သတ်မှတ်ချက်တွေကို ထုတ်ပြန်လိုက်ပါတယ်။ ဒါ ဟာ ၂၀၁၁ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ စင်ကာပူအခြေစိုက် ONE Championship ရဲ့သမိုင်းတစ်လျှောက် ပထမဆုံးထုတ်ပြန်မှု လည်း ဖြစ်ခဲ့ပါတယ်။ အခြားသော အားကစားအဖွဲ့အစည်းအသီးသီးမှာဆိုရင်လည်း ဝိတ်တန်းအသီးသီးအတွက် ကစားသမားအဆင့် သတ်မှတ်ချက်တွေက ရှိပါတယ်။ ကစားသမားအဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်လိုက်တဲ့အတွက် ချန်ပီယံကစားသမားကို စိန်ခေါ်ထိုး သတ်ခွင့်ရနိုင်သူတွေရဲ့အနေအထားကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ပါတယ်။

အာရှအကြီးဆုံး အားကစားမီဒီယာအဖွဲ့အစည်းလည်းဖြစ်တဲ့ ONE Championship အနေနဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ၊ မွေထိုင်း၊ Kickboxing စတဲ့ အားကစားနည်းအသီးသီးရဲ့ဝိတ်တန်းအလိုက် အဆင့်သတ်မှတ်ချက်တွေကို ထုတ်ပြန်ရာမှာ ကမ္ဘာ့ချန်ပီယံကို စိန်ခေါ် နိုင်တဲ့ ကစားသမား ၅ ဦးကို အဆင့် ၁ ကနေ ၅ အထိ သတ်မှတ်ထားပါတယ်။ အဆင့် ၁ ကစားသမားက ကမ္ဘာ့ချန်ပီယံနဲ့ စိန်ခေါ်ထိုး သတ်ခွင့်ရမယ့်သူလို့ အကြမ်းဖျင်းယူဆနိုင်ပြီး အခြားကစားသမားတွေအနေနဲ့လည်း စိန်ခေါ်သူအဆင့် ၁ နေရာကို ရောက်ရှိလာနိုင်ရေး အတွက် အားစိုက်ကြိုးပမ်းရမှာပါ။ အဆင့် ၁ ကနေ ၅ အတွင်း မရောက်သေးတဲ့ ကစားသမားတွေအနေနဲ့လည်း စိတ်ပျက်ဖို့မလိုဘဲ စွမ်း ဆောင်ရည်ကောင်းပြသပြီး နိုင်ပွဲတွေရယူနိုင်ခဲ့ရင် စိန်ခေါ်သူစာရင်းထဲ ရောက်ရှိလာမှာ သေချာပါတယ်။

ဖယ်သာဝိတ်တန်းမှာ ယှဉ်ပြိုင်လျက်ရှိတဲ့ မြန်မာအားကစားသမား “ဘူရှီးဒိုး” ဖိုးသော်က ONE Championship က ထုတ်ပြန်လိုက်တဲ့ အ ဆင့်သတ်မှတ်ချက်အတွင်း ပါဝင်မလာသေးပေမယ့်လည်း စိတ်မပျက်ဘဲ ဆက်လက်ကြိုးစားသွားမယ်လို့ ပြောပါတယ်။ Team PT အ သင်းကို တည်ထောင်ထားတဲ့ဖိုးသော်ဟာ မြန်မာ့ရိုးရာလက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်ပြီး ONE Championship နဲ့အတူ ၂၀၁၅ ခုနှစ်ကလက်တွဲကာ ၈ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံက ဗီယက်နမ်-သြစ တြေးလျအားကစားသမား Martin “The Situ-Asian” Nguyen ဖြစ်ပြီး ၎င်းကိုစိန်ခေါ်နိုင်သူစာရင်းထဲ နံပါတ် ၁ နေရာမှာရှိနေသူက လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူအားကစားသမား Christian “The Warrior” Lee ဖြစ်ပါတယ်။ အခြား ကစားသမားတွေက လည်း စွမ်းဆောင်ရည်ကောင်းကို ပိုင်ဆိုင်ထားသူတွေဖြစ်တာကြောင့် ဖယ်သာဝိတ်တန်းပြိုင်ဘက်တွေအကြောင်း ဖိုးသော်ရဲ့အမြင်နဲ့ သုံးသပ်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Martin Nguyen

သူကတော့ အခုလက်ရှိ ဖယ်သာဝိတ်တန်းရဲ့အကောင်းဆုံးဆိုတာ ငြင်းလို့မရပါဘူး။ Martin Nguyen က လိုက်ဝိတ်တန်းမှာလည်း ခါး ပတ်ရဖူးပြီး ဘန်တန်ဝိတ်တန်းအထိ ဆင်းပြီးတော့လည်း ချန်ပီယံ Bibiano Fernandes ကို စိန်ခေါ်ခဲ့ဖူးသူတစ်ယောက်ပါ။ ကစားတာ တည်ငြိမ်ပြီးတော့ နည်းစနစ်လည်း အရမ်းကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။ လျင်မြန်ပြီး ကြံ့ခိုင်မှုလည်း ပြည့်ဝတယ်။ အတွေ့အ ကြုံနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း ပြောစရာမလိုပါဘူး။ ဉာဏ်ကောင်းပြီး ပညာသားပြည့်ဝတဲ့ ကစားသမားတစ်ယောက်ပါ။

၂။ Koyomi Matsushima

Koyomi Matsushima က Kyokushin နဲ့ နပမ်းကစားသမားဖြစ်ပြီးတော့ မတ်တပ်ရပ်တိုက်ခိုက်ရတဲ့ Kyokushin ထက်စာရင် နပမ်းပိုင်းကို ပိုအား သန်တယ်လို့ မြင်တယ်။ Kyokushin ကစားသမားတွေက ကြံ့ခိုင်မှုကောင်းသလို နည်းစနစ်ပိုင်းလည်း ကောင်းတယ်။ MMA မှာ နပမ်းနဲ့ တွဲပြီး ကစားတယ်ဆိုကတည်းက သူတို့ရဲ့ကျွမ်းကျင်မှုပိုင်းနဲ့ ကြံ့ခိုင်မှုပိုင်းက လျှော့တွက်လို့မရဘူး။ အန္တရာယ်ပေးနိုင်တဲ့ ကစားသမား တစ်ယောက်ပါ။ ကမ္ဘာ့ချန်ပီယံကို စိန်ခေါ်ထားနိုင်သူတစ်ယောက်ဖြစ်လို့လည်း နံပါတ် ၂ နေရာမှာရှိနေတာဖြစ်ပြီး အဲဒီနေရာနဲ့ ထိုက်တန် ပါတယ်။

၃။ Thanh Le

သူက တိုက်ကွမ်ဒိုပရိုကစားသမားတစ်ယောက်ဖြစ်ပြီး မြေပြင်ချုပ်ကွက်ပိုင်းရော၊ မတ်တပ်ရပ်တိုက်ခိုက်မှုပိုင်းမှာပါ အကောင်းဆုံးကစား နိုင်သူတစ်ယောက်ပါ။ ဒါပေမဲ့ မတ်တပ်ရပ်ယှဉ်ပြိုင်တဲ့အပိုင်းကို ပိုအားသန်တာတွေ့ရတယ်။ သူရှုံးခဲ့တဲ့ပွဲတွေကလည်း အစပိုင်းမှာရှုံးခဲ့ တဲ့ ၂ ပွဲပဲရှိတယ်။ ONE Championship မှာ ဆက်တိုက်ဆိုသလို အလဲထိုးနိုင်ပွဲတွေချည်းပဲရထားတယ်။ ပြိုင်ပွဲအတွေ့အကြုံက ONE Championship နဲ့ မပူးပေါင်းခင်ကတည်းက ရှိနေပြီးသားပါ။ ပြင်းထန်တဲ့ထိုးချက်ကန်ချက်တွေနဲ့ ရက်စက်ကြမ်းကြုတ်မှုအပြည့်ရှိတဲ့ တိုက်စစ်အားသန် ကစားသမားတစ်ယောက်ဖြစ်တယ်။ Thanh Le က ချန်ပီယံဖြစ်ဖို့ အလားအလာရှိတဲ့ ကစားသမားတစ်ယောက်ပါ။

၄။ Tetsuya Yamada

Tiger Muay Thai မှာ လေ့ကျင့်နေတဲ့ Yamada က အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ Tiger Muay Thai ဆိုတာ UFC ကစားသမားတွေအထိ လေ့ကျင့်ပေးနေတဲ့ အောင်မြင်တဲ့ Gym တစ်ခုဖြစ်လို့ အဲဒီက ကစားသမားတွေရဲ့ကျွမ်းကျင်မှုပိုင်းကို ခန့်မှန်း ကြည့်လို့ရပါတယ်။ Yamada က မြေပြင်ချုပ်ကွက်နဲ့ မတ်တပ်ရပ်တိုက်ခိုက်မှုပိုင်းကို နှစ်မျိုးစလုံး ချိန်ညှိကစားနိုင်သူလို့ မြင်ပါတယ်။ ဂျူ ဂျစ်ဆုကစားတာကျွမ်းကျင်ပြီး ဖယ်သာဝိတ်တန်းမှာ အလုံးအထည်၊ အရပ်အမောင်းကောင်းသလို သန်မာတဲ့ကစားသမားမျိုးပါ။ ONE Championship မှာ ပွဲနည်းနည်းဝေးနေပေမယ့်လည်း လျှော့မတွက်သင့်ပါဘူး။

၅။ Garry Tonon

သူ့အကြောင်းတော့ သေသေချာချာ မလေ့လာရသေးပေမယ့်လည်း ထိပ်တန်းကစားသမားပါ။ ဘာဖြစ်လို့လဲဆိုတော့ Tonon က ဂျူဂျစ် ဆု ကမ္ဘာ့ချန်ပီယံဆုကို အကြိမ်များစွာ ရယူထားသူဖြစ်လို့ပါပဲ။ BJJ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ဆိုတာ ပြိုင်ဘက်ကောင်းများစွာကို ကျော်ဖြတ်ရ တာဖြစ်လို့ သူ့ကို ထိပ်တန်းစိန်ခေါ်သူ အဆင့် ၅ နေရာသတ်မှတ်ပေးတာက မမှားနိုင်ဘူးလို့ ကျွန်တော်မြင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *