အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (COVID-19)ကြောင့် နေအိမ်မှာသာ နေထိုင်နေရသူတွေအတွက် ကျန်းမာအောင်နေ ထိုင်နိုင်ရေးက အရေးကြီးပါတယ်။ အရင်ကဆိုရင် ပန်းခြံတွေ၊ အားကစားလေ့ကျင့်ရေးခန်းမတွေ၊ စုပေါင်းလေ့ကျင့်ရာနေရာတွေမှာ ကိုယ်လက်လှုပ်ရှားမှုတွေ လွတ်လွတ်လပ်လပ်ပြုလုပ်နိုင်ပေမယ့် ယခုလို Home Stay ကာလမှာတော့ အပြင်ထွက်ခွင့်မရတာကြောင့် လေ့ကျင့်ခန်းပြုလုပ်ဖို့ အခွင့်မသာတော့ပါဘူး။ Home Stay ကာလ ကြာရှည်လာမယ်ဆိုရင် ခန္ဓာကိုယ်ဝဖြိုးတာ၊ အဆီတွေတက်လာ လာတွေ ဖြစ်လာနိုင်ပြီး လှုပ်ရှားမှုတွေကလည်း နှေးကွေးလေးလံနေမှာ သေချာပါတယ်။

၂၀၂၀ ဧပြီလ ၂၄ ရက် နံနက် ၁၀ နာရီအထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၃၉ ဦး၊ သေဆုံးသူ ၅ ဦးရှိတဲ့ မြန်မာနိုင်ငံမှာဆိုရင်လည်း ဗိုင်းရပ်စ်ကူးစက်ခံရမှု မခံရစေဖို့အတွက် မဖြစ်မနေ အပြင်ထွက်နေရသူတွေကလွဲလို့ အတော်များများက နေအိမ်တွေမှာသာ နေထိုင်နေ ကြပါတယ်။ ရောဂါပိုးကူးစက်မှု အများဆုံးကတော့ လူဦးရေအထူထပ်ဆုံးနဲ့ စီးပွားရေးမြို့တော် ရန်ကုန်ဖြစ်ပြီး ည ၁၀ နာရီကနေ နံနက် ၄ နာရီအတွင်း အိမ်ပြင်မထွက်ဖို့ ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။ ရန်ကုန်မြို့က လူအများစုဟာ နေအိမ်တွေမှာသာ နေထိုင်ကြပြီး ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းတွေလုပ်ဖို့လည်း မအားကြပါဘူး။

ဒီအချိန်မှာ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship နဲ့ လက်အောက်ခံ ONE Warrior Series ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုကာ ပါဝင်ယှဉ်ပြိုင်လျက်ရှိတဲ့ “ဘူရှီးဒိုး” ဖိုးသော်နဲ့ စိုင်းဉာဏ်လင်းတို့က အွန်လိုင်းကနေ အားကစားလေ့ကျင့်မှုတွေကို သင်ကြားပို့ချပေးလျက်ရှိပါတယ်။ ကာယလေ့ကျင့်မှုဆိုတာ သင်တန်းဆရာတွေနဲ့ စနစ်တကျလေ့ကျင့်မှ သာ ပိုမိုထိရောက်တဲ့ အကျိုးကျေးဇူးကို ရနိုင်တာမျိုးပါ။ COVID-19 ကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေတဲ့ လက်ရှိအချိန် မှာ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းနေဖို့က အင်မတန်အရေးကြီးပါတယ်။ Team PT တည်ထောင်သူ ဖိုးသော်နဲ့ သင်တန်းနည်းပြဆရာတစ်ဦး ဖြစ်တဲ့ စိုင်းဉာဏ်လင်းတို့က သင်ထောက်ကူပစ္စည်းမပါဝင်ဘဲ လူတိုင်းလေ့ကျင့်နိုင်တဲ့ အားကစားလှုပ်ရှားမှုတွေကို Team PT facebook page နဲ့ ၎င်းတို့ရဲ့facebook account တွေကနေ “Let’s Do Workout Together” ဆိုတဲ့ အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ပေးနေသ လို ဗီဒီယိုဖိုင်နဲ့လည်း ထပ်မံတင်ပေးနေတာပါ။

COVID-19 ခြိမ်းခြောက်မှုကြောင့် လူစုလူဝေးနဲ့ပြုလုပ်ရတဲ့ အရေးကိစ္စအားလုံး ရပ်နားထားရချိန်မှာ ကိုယ်ခံပညာသိုင်းပါင်းစုံ အားကစား သမားတွေကလည်း လူသားတွေပဲဖြစ်တာကြောင့် ကိုယ့်ရဲ့နေအိမ်တွေမှာသာ နေထိုင်နေကြရပါတယ်။ ဒါပေမဲ့လည်း အများစုက ဒီအ တိုင်းမနေကြဘဲ လေ့ကျင့်မှုတွေကို အဆက်မပြတ်ပြုလုပ်လျက်ရှိပါတယ်။ ONE Championship မှာ ၈ ပွဲနိုင်၊ ၂ ပွဲရှုံးရလဒ် ပိုင်ဆိုင်ထား တဲ့ ဖိုးသော်၊ OWS မှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားတဲ့ စိုင်းဉာဏ်လင်းတို့က Home Stay နေထိုင်နေရသူတွေအတွက် အလွယ် တကူ လေ့ကျင့်နိုင်မယ့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို မေတ္တာ၊ စေတနာနဲ့ လူမှုကွန်ရက်ကနေ အခမဲ့သင်ကြားပို့ချပေးနေတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ facebook ကနေ Live မလွှင့်ခင် ဗီဒီယိုဖိုင်တစ်ခုကို မတ်လ ၂၄ ရက်က အရင်တင်လိုက်တယ်။ အဲဒီကနေမှ မတ်လ ၂၇ ရက်ကစပြီး “Let’s Do Workout Together” အစီအစဉ်ကို Live စလွှင့်ခဲ့တာပါ။ ၄ ရက်တစ်ကြိမ် Live လွှင့်တာ ၇ ကြိမ်ရှိသွားပါပြီ။ Live လွှင့်ပြီး တစ်ရက်ခြားမှာ ဗီဒီယိုတင်တယ်။ နောက်တစ်ရက်ခြားမှာ Live ပြန်လွှင့်တယ်။ တစ်လှည့်စီပေါ့။ ဘယ်လို စလုပ်ဖြစ်သလဲ ဆိုတော့ ကျွန်တော့်မန်နေဂျာ Joe က အကြံပေးတယ်။ Home Stay ကာလတွေမှာ အွန်လိုင်းကနေ သင်တန်းလုပ်ဖို့ပေါ့။ အဲဒါနဲ့ ကျွန် တော်လည်း Free Training Online Workout ကို စမ်းလုပ်ကြည့်ရင်း အားပေးသူတွေရှိလို့ ဆက်လုပ်ဖြစ်ခဲ့တာပါ” လို့ ဖိုးသော်က ပြော ပါတယ်။

နေအိမ်မှာသာ ကန့်သတ်နေထိုင်နေရတာကြောင့် စိတ်ရောကိုယ်ပါ နွမ်းနယ်နေသူတွေအတွက် ကျန်းမာရေး ကောင်းမွန်အောင် ကိုယ် လက်လေ့ကျင့်ခန်းတွေကို စနစ်တကျ ဘယ်လိုလုပ်ရမလဲဆိုတာသိအောင် သင်ကြားပို့ချပေးခြင်းဖြစ်တယ်လို့ နောက်ဆုံး ၂ ပွဲဆက် အ နိုင်ရထားတဲ့ စိုင်းဉာဏ်လင်းက ပြောပါတယ်။ ဗိုင်းရပ်စ်ကြောင့် လူတိုင်းစိုးရိမ်ထိတ်လန့်ကြောက်ရွံ့နေချိန်မှာ ကျန်းမာအောင်နေထိုင်ဖို့ က အရေးကြီးတာကြောင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို စနစ်တကျလေ့ကျင့်တတ်ဖို့က အရေးကြီးကြောင်း ၎င်းက ဆိုပါ တယ်။ ဖိုးသော်ကလည်း Gym ရှိမှ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်လို့ရတယ်ဆိုတဲ့အမြင်ကို ပြောင်းပြန်လှန်ချင်သလို သင်ထောက်ကူ ပစ္စည်း လုံးဝမရှိလည်း လေ့ကျင့်လို့ရနိုင်တယ်ဆိုတာ ပြချင်တာကြောင့်ဖြစ်တယ်လို့ ဖိုးသော်က ရှင်းပြပါတယ်။

“Gym မရှိရင် မကစားဖြစ်ဘူးဆိုတဲ့ သဘောထားအမြင်တွေကို ပြုပြင်ပြောင်းလဲရေး လုပ်လိုက်တဲ့သဘောပါပဲ။ ဆင်ခြေဆင်လက် ပေး တတ်တဲ့သူတွေအတွက် အခြားရွေးချယ်စရာတွေရှိတယ်ဆိုတာကို သတိပြုမိလာအောင်ပါ။ အိမ်မှာနေပြီး လုပ်ချင်ပေမယ့် ပစ္စည်းကိရိ ယာတွေမရှိတာရယ်၊ Workout Program မသိတာရယ် စတဲ့ အခက်အခဲတွေရှိနိုင်လို့ အွန်လိုင်းကနေ စိတ်ခွန်အားပေးရင်း Home Bodyweight Workout(No Equipment) plan လေးတွေကို လူတိုင်းလိုက်လုပ်နိုင်အောင် “Let’s Do Workout Together အစီအစဉ် ကနေ လုပ်ပေးဖြစ်နေပါတယ်” လို့ ဖိုးသော်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *