နယ်သာလန်အားကစားသမား Pieter “The Archangel” Buist ဟာ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အ စည်း ONE Championship လိုက်ဝိတ်တန်းမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ၂၀၁၉ ခုနှစ်ကစလို့ ရပ်တန့်လို့မရနိုင်သူအဖြစ် ရပ်တည်နေပါ တယ်။ အသက် ၃၂ နှစ်အရွယ် ၎င်းဟာ စင်ကာပူအခြေစိုက် ONE Championship အဖွင့် ၃ ပွဲဆက်တိုက်အနိုင်ယူကာ အရည်အချင်းရှိ သူတစ်ဦးဆိုတာ သက်သေပြနိုင်ခဲ့ပြီးနောက် လိုက်ဝိတ်တန်း အဆင့်သတ်မှတ်ချက်မှာတော့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်. Combat Brothers အသင်းသား Buist ဟာ ၂၀၁၉ ခုနှစ်၊ မေလအတွင်းပြုလုပ်တဲ့ ONE: WARRIORS OF LIGHT ပြိုင်ပွဲမှာ ပထမဆုံး ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ဂျပန်အားကစားသမား Kota “Kong” Shimoishi ကို ဒုတိယအချီမှာပဲ ပြိုင်ဘက်ရဲ့ခေါင်းကို ဒူးတိုက်ချက်သုံးကာ ဒိုင် ပွဲရပ် အနိုင်ရခဲ့ပါတယ်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာမှာ ကစားသမားဘဝ ၇ ပွဲဆက်တိုက်အနိုင်ယူကာ ရှုံးပွဲလုံးဝမရှိသေးတဲ့ သြစတြေးလျအားကစားသမား Antonio “Spartan” Caruso ကို အမှတ်နဲ့အနိုင်ရခဲ့သလို ၂၀၂၀ ဇန်နဝါရီလမှာလည်း လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်သူ ဖိ လစ်ပိုင်အားကစားသမား Eduard “Landslide” Folayang အမှတ်နဲ့အနိုင်ရခဲ့ပါတယ်။ အာရှမြေအဖွင့် ၃ ပွဲဆက်မှာ အကောင်းဆုံးက စားသမားအချို့ကို အနိုင်ရခဲ့တဲ့ ၎င်းဟာ လက်ရှိအချိန်မှာတော့ ONE လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ စင်ကာပူအားကစားသမား Christian “The Warrior” Lee ကို စိန်ခေါ်ထိုးသတ်ခွင့်ရရှိရေးအတွက်သာ အဓိကထား ကြိုးစားလေ့ကျင့်နေပါတယ်။ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ပြိုင်ဘက်တွေအကြောင်း ပြန်မစဉ်းစားဘဲ ရှေ့ဆက်ရင်ဆိုင်ရမယ့် ပြိုင်ဘက်အကြောင်းကိုသာ စဉ်းစားလေ့ရှိတယ်လို့လည်း ဘရီဒါမြို့ သားက ဆိုပါတယ်။

“ပြိုင်ဘက်က ဘယ်သူပဲဖြစ်ပစေ ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော့်ကို ဘယ်နေ့ထိုးရမယ်၊ ဘယ်အချိန် ထိုးရမယ်ဆိုတဲ့အကြောင်း သာ ပြော အကောင်းဆုံး သက်သေပြသွားမယ်။ အဲဒါကိုလည်း ၂ ကြိမ် သက်သေပြပြီးသွားပြီ။ ဒုတိယမြောက်ပွဲစဉ်မှာ ရှုံးပွဲမရှိသေးတဲ့ Caruso နဲ့ ယှဉ်ပြိုင်ဆိုတာ ၃ ပတ်လောက်အလိုကျမှ သိခဲ့သလို နောက်ဆုံးထိုးခဲ့တဲ့ ကမ္ဘာ့ချန်ပီယံဟောင်း Folayang နဲ့ပွဲဆိုရင်လည်း ၂ ပတ်အလိုက်မှ သိခဲ့တာပါ” လို့ Buist က ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ၎င်းဟာ ၂၀၁၇ ခုနှစ်ကစလို့ ၈ ပွဲဆက်တိုက် အနိုင်ရထား သလို စွမ်းဆောင်ရည်ကောင်းတွေကိုလည်း ပိုင်ဆိုင်ထားတာကြောင့် လိုက်ဝိတ်တန်း အဆင့်သတ်မှတ်ချက် အဆင့် ၃ နေရာမှာ ရပ် တည်လျက်ရှိပြီး အဆင့်သတ်မှတ်ချက် ပိုမိုမြင့်တက်လာအောင် နိုင်ပွဲတွေဆက်လက်ရယူသွားမယ်လို့ ကြုံးဝါးပါတယ်။

“လိုက်ဝိတ်တန်းမှာက ကစားသမားကောင်းတွေ အများကြီးရှိတယ်။ Shinya Aoki၊ Saygid Guseyn Arslanaliev၊ Eddie Alvarez တို့ ကိုလည်း အနိုင်ရချင်တယ်။ တခြား ကစားသမားတွေကိုပေါ့။ နောက်ပြီး ဒီနှစ်ထဲ ပြိုင်ပွဲတွေဝင်ပြိုင်ဖို့ စိတ်အားထက်သန်နေတဲ့ အမေရိ ကန်အားကစားသမား Sage Northcutt နဲ့လည်း တွေ့ချင်သေးတယ်။ သူက အခု လိုက်ဝိတ်တန်းမှာဆင်းထိုးဖို့ စီစဉ်ထားတော့ လူတွေ ကလည်း စောင့်ကြည့်နေကြတယ်။ သူနဲ့ကျွန်တော်သာ ထိုးဖြစ်တယ်ဆိုရင် အရမ်းကောင်းတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ လက်မှတ်တွေအား လုံး ရောင်းကုန်သွားမယ့်ပွဲတစ်ပွဲ ဖြစ်လာမှာဖြစ်သလို ကမ္ဘာတစ်လွှားက စောင့်ကြည့်ကြမယ့် ပရိသတ်တွေကလည်း အများကြီးရှိလိမ့် မယ်” လို့ ၎င်းက ပြောပါတယ်။

ပြိုင်ဘက်တွေအပေါ် လေးစားမှုရှိပေမယ့် ရည်မှန်းချက်ပန်းတိုင်အရောက် လျှောက်လှမ်းနိုင်ရေးအတွက် ပြိုင်ဘက်တွေကို ဘယ်လိုအ နိုင်ယူရမလဲဆိုတာကို ကောင်းကောင်းသိတယ်လို့လည်း Buist က ၎င်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ယုံကြည်ချက်အပြည့်ရှိနေပါ တယ်။ ၁၇ ပွဲနိုင်၊ ၄ ပွဲရှုံးမှတ်တမ်းပိုင်ဆိုင်ထားတဲ့ ၎င်းဟာ ပြင်းထန်တဲ့တိုက်စစ်စွမ်းရည်၊ အန္တရာယ်ရှိတဲ့ မြေပြင်ချုပ်ကွက်နည်းဗျူဟာကို ပိုင်ဆိုင်ထားပြီး ကျဉ်းထဲကျပ်ထဲအခြေအနေရောက်ရင် ဘယ်လိုအနိုင်ယူကျော်ဖြတ်ရမလဲဆိုတဲ့ ဉာဏ်ရည်မျိုး ပိုင်ဆိုင်ထားတယ်လို့ ဝံ့ ကြွားပါတယ်။ ကစားသမားတိုင်းက ဘုရားသခင်မဟုတ်သလို လက်နှစ်ဖက်၊ ခြေနှစ်ချောင်း၊ ဦးခေါင်းတစ်လုံးရှိတာချင်း တူညီတာ ကြောင့် ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကမ္ဘာ့ချန်ပီယံတွဲဆိုင်း ယှဉ်ပြိုင်နိုင်ရေးအတွက် ၅ ချီအပြည့် ထိုး သတ်နိုင်ဖို့အတွက်လည်း ကြိုးစားလေ့ကျင့်နေသလို ကမ္ဘာ့ချန်ပီယံ Christian Lee ကို စိန်ခေါ်ပြီး ချန်ပီယံဖြစ်အောင် ကြိုးစားသွားမယ် လို့လည်း ဆိုပါတယ်။

“ကျွန်တော် ချန်ပီယံတစ်ယောက်ဖြစ်ချင်တယ်။ ချန်ပီယံဖြစ်အောင်လည်း ကြိုးစားမှာဖြစ်သလို အဲဒါက ကျွန်တော်နဲ့ထိုက်တန်တယ်လို့ လည်း ခံစားမိတယ်။ Lee ထက် အသက်ပိုကြီးပေမယ့် အဲဒါက ကျွန်တော့်ရဲ့အားသာချက်ပဲ။ ကျွန်တော်တို့နှစ်ယောက်စလုံးက အရမ်း ကောင်းတဲ့ ကစားသမားတွေဖြစ်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်မှုပိုင်းမှာ ကျွန်တော်က ပိုကောင်းပါတယ်။ Lee က စစ်မှန်တဲ့ ချန်ပီယံတစ် ယောက်ပါ။ သူ့ကို လျှော့မတွက်ပါဘူး။ ဒါပေမဲ့ သူ့ကို အနိုင်ထိုးသတ်နိုင်တယ်ဆိုတာ ကျွန်တော် သိနေပါတယ်” လို့ Buist က ယုံကြည် ချက်အပြည့်နဲ့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *