တစ်ဦးနှင့်တစ်ဦး အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်ရတဲ့ လက်ဝှေ့၊ မွေထိုင်း၊ မြန်မာ့ရိုးရာလက်ဝှေ့၊ Kickboxing၊ ကိုယ်ခံပညာ သိုင်း ပေါင်းစုံအားကစား အပါအဝင် အားကစားနည်းတွေမှာ အနိုင်အရှုံးက အမျိုးမျိုးရှိတတ်ပါတယ်။ လက်သီးတစ်လုံး၊ ခြေကန်ချက် တစ် ချက်၊ တံတောင်ရိုက်ချက်တစ်ခု၊ မြေပြင်ချုပ်ကွက် တစ်ကွက်ကြောင့် စောစောစီးစီး အဖြေထွက်သွားတဲ့ပွဲတွေ ရှိသလို စွမ်းဆောင်ရည် ညီမျှတာကြောင့် သတ်မှတ်ထားတဲ့အချီအတွင်း အနိုင်အရှုံးပြတ်ပြတ်သားသား မထွက်လို့ အမှတ်နဲ့ဆုံးဖြတ်ရတာမျိုးတွေလည်း ရှိပါ တယ်။ ပြိုင်ဘက်ဖြစ်သူကို တစ်ကွက်ကောင်းနဲ့ အလဲထိုးအနိုင်ယူနိုင်တဲ့ အားကစားသမားတွေကိုတော့ စွမ်းဆောင်ရည်ကောင်းမွန်လွန်း သူတွေလို့ ဆိုနိုင်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံး အားကစားအဖွဲ့အစည်း ONE Championship မှာဆိုရင်လည်း အလဲထိုးနိုင်ပွဲရယူထားတဲ့ အားကစားသမားတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့လည်း လက်ငါးချောင်းနဲ့အထက်ပမာဏရှိတဲ့ အလဲထိုးနိုင်ပွဲရှင်တွေကတော့ သိပ်ပြီး များများစားစားမရှိပါဘူး။ အရေအတွက် အနည်းငယ်ပဲရှိပါတယ်။ စင်ကာပူအခြေစိုက် ONE Championship ဟာ ၂၀၁၁ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ယနေ့အချိန်မှာတော့ ကမ္ဘာတစ်လွှား သူတို့ရဲ့ပြိုင်ပွဲတွေကို စောင့်မျှော်ကြည့်ရှုကြတဲ့ ပရိသတ်အရေအတွက်က သန်းနဲ့ချီရှိနေပါပြီ။ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနယ်ပယ်မှာ အခိုင်အမာနေရာရလာတဲ့ ONE Championship သမိုင်းတစ် လျှောက် အလဲထိုးနိုင်ပွဲ ၆ ပွဲနဲ့အထက် ရယူထားနိုင်တဲ့ အားကစားသမားက အများကြီးမရှိပါဘူး။

စုစုပေါင်း ၇ ဦးပဲရှိပါတယ်။ အဲဒီလို စွမ်းဆောင်ရည်ကောင်းပြသထားနိုင်တဲ့ အားကစားသမား ၇ ဦးအနက် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ် ပြိုင်နေသူ ၂ ဦး ပါဝင်နေပါတယ်။ သူတို့ကတော့ ONE မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် “မြန် မာ့စပါးအုံး” အောင်လအန်ဆန်နဲ့ဘူရှီးဒိုး” ဖိုးသော်တို့ပါပဲ။ Sanford MMA အသင်းသား အောင်လအန်ဆန်က အလဲထိုးနိုင်ပွဲ ၆ ပွဲရယူ ထားပြီး Team PT အသင်းရဲ့ပဲ့ကိုင်ရှင် ဖိုးသော်ကတော့ အလဲထိုးနိုင်ပွဲ ၇ ပွဲအထိ ရယူထားပာတယ်။ ONE Championship သမိုင်းတစ် လျှောက် အလဲထိုးနိုင်ပွဲအများဆုံး အားကစားသမားက လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူအားကစားသမား Christian “The Warrior” Lee ဖြစ်ပြီး လိုက်ဝိတ်တန်း ဂရင်းပရီချန်ပီယံခါးပတ်ကိုပါ ရယူထားတဲ့ Lee လိုပဲ အလဲထိုးနိုင်ပွဲ ၈ ပွဲရယူထားသူ နောက်တစ် ဦးကတော့ စင်ကာပူအားကစားသမား Amir Khan ပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ အလဲထိုးနိုင်ပွဲ ၈ ပွဲမှတ်တမ်းကို ကိုယ်စီပိုင်ဆိုင်ကာ ONE Championship သမိုင်းတစ်လျှောက် အလဲထိုးနိုင်ပွဲအ များဆုံး ရယူထားသူတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ Lee နဲ့ Khan တို့ရဲ့နောက် ဒုတိယနေရာမှာ ပူးတွဲရပ်တည်နေသူတွေက တော့ ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဗီယက်နမ်-သြစတြေးလျ အားကစားသမား Martin “The Situ-Asian” Nguyen နဲ့ မြန်မာ အားကစားသမား ဖိုးသော်တို့ပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်နဲ့အတူ Sanford MMA မှာ အတူလေ့ကျင့်နေတဲ့ Nguyen နဲ့ ဖိုးသော်တို့ က အလဲထိုးနိုင်ပွဲ ၇ ပွဲစီ ပိုင်ဆိုင်ထားပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့သမားတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ဖိုးသော်ဟာ ၂၀၁၅ ခုနှစ်မှာ ONE Championship နဲ့ ပူးပေါင်းခဲ့ပြီး လက်ရှိအချိန်အထိ ၈ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။

၂၀၁၆ ခုနှစ် မြန်မာဖယ်သာဝိတ်တန်းချန်ပီယံ ဖိုးသော်ဟာ နိုင်ပွဲ ၈ ပွဲအနက် စောဘဦးနဲ့ ယှဉ်ပြိုင်ထိုးသတ်တဲ့တစ်ပွဲသာ အမှတ်နဲ့အနိုင်ရ ခဲ့တာဖြစ်ပြီး ကျန်တဲ့ ၇ ပွဲစလုံးကို ပထမအချီအတွင်းမှာပဲ အလဲထိုးအနိုင်ရခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အလဲထိုးစွမ်းရည်ကြောင့် အဲဒါကိုအစွဲ ပြုပြီး အသက် ၃၄ နှစ်အရွယ် ဖိုးသော်ကို အများက ကြိုးဝိုင်းထဲကနေ အမြန်ဆုံးပြန်ထွက်ချင်နေသူလို့ ခေါ်ကြပါတယ်။ ဖိုးသော်ရဲ့လက် သီးထိုးချက်တွေက လျှပ်ပြက်သလို လျင်မြန်လှသလို ပြင်းထန်အားပါလွန်းတာကြောင့် ပြိုင်ဘက်တိုင်းကို တုံးကနဲ လဲပြိုနိုင်စွမ်းရှိပါ တယ်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကမ္ဘောဒီးယား အားကစားသမား Sor Sey ရဲ့မျက်နှာကို ညာဖနောင့်နဲ့ အမြင့်ကန်ကာ အနိုင် ယူခဲ့တဲ့ပွဲက ဖိုးသော်အတွက် အမှတ်ရစရာအကောင်းဆုံးပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးထိုးသတ်ထားတဲ့ပွဲမှာ တောင်ကိုရီးယား အားကစားသမား Yoon Chang Min ကို ရှုံးနိမ့်ခဲ့တဲ့ ဖိုးသော်ဟာ ၂၀၂၀ ပြည့်နှစ်အ တွင်း နိုင်ပွဲပြန်လည်ရရှိဖို့အတွက် လေ့ကျင့်မှုတွေကို အကောင်းဆုံးပြုလုပ်နေပါတယ်။ ရှုံးနိမ့်မှုကို စိတ်ပျက်စရာလို့ မတွေးထားဘဲ အ ကောင်းဆုံးအနေအထားနဲ့ ပြန်လာနိုင်ဖို့ မဆုတ်မနစ်ကြိုးစားနေတဲ့ ဖိုးသော်ဟာ ဖယ်သာဝိတ်တန်းရဲ့အကောင်းဆုံး အားကစားသမား တစ်ယောက်ဖြစ်လာအောင် ထုဆစ်နေပါတယ်။ ဖိုးသော်ရဲ့နောက်မှာ အလဲထိုးနိုင်ပွဲ ၆ ပွဲရရှိထားသူတွေကတော့ အောင်လအန်ဆန်၊ ONE ဘန်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း ဖိလစ်ပိုင်အားကစားသမား Kevin “The Silencer” Belingon၊ နာမည်ကျော် မွေထိုင်း အားကစားသမား “Kru Rong” Dejdamrong Sor Amnuaysirichoke တို့ပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *