ယနေ့ခေတ်ဟာ ခေတ်မီနည်းပညာတွေ တိုးတက်ထွန်းကားနေတဲ့ခေတ်ဖြစ်သလို လူသားမျိုးနွယ်စု စတင်ပေါ်ပေါက်လာပြီးနောက်ပိုင်း တိုးတက်မှုအရှိဆုံး ကာလတစ်ခုလို့ ဆိုနိုင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း နည်းပညာစွမ်းအားကြောင့် ကမ္ဘာကြီးဟာ ယခုထက်မက ပို မိုတိုးတက်လာဦးမှာကလည်း အသေအချာပါပဲ။ နည်းပညာအရ တိုးတက်ထွန်းကားလာတာ မှန်ပေမယ့်လည်း လူသားတွေရဲ့ကိုယ်ကျိုး အတ္တကြောင့် တစ်ဖက်မှာလည်း ရောဂါဘယထူပြောကာ ကျန်းမာအောင်နေထိုင်ဖို့က လူသားတွေအတွက် အရေးပါတဲ့အခန်းကဏ္ဍတစ် ခုအဖြစ် နေရာယူလာပါတယ်။

အစားအသောက်တွေကြောင့် ရောဂါဘယ ထူပြောလာသလို အနေအထိုင်ကြောင့်လည်း ခန္ဓာကိုယ်ထဲမှာ ပိုးမွှားတွေကို မွေးမြူထားသ လို ဖြစ်နေပါတယ်။ အဝလွန်ခြင်း၊ ဆီးချိုသွေးချို၊ နှလုံးရောဂါ၊ ကင်ဆာ အပါအဝင် ရောဂါဘယပေါင်းစုံက လူသားတွေရဲ့အသက်ဇီဝိန် ကို ခြွေယူလျက်ရှိပါတယ်။ ရောဂါဘယ မဖြစ်ပေါ်အောင် အကောင်းဆုံးကြိုတင်ကာကွယ်ခြင်းနည်းလမ်းကတော့ လေ့ကျင့်ခန်းလုပ်တာ ပါပဲ။ လေ့ကျင့်တယ်ဆိုရာမှာလည်း တစ်ဦးတည်းလေ့ကျင့်တာထက်စာရင် ကျွမ်းကျင်တဲ့နည်းပြဆရာတွေကိုယ်တိုင် သင်ကြားပေးသလို လေ့ကျင့်ရေးပစ္စည်း အစုံအလင်ရှိတဲ့ အားကစားခန်းမ Gym တွေမှာ လေ့ကျင့်တာက အကျိုးကျေးဇူး ပိုမိုကြီးမားပါတယ်။

ကျန်းမာရေးသာ ပထမနေရာရောက်လာတဲ့ အခုလိုအချိန်မှာ ကျန်းမာသက်ရှည်အောင်နေထိုင်လိုကြတဲ့ လူသားတွေဟာ Gym တွေထံ သွားရောက်ကာ လေ့ကျင့်နေကြပါတယ်။ Gym သွားတဲ့ယဉ်ကျေးမှုက တစ်ကမ္ဘာလုံးပျံ့နှံ့လာခဲ့ပြီး မြန်မာနိုင်ငံမှာဆိုရင်လည်း မြို့တိုင်း လိုလိုမှာ ကျန်းမာကြံ့ခိုင်အောင်ပြုလုပ်ပေးတဲ့ အားကစားခန်းမတွေ ရှိနေပါပြီ။ မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်၊ လူဦးရေအထူထပ်ဆုံး မြို့၊ ကုန်းလမ်း၊ ရေလမ်း၊ လေယာဉ်လမ်းတွေရှိတဲ့ ရန်ကုန်မှာဆိုရင်လည်း နိုင်ငံတကာအဆင့်မီ အားကစားလေ့ကျင့်ရေးခန်းမတွေ အ များအပြားရှိနေပါတယ်။ အဲဒီထဲမှာ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်လျက်ရှိတဲ့ “ဘူရှီးဒိုး” ဖိုးသော် ကိုယ်တိုင် တည်ထောင်ဖွင့်လှစ်ထားတဲ့ Team PT လည်း အပါအဝင် ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ဖိုးသော်ဟာ ONE Championship မှာ ၈ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားပြီး Team PT ကို ၂၀၁၇ ခုနှစ်၊ ဒီ ဇင်ဘာလအတွင်း စတင်တည်ထောင်ခဲ့တာပါ။ No(46) 5A/6A F ဥသဖရားလမ်း၊ ဗဟန်းမြို့နယ်မှာတည်ရှိတဲ့ Team PT ဟာ အခြား Gym တွေထက်စာရင် သက်တမ်းနုနယ်ပေမယ့်လည်း ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကို လေ့လာသင်ယူနိုင်တဲ့ မြန်မာနိုင်ငံရဲ့ပ ထမဆုံးသော MMA Gym ဖြစ်ပါတယ်။ အခြား Gym တွေက ကိုယ်ခံပညာရပ်တစ်ခု၊ နှစ်ခု သုံးခုလောက်ကိုသာ သင်ကြားပေးတာဖြစ် ပြီး Team PT ကတော့ ဂျူဂျစ်ဆု၊ မြန်မာ့ရိုးရာလက်ဝှေ့၊ မွေထိုင်း၊ အနောက်တိုင်းလက်ဝှေ့၊ Kickboxing စတဲ့ ကိုယ်ခံပညာရပ်ပေါင်းစုံ ကို လက်ရွေးစင်အဆင့်၊ ပရော်ဖက်ရှင်နယ်အဆင့် ယှဉ်ပြိုင်ထိုးသတ်ဖူးသူ နည်းပြဆရာတွေကိုယ်တိုင် စနစ်တကျ လေ့ကျင့်သင်ကြား ပေးလျက်ရှိပါတယ်။

Team PT ဟာ အမေရိကန်အခြေစိုက် Fight For Good MMA အဖွဲ့အစည်းနဲ့ ချိတ်ဆက်ထားပြီး ဖိုးသော်က FFG ရဲ့partner ဖြစ်သလို နည်းပြ/ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ FFG ဟာ အရှေ့တောင်အာရှနိုင်ငံတွေအနက် ကမ္ဘောဒီးယားနိုင်ငံကို စတင် ထောက်ပံ့ခဲ့ပြီး Fight For Cambodia ဆိုတဲ့ Individual Social Organization ဖြစ်လာတာပါ။ ဖိုးသော်ဟာ FFG တည်ထောင်သူ အ မေရိကန်နိုင်ငံသား Joe Conway နဲ့ စတင်ရင်းနှီးပြီးနောက် ၂၀၁၆ ခုနှစ်မှာ FFG ရဲ့စပွန်ဆာပေးမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံကို MMA လေ့ကျင့်မှုအစီအစဉ် သွားရောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း Fight For Myanmar ဆိုပြီး ကမ္ဘောဒီးယားနည်းတူ FFG ရဲ့ထောက်ပံ့မှုကို ရခဲ့ပါတယ်။ FFG က Team PT အတွက် လေ့ကျင့်ရေးပစ္စည်းတွေ၊ လေ့ကျင့်ရေးအစီအစဉ်တွေ၊ ပြိုင်ပွဲကိစ္စ၊ စပွန်ဆာကိစ္စတွေကို စီမံ ခန့်ခွဲပေးပြီး ပြည်တွင်းပြည်ပ လေ့ကျင့်ရေးအစီအစဉ်၊ နိုင်ငံခြားနည်းပြ ခေါ်ယူလေ့ကျင့်ရေး၊ နိုင်ငံခြားကစားသမားတွေနဲ့စာချုပ်ပြီး ပြိုင်ပွဲ တွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးကိုပါ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

FFG နဲ့ Team PT တို့ရဲ့ရည်ရွယ်ချက်က အသင်းတစ်သင်းအနေနဲ့ ယခုထက် ပိုမိုကြီးပွားတိုးတက်လာရေး၊ နိုင်ငံတကာအဆင့်အတန်းမီ အောင်မြင်တဲ့ အားကစားသမားတွေ ထွက်ပေါ်လာရေး၊ အောင်မြင်ထင်ရှားတဲ့ MMA လေ့ကျင့်ရေးစင်တာဖြစ်လာရေး၊ အားကစားကျန်း မာရေးကို အသိပညာပေးနိုင်တဲ့ စင်တာဖြစ်လာရေးတို့ပါပဲ။ လက်ရှိမှာ နည်းပြဆရာတွေအဖြစ် ဖိုးသော်၊ စိုင်းဉာဏ်လင်း၊ ကြယ်စင်ဖြိုး၊ ကိုကိုအောင်၊ စွမ်းထက်နိုင်၊ ဘိုဘိုအောင်စတဲ့ ပြိုင်ပွဲအတွေ့အကြုံရင့် ကစားသမား/နည်းပြတွေကိုယ်တိုင် သင်ကြားပို့ချပေးလျက်ရှိပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *