နာမည်ကျော် ရုပ်ရှင်ဇာတ်ကားတွေ၊ ဝတ္ထုစာအုပ်တွေ၊ ဗီဒီယိုဂိမ်းတွေက ဇာတ်ကောင်တွေဟာ လူသားတွေအပေါ် လွှမ်းမိုးမှုအပြည့်အဝရှိ တတ်ပါတယ်။ အထူးသဖြင့် ဂျပန်ကာတွန်းဇာတ်လမ်းတွေက ကလေးငယ်တွေကိုသာမက လူလတ်တန်း အရွယ်တွေအထိပါ လွှမ်းမိုးဖမ်းစားနိုင်စွမ်းရှိပါတယ်။ ဒီဘက်ခေတ်ပိုင်းမှာဆိုရင်လည်း Bat Man၊ Spider Man တို့လို ဟောလိဝုဒ် စူပါဟီးရိုးဇာတ်ကားတွေက လူသားတွေကို လွှမ်းမိုးနိုင်ပြီး ဇာတ်ကောင်တွေရဲ့ဝတ်စုံတွေအတိုင်း လိုက်လံဝတ်ဆင်ကြသူတွေ ရှိလာပါတယ်။ အထူးသဖြင့် တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်ထိုးသတ်ရတဲ့ လက်ဝှေ့၊ နပမ်း၊ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနည်းတွေမှာပါပဲ။

အဆိုပါအားကစားနည်းတွေမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အားကစားသမားတွေဟာ ကြိုးဝိုင်းအတွင်း မဝင်ရောက်မီ မိမိနှစ်သက်တဲ့ ဇာတ်ကောင်တွေအတိုင်း ဝတ်ဆင်ကာ ပရိသတ်တွေကို ဖျော်ဖြေတာက ထူးခြားမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship မှာ ပါဝင်ယှဉ်ပြိုင်လျက်ရှိတဲ့ အားကစားသမားတွေ ဆိုရင်လည်း မိမိနှစ်သက်တဲ့ Cosplay ဇာတ်ကောင်တွေအတိုင်း ဝတ်ဆင်တာတွေရှိပါတယ်။ ဒါကြောင့် Cosplays ဇာတ်ကောင်တွေအတိုင်း ဝတ်ဆင်ယှဉ်ပြိုင်ကြတဲ့ ONE Championship ရဲ့ အကောင်းဆုံး အားကစားသမားတွေအကြောင်း ဖော်ပြလိုက်ပါတယ်။

Android 18 ဝတ်စုံနဲ့ Hirata

၂၀၂၀ ဖေဖော်ဝါရီ ၇ ရက်က Nyrene “Neutron Bomb” Crowley ကို ဒိုင်ပွဲရပ်အနိုင်ယူကာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ၆ ပွဲစ လုံး အနိုင်ရရှိထားတဲ့ ဂျပန်အားကစားသမား Itsuki “Strong Heart Fighter” Hirata ကလည်း Cosplay ပရိသတ်တစ်ယောက် ဖြစ်ပါ တယ်။ အသက် ၂၀ အရွယ် Hirata ဟာ ONE Championship နဲ့ ၂၀၁၉ ခုနှစ်မှာ စတင်လက်တွဲခဲ့ပြီး ၃ ပွဲဆက် အနိုင်ရထားပြီး ပြိုင်ပွဲ ယှဉ်ပြိုင်တဲ့အခါ ဂျပန်ကာတွန်းဇာတ်ကား Dragon Ball ထဲက Android 18 ကောင်မလေးပုံစံအတိုင်း ဝတ်ဆင်လေ့ရှိပါတယ်။

Goku ဇာတ်ကောင် Pieter Buist

၈ ပွဲဆက်တိုက် အနိုင်ယူထားတဲ့ နယ်သာလန် အားကစားသမား Pieter “The Archangel” Buist ကလည်း Dragon Ball ကာတွန်း ဇာတ်ကောင် Goku ကို နှစ်သက်သူပါ။ အသက် ၃၂ နှစ်အရွယ် Buist ဟာ ၂၀၂၀ ဇန်နဝါရီ ၃၁ ရက်က ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီ ယံဟောင်း Eduard “Landslide” Folayang ကို အမှတ်နဲ့အနိုင်ယူခဲ့တဲ့ပွဲမှာ အကောင်းဆုံးစွမ်းဆောင်ရည် ပြသနိုင်ခဲ့ပြီး ကြိုးဝိုင်းအတွင်း လာရောက်စဉ် Goku ရဲ့ ပုံစံအတိုင်းဆင်မြန်းကာ ပရိသတ်ကို ဖျော်ဖြေမှုပေးလေ့ရှိပါတယ်။

One-Punch Man စတိုင်နဲ့ Wiratchai

နာမည်ကျော် ထိုင်းအားကစားသမား Shannon “OneShin” Wiratchai ကတော့ စူပါဟီးရိုးဇာတ်ကောင်တွေကို ကြိုက်နှစ်သက်သူဖြစ် ပြီး လေ့ကျင့်ခန်းဆင်းစဉ်မှာပါ Bat Man နဲ့ဆင်တူတဲ့ ဝတ်စုံကို ဝတ်ဆင်လာလေ့ရှိပါတယ်။ သူက လက်သီးတစ်ချက်တည်းနဲ့ ပြိုင်ဘက်ကို ပွဲသိမ်းနိုင်စွမ်းရှိတယ်ဆိုတာ ယုံကြည်စွဲမြဲထားသူဖြစ်ပြီး One-Punch Man စတိုင် ဝတ်ဆင်တတ်သူပါ။

Nobita ဝတ်စုံပိုင်ရှင် Naito

ဝါရင့် ဂျပန်အားကစားသမား Yoshitaka “Nobita” Naito ကတော့ ဂျပန်ကာတွန်းဇာတ်လမ်းတွေကို စွဲလန်းသူဖြစ်ပြီး Doraemon ဇာတ်  လမ်းထဲက Nobita ပုံစံအတိုင်း ဝတ်ဆင်ကာ ပြိုင်ပွဲတွေ ယှဉ်ပြိုင်လေ့ရှိပါတယ်။ ONE စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Naito ဟာ Doraemon ကို ဘယ်လောက်ကြိုက်နှစ်သက်သလဲဆိုရင် ကြိုးဝိုင်းအမည်ကိုတောင် Nobita လို့ ပေးထားတာကိုကြည့်ရင် သိနိုင်ပါတယ်။ အသက် ၃၆ နှစ်အရွယ် Naito ဟာ နောက်ဆုံး ၂ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။

Harley Quinn တစ်ဖြစ်လဲ Ishige

အမျိုးသမီး အက်တမ်ဝိတ်တန်းရဲ့ ထိပ်တန်းအားကစားသမား တစ်ယောက်ဖြစ်တဲ့ Rika “Tiny Doll” Ishige ကတော့ လတ်တလော ရုံ တင်ပြသလျက်ရှိတဲ့ စူပါဟီးရိုးဇာတ်ကား Birds Of Prey ဇာတ်ကားထဲက အဓိကသရုပ်ဆောင် Harley Quinn ရဲ့ ဝတ်စားပုံအတိုင်း ဆင် မြန်းကာ ကြိုးဝိုင်းထဲ လျှောက်လှမ်းလာလေ့ရှိပါတယ်။ ဒါဟာ အသက် ၃၀ အရွယ် Ishige အတွက် ထာဝရမမေ့နိုင်မယ့် အခိုက်အတန့်တွေ လို့ ဆိုနိုင်ပါတယ်။

Joker နေရာက Petchdam

ONE Championship က ၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်က စတင်ပေးအပ်တဲ့ ဖလိုင်းဝိတ်တန်း Kickboxing ကမ္ဘာ့ချန်ပီယံတွဲဆိုင်းမှာ အယ်လ်ဂျီးရီးယား အားကစားသမား Elias Mahmoudi ကို အနိုင်ရခဲ့တဲ့ ထိုင်းအားကစားသမား “The Baby Shark” Petchdam Petchyindee Academy ကတော့ Joker ဇာတ်ကောင် မျက်နှာဖုံးကို ဝတ်ဆင်သလို အဝတ်အစားကိုလည်း တုပဝတ်ဆင်လေ့ရှိပါတယ်။ ကမ္ဘာ့ချန်ပီယံဆုကို ရယူတဲ့နေ့ကလည်း သူဟာ Clown Prince Of Crime လို့ တင်စားကြတဲ့ Joker ပုံစံအတိုင်း ကြိုးဝိုင်းထဲ ဝင်ရောက် လာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *