အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) က တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့ကာ လူသားတွေရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိတာကြောင့် ဈေးဝယ်စင်တာတွေ၊ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ၊ အားကစားလှုပ်ရှားမှုတွေ အစရှိတဲ့ လူစုလူ ဝေးရှိတဲ့ နေရာတွေအားလုံး တိတ်ဆိတ်ခြောက်ကပ်လျက်ရှိပါတယ်။ လူစုလူဝေးရှိတဲ့နေရာတွေကနေတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်နိုင်တာ ကြောင့် မဖြစ်မနေ အပြင်ထွက်ရတဲ့သူတွေကလွဲလို့ အတော်များများက ကိုယ့်ရဲ့နေအိမ်တွေမှာသာ နေထိုင်နေကြပါတယ်။ အားကစား လေ့ကျင့်ရေးခန်းမတွေဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီပိတ်ထားရတာတွေရှိပါတယ်။

ကျန်းမာရေးက အရေးကြီးတာကြောင့် အားကစားလေ့ကျင့်ရေးခန်းမတွေဆီ မသွားနိုင်တဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားတွေဆို ရင်လည်း မိမိတို့ရဲ့နေအိမ်မှာတင် လေ့ကျင့်မှုတွေ ပြုလုပ်လျက်ရှိပြီး ဒီအထဲမှာ ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားက စားအဖွဲ့အစည်း ONE Championship က အားကစားသမားတွေလည်း ပါဝင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အားကစားလေ့ကျင့်ရေး ခန်းမတွေ ပိတ်ထားပေမယ့် သင့်ရဲ့နေအိမ်မှာတင် အားကစားလေ့ကျင့်ရေးခန်းမတစ်ခု တည်ဆောက်ကာ ကိုယ်လက်လှုပ်ရှားမှုတွေ ပြု လုပ်နိုင်ပါတယ်။

အိမ်တွင်သာ လေ့ကျင့်မည်ဟု ရည်ရွယ်ချက်ထားရှိပါ

တကယ်လို့ သင့်အနေနဲ့ နေအိမ်မှာပဲ လေ့ကျင့်နိုင်ဖို့အတွက် Gym တစ်ခု ဆောက်တော့မယ်ဆိုရင် ကားဂိုဒေါင်၊ ဝရန်တာ ဒါမှမဟုတ် မြေအောက်ခန်း စတဲ့ နေရာတစ်ခုခုမှာ တည်ဆောက်နိုင်ပါတယ်။ ကားဂိုဒေါင်ဆိုရင်တော့ နေရာကျယ်ကျယ်ဝန်းဝန်းရှိတာကြောင့် အ ဆင်ပြေပြေ လေ့ကျင့်နိုင်မှာပါ။ ကားဂိုဒေါင်ဆိုတာ အိပ်ခန်းနဲ့ကွာဝေးတာကြောင့် အိမ်မှာရှိတဲ့ အခြားမိသားစုဝင်တွေအတွက် စိတ်အ နှောင့်အယှက် ဖြစ်စရာမလိုပါဘူး။ ONE Championship ဘန်တန်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံ Nong-O Gaiyanghadao ဆိုရင် လည်း ကားဂိုဒေါင်မှာ အားကစားလေ့ကျင့်ရေးခန်မတည်ဆောက်ကာ လေ့ကျင့်မှုတွေကို ပြုလုပ်လျက်ရှိပါတယ်။

တကယ်လို့ သင့်အိမ်မှာ ကားဂိုဒေါင်မရှိဘူးဆိုရင်လည်း အိမ်ရဲ့အရှေ့ဖက် ဒါမှမဟုတ် အနောက်ဖက်မှာရှိတဲ့ ဝရန်တာမှာ လေ့ကျင့်နိုင်ပါ သေးတယ်။ ဝရန်တာက အိပ်ခန်းနဲ့တစ်ဆက်တည်းမဟုတ်ဘဲ သီးသန့်တည်ဆောက်ထားတာများလို့ သင်ကြိုက်နှစ်သက်တဲ့ လေ့ကျင့် ရေးပစ္စည်းတွေ ထားရှိလို့ရပါတယ်။ တကယ်လို့ သင့်အိမ်မှာ ကားဂိုဒေါင်လည်းမရှိ၊ ဝရန်တာလည်း မရှိဘူးဆိုရင်တော့ မြေအောက်ခန်း မှာ လေ့ကျင့်နိုင်ပါတယ်။ Gym ကို မြေအောက်ခန်းမှာ ထားရှိတာက အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပတ်ဝန်း ကျင်အနှောင့်အယှက်မရှိတာကြောင့် အေးငြိမ်းမှုအပြည့်နဲ့ စိတ်ချလက်ချ လေ့ကျင့်နိုင်တာကြောင့်ပါပဲ။

ကောင်းမွန်တဲ့ ပစ္စည်းများကို ရွေးချယ်ပါ

သင့်အနေနဲ့ အိမ်အတွင်းမှာတင် ကိုယ်ပိုင် Gym တစ်ခု တည်ဆောက်တော့မယ်ဆိုရင် နာမည်ကျော် Evolve MMA မှာအသုံးပြုတဲ့ လေ့ ကျင့်ရေးပစ္စည်းတွေကို အသုံးပြုတာက အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမဲ့လည်း ငွေရေးကြေးရေးအနေအထားကြောင့် အကောင်းဆုံး ပစ္စည်းတွေ မသုံးနိုင်ရင်တောင် အခြေခံကျတဲ့ လေ့ကျင့်ရေးပစ္စည်းတွေကို ဝယ်ယူဖို့တော့ လိုအပ်ပါတယ်။ အခြေခံအကျဆုံးပစ္စည်းက တော့ ကြမ်းပြင်မှာခင်းမယ့် အခင်းပြားပါပဲ။

အရည်အသွေးကောင်းမွန်ဖို့က အင်မတန်အရေးကြီးပါတယ်။ နောက်တစ်ခုကတော့ ကြိုးခုန် ရာမှာ အသုံးပြုတဲ့ ကြိုးပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်အနေနဲ့ အပြင်မှာ မပြေးနိုင်တာကြောင့် ကိုယ့်ရဲ့နေအိမ်မှာတင် အပြေး လေ့ကျင့်ရင်ရရှိနိုင်တဲ့ နှလုံးသန်မာမှုအတွက် ကြိုးခုန်ဖို့ လိုအပ်တာကြောင့်ပါပဲ။

ဒါ့အပြင် မွေထိုင်း၊ Kickboxing အားကစားသမားတွေ လက်သီးထိုးချက်၊ ခြေကန်ချက်တွေ လေ့ကျင့်ဖို့အတွက် အသုံးပြုတဲ့ ကြီးမားတဲ့ သဲအိတ်ကြီးတစ်ခု လိုအပ်ပါတယ်။ သင့်ရဲ့လေ့ကျင့်ရေးခန်းမ အရွယ်အစားကိုကြည့်ပြီး သင့်တော်တဲ့သဲအိတ်ကို ရွေးချယ်နိုင်ပါတယ်။ မြေပြင်ချုပ်ကွက် လေ့ကျင့်ချင်တယ်ဆိုရင်တော့ တွဲဖက်လေ့ကျင့်ဖော်အဖြစ် လေထိုးအရုပ်တစ်ရုပ်ကို ဝယ်ယူထားဖို့ လိုအပ်ပါတယ်။

ရှိတာနှင့် လုပ်ဖို့လို

Gym တစ်ခုလုပ်တော့မယ်ဆိုရင် လေ့ကျင့်ရေးပစ္စည်းတွေကို အကောင်းဆုံးအသုံးပြုတာက ပိုကောင်းပါတယ်။ ဒါပေမဲ့လည်း အခြေအ နေအရ မတတ်နိုင်တဲ့အနေအထားမှာ ကိုယ့်မှာရှိတာလေးနဲ့ လုပ်ဆောင်လို့လည်း ရပါတယ်။ ကြမ်းခင်းမရှိဘူးဆိုရင် ယောဂကျင့်ရာမှာ သုံးတဲ့ဖျာလို၊ အပြင်ထွက်တဲ့အခါ ယူဆောင်သွားလေ့ရှိတဲ့ ကော်ဇောလိပ်လို အသုံးအဆောင်တွေနဲ့ ဖန်တီးလို့ရပါတယ်။ မွေထိုင်း၊ ဒါမှ မဟုတ် တိုက်ခိုက်ရတဲ့ ကိုယ်ခံပညာရပ်တွေမှာ Shadow Boxing လေ့ကျင့်ဖို့အတွက် အခန်းပတ်လည်မှာ မှန်ချပ်ကြီးတွေ ကပ်ထားဖို့လို ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *