Essential of Digital Marketing (batch-2 1/2020) သင်တန်းကို CSR Program အနေဖြင့် Management Intellect Institute မှ စီစဉ်ဖွင့်လှစ်ခြင်းဖြစ်သည်။

စျေးကွက်စီးပွားရေးရဲ ့ အဓိကမြုပ်နှံမှုအများစုဟာ Digital ပေါ်မှာ အများအပြား သုံးစွဲလာကြပါတယ်။
စားသုံးသူတွေနဲ့ ကိုယ့်ရဲ့ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေအပေါ် ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့အတွက် Digital Communication တွေကို စနစ်တကျ တည်ဆောက် အသုံးပြုလာကြပါပြီ။

စားသုံးသူတွေ အဓိကထားရှားဖွေနေတဲ့ Digital Information Search Channel တွေပေါ်မှာ Branding တည်ဆောက်လာကြတယ်၊ ကောင်းမွန်တဲ့ Value တွေပေးနိုင်အောင် လုပ်ဆောင်လာကြတယ်၊သတင်းအချက်အလက်တွေကို အချိန်နှင့်တပြေးညီပေးနိုင်လာပါတယ်၊ စားသုံးသူတွေရဲ့ အခက်အခဲတွေ မေးခွန်းတွေကို မြန်မြန်ဆန်ဆန် ရှင်းလင်းလာနိုင်တယ်၊ စျေးကွက်မှာ ကိုယ့်ရဲ့ ထုတ်ကုန်တွေအပေါ် စားသုံးသူတွေရဲ ့ မှတ်ချက်တွေကို ဖြန့်ဝေပေးနိုင်တယ်၊ စျေးကွက်မှာ ခိုင်မာမှုရအောင်တည်ဆောက်လာနိုင်တယ်၊ Budget ကို ထိရောက်အောင် သုံးစွဲနိုင်မယ့်အပြင် ကိုယ့်ရဲ့စျေးကွက် အခြေအနေနဲ့ Market Analysis ကို ချက်ခြင်းသိရှိနိုင်မယ့် ရလဒ်ကောင်းတွေ အများကြီးရှိပါတယ်။ စျေးကွက်ချဲ့ထွင်တဲ့နေရာမှာ ယခုအများအပြားအသုံးပြုနေကြတဲ့ Website Marketing နဲ့အတူ Social Media Marketing တွေကိုလည်း အသုံးပြုလာကြပြီမို့မိတ်ဆွေတို့အတွက် အကျိုးရလဒ်ကောင်းများကို ရရှိစေမယ့် Digital Marketing ကို မသိမဖြစ်လေ့လာထားရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ Smart Phone တွေနဲ့အတူ ဖြတ်သန်းရင်း အလွယ်တကူ အချက်အလက်ပေါင်းများစွာကို ရှာဖွေနေကြပါတယ်။ Social Media တွေကို အသုံးပြုပြီး သတင်းအချက်အလက်တွေကို ဖတ်ရှုကြပါတယ်၊ မိတ်ဆွေတွေနဲ့အတူ ရင်းနှီးမှုတွေ တည်ဆောက်ကြပါတယ်၊
ကိုယ်နှစ်သက်တဲ့ အကြောင်းအရာတွေ၊ ကုန်ပစ္စည်းတွေကိုလည်းရှာဖွေ ၀ယ်ယူလာကြပါတယ်။ ဒါကြောင့်ထိရောက်တဲ့ စျေးကွက်ချဲ ့ထွင်ခြင်းတွေကို Social Media တွေပေါ်မှာ အကောင်းဆုံး အသုံးချနိုင်ပါတယ်။
စားသုံးသူတွေ သိချင်တဲ့ အကြောင်းရာတွေကိုလည်း Messenger Bot တွေကတဆင့် ဖြေကြားပေးနိုင်ပြီမို့ကောင်းမွန်တဲ့ဆက်ဆံရေးတွေကို ရရှိနိုင်မယ့်အပြင် ဖောက်သည်တွေကိုလည်း မလွတ်သွားအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ Social Media Marketing ရဲ ့အားသာချက်တွေကလည်း ပြောလို့မကုန်နိုင်အောင်များပြားလှပါတယ်။

✅ဘာတွေ သင်ယူလေ့လာနိုင်မှာလဲ ?

Digital Marketing ဆိုတာကို အခြေခံကစပြီး လေ့လာနိုင်မယ့်အပြင် Social Media Tools တစ်ခုဖြစ်တဲ့Facebook ကို အသုံးချပြီး Business User တစ်ဦးအဖြစ် ရပ်တည်လာနိုင်ပါတယ်။
Social Media ပေါ်မှာ ထိရောက်တဲ့ ကြော်ငြာတွေ ဖန်တီးနည်းတွေ ၊ Target Audiences တွေကို စနစ်တကျရွေးချယ်ပြီး ကိုယ့်ရဲ ့ထုတ်ကုန်တွေ ၀န်ဆောင်မှုတွေကို သိရှိလာအောင် လုပ်ဆောင်လာနိုင်မယ်။
Digital Sale လုပ်ပြီး စျေးကွက်ချဲ့ထွင်နည်းလမ်းတွေကိုလည်း လေ့လာနိုင်မှာပါ။ ဒါအပြင် လက်ရှိလုပ်နေတဲ့လုပ်ငန်းတွေကို Digital Marketing နဲ့ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့အထိ သိရှိနိုင်မှာမို့ တက်ရောက်သင့်ပါတယ်။

✅သင်တန်းတက်ဖို့ဘာတွေလိုအပ်လဲ?

အခြေခံလုံး၀ မရှိလည်း လေ့လာလို့ရအောင် ကျွန်တော်တို့ သင်ကြားပေးသွားမှာပါ။ Laptop တော့ဖြစ်နိုင်ရင်ယူခဲ့စေချင်ပါတယ်။ လက်တွေ့သင်ခန်းစာတွေရော သီအိုရီတွေရော ပူးတွဲသင်ကြားပေးသွားမှာမို့ပါ။

✅ဘယ်လိုပုံစံနဲ့ သင်ကြားပေးမှာလဲ?

Team Work အလိုက် ပူးပေါင်းလုပ်ဆောင်တက်ဖို့နဲ့ သင်တန်းသားအချင်းချင်းပိုမိုရင်းနှီးစေဖို့အတွက်
Group တွေဖွဲ့ပေးသွားမှာဖြစ်ပါတယ်။ မတူညီတဲ့ နယ်ပယ်အသီးသီးက လာတဲ့သူတွေ ဆုံဆည်းပြီး ခင်မင်စွာသင်ကြားရမှာမို့ သင်တန်းပြီးရင်တော့ Network တစ်ခု ရသွားမှာ အမှန်ပါပဲ။ နောက်ပြီး Facebook မှာ Group ဖွဲ့ ပေးထားပြီး သင်မယ့် သင်ခန်းစာတွေကို တင်ပေးသွားမှာဖြစ်ပါတယ်။
လက်တွေ့လုပ်ဆောင်ရမယ့် သင်ခန်းစာတွေကိုလည်း Group မှာပြန်တင်ပေးသွားရမှာပါ။
လက်တွေ့ကြုံတွေ့နေရတဲ့ Cause Study တွေနဲ့ အတူ ပူးတွဲသင်ကြားပေးသွားမှာဖြစ်လို့ Digital Marketing ရဲ ့အနှစ်သာရကို ရသွားမယ့်အပြင် လုပ်ငန်းခွင်အတွက်လည်း ဒေါင်ဒေါင်မြည်သွားမှာပေါ့ဗျာ။

✅ဘယ်သူတွေ တက်ရောက်သင့်သလဲ?

ကိုယ်ပိုင်စီးပွားရေး လုပ်ဆောင်နေသူတွေ၊ Online Shopping လုပ်ဆောင်နေသူတွေ၊ လက်ရှိ Marketing နယ်ပယ်မှာ လုပ်ကိုင်နေသူတွေ၊ Business Management လေ့လာနေသူတွေ၊ PR လုပ်ကိုင်နေသူတွေ၊ Travel &Tour လုပ်ဆောင်နေသူတွေ ၊ Hotel လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေ၊ လက်ရှိ Agency တွေမှာ လုပ်ကိုင်နေသူတွေ၊ Digital Marketing ကို စိတ်၀င်စားလေ့လာလိုသူတွေ တက်ရောက်လေ့လာသင့်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သင်ကြားပေးမည့်ဆရာ။
ဦးဆန်းလင်းပိုင် ဖြစ်ပြီး Amazingyango ရဲ့Founder ဖြစ်၍ လက်ရှိမှာလည်းDigital Media နှင့်Digital Marketing, Branding, Digital Sale နှင့်Advertising ပိုင်းများကိုလက်ရှိလုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ Camella Cosmetics , Dcash Myanmar စသည့် Brand များ၏ Branding ပိုင်းများကို လုပ်ဆောင်ပေးလျက်ရှိပြီး One Championship နှင့်လည်း Content Partnership အဖြစ် လုပ်ကိုင်ပေးလျက်ရှိပြီး Social Media Marketing, Contenting Writing, Email Marketing, Google SEO, Digital Sale Exam များကိုလည်းဖြေဆိုအောင်မြင်ထားသူဖြစ်ပါသည်။
————————————————–
#သင်တန်းအချိန် – ညနေ (၆)နာရီမှ (၈)နာရီထိ။ (၆ရက်၊ ကြာသပတေးနေ့ မှ စနေနေ့ထိ)

#သင်တန်းစတင်မည့်ရက် – ၁၉-၃-၂၀၂၀ နေ့

#သင်တန်းပြီးမည့်ရက် – ၂၈-၃-၂၀၂၀ နေ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
#သင်တန်းအပ်ရန်ရက်။ ၁၂-၃-၂၀၂၀ ရက်နေ့မှ ၁၈-၃-၂၀၂၀ ရက်နေ့ထိ

#သင်တန်းအပ်ရန်အချိန်။ မနက် (၉)နာရီမှ ညနေ (၇)နာရီထိ

#သင်တန်းနေရာ။ အမှတ်(8)၊ (5)လွှာ၊ စံရိပ်ငြိမ် (1)လမ်း၊လှည်းတန်း၊ကမာရွတ်မြို့နယ်။

#ဆက်သွယ်ရန်ဖုန်း။ 09404066601,09404066602
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မှတ်ချက်။ ။

#Not for Profit
#ကိုယ်တိုင် လာရောက်၍ သင်တန်းအပ်ရပါမည်။ သင်တန်းသား (၃၀)ယောက်သာ လက်ခံမည်ဖြစ်သဖြင့် ဖုန်းကြိုဆက်၍ သင်တန်းသားဦးရေ ပြည့်မပြည့်မေးပါရန် မေတ္တာရပ်ခံပါတယ်။

#သင်တန်းအပ်ရာတွင် passport ပုံ (၂)ပုံ နှင့် Register fees= ၁သောင်း၈ထောင်ကျပ် (စာရွက်စာတမ်း၊သင်တန်းဆင်းလက်မှတ်) သာလိုအပ်ပါသည်။
Coffee နှင့် မုန့် များဖြင့် ဧည့်ခံပါမည်။
#Management_Intellect #Digital_Marketing #Social_Media_Marketing

Leave a Reply

Your email address will not be published. Required fields are marked *