၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်က စင်ကာပူနိုင်ငံမှာကျင်းပသွားတဲ့ ONE: KING OF THE JUNGLE ပြိုင်ပွဲဟာ ထင်မှတ်မထားတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့သလို ပရိသတ်အကြိုက် စိတ်လှုပ်ရှားစရာ ပွဲကောင်းတွေဖြစ်ခဲ့ပါတယ်။ အဓိကခေါင်တွဲဆိုင်းမှာ ရှုံးပွဲမရှိသေးတဲ့ ထိုင်း အားကစားသမား Stamp Fairtex ကို အမေရိကန် အားကစားသမား Janet “JT” Todd က အမှတ်နဲ့အနိုင်ယူကာ ပထမအကြိမ်ရှုံးကြွေး ကို ပြန်လည်ပေးဆပ်နိုင်ခဲ့သလို ONE အမျိုးသမီး အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကိုပါ ရရှိခဲ့ပါတယ်။ အနိုင်ရသူတွေအတွက် အနာဂတ်အလားအလာက ပိုမိုတောက်ပလာခဲ့ပြီး ရှေ့လာမယ့်ပြိုင်ပွဲတွေမှာ ဘယ်သူတွေနဲ့ ရင်ဆိုင်ရနိုင်သလဲဆိုတာကလည်း စိတ်ဝင်စားစ ရာကောင်းနေလို့ ဖြစ်နိုင်ဖွယ် ပြိုင်ဘက်တွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Teo နှင့် The Panda

စတောဝိတ်တန်းတွဲဆိုင်းမှာ ၆ ပွဲဆက် ရှုံးပွဲမရှိသေးတဲ့ ဂျပန်အားကစားသမား Ayaka Miura ကို လက်သီးထိုးချက်တွေနဲ့ ဒိုင်ပွဲရပ်အနိုင်ရခဲ့ တဲ့ အိမ်ရှင် စင်ကာပူအားကစားသမား Tiffany “No Chill” Teo ရဲ့ စွမ်းဆောင်မှုကတော့ ချီးကျူးစရာကောင်းပါတယ်။ ပြိုင်ဘက်တွေကို ချုပ်ကွက်တွေနဲ့ အနိုင်ယူလေ့ရှိတဲ့ Miura က အဲဒီဗျူဟာအတိုင်း ခင်းကျင်းခဲ့ပေမယ့်လည်း Teo က ပြိုင်ဘက်ရဲ့အခင်းအကျင်းထဲ ဝင်မသွား ဘဲ လက်သီးတွဲလုံးတွေ၊ ခြေကန်ချက်တွေနဲ့ အထိနာစေခဲ့ပါတယ်။ အသက် ၃၀ အရွယ် Teo ဟာ ၉ ပွဲနိုင်၊ ၁ ပွဲရှုံးထားပြီး သူ့ကို ရှုံးပွဲကြုံစေခဲ့ တဲ့ ONE စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တရုတ်အားကစားသမား “The Panda” Xiong Jing Nan နဲ့ မကြေပွဲဆုံတွေ့ဖို့ အခွင့်အရေးရခဲ့  ပါတယ်။ Teo နဲ့ Miura တို့ပွဲကို The Panda ကိုယ်တိုင် လေ့လာကြည့်ရှုခဲ့ပြီး သူတို့နှစ်ယောက် မကြေပွဲက ၂၀၂၀ နှစ်ကုန်ပိုင်းအတွင်း ဖြစ် မြောက်လာဖွယ်ရှိနေပါတယ်။

Worthen နှင့် Fernandes

နယူးဇီလန်-ဖိလစ်ပိုင် အားကစားသမား Mark Fairtex Abelardo ကို အသာစီးယှဉ်ပြိုင်ကာ အမှတ်နဲ့အနိုင်ရခဲ့တဲ့ အမေရိကန် အားကစား သမား “Pretty Boy” Troy Worthen ကလည်း ONE Championship အဖွင့် ၃ ပွဲအပါအဝင် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ၇ ပွဲစ လုံး အနိုင်ယူကာ ထိပ်တန်းကစားသမားတွေအတွက် ပြိုင်ဘက်ကောင်းဆိုတာ သက်သေပြနေပါတယ်။ အမေရိကန် နပမ်းချန်ပီယံ Worthen ဟာ မြေပြင်ချုပ်ကွက်နည်းဗျူဟာပိုင်း ကျွမ်းကျင်ပိုင်နိုင်သလို မတ်တပ်ရပ်ယှဉ်ပြိုင်မှုမှာလည်း ထူးချွန်သူပါ။ နာမည်ကျော် Evolve MMA အသင်းသား Worthen ဟာ ONE ဘန်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဘရာဇီးလ်အားကစားသမား Bibiano “The Flash” Fernandes ရဲ့ ချန်ပီယံစိန်ခေါ်သူအဆင့် ရောက်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။

Zamboanga နှင့် Angela Lee

အမျိုးသမီး အက်တမ်ဝိတ်တန်းတွဲဆိုင်းမှာ နာမည်ကျော် ဂျပန်အားကစားသမား Mei “V.V” Yamaguchi ကို အမှတ်နဲ့ အနိုင်ရခဲ့တဲ့ ဖိလစ် ပိုင်အားကစားသမား Denice “The Menace Fairtex” Zamboanga ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ၄ ပွဲစလုံး အနိုင်ယူကာ ထိပ်တန်းကစားသမားတစ်ယောက်ဆိုတာကို သက်သေပြနေပါတယ်။ Fairtex အသင်းသား Zamboanga ဟာ ၄ ပွဲဆက်အနိုင်ရထားတဲ့ Yamaguchi ကို လျှပ်ပြက်သလို ပြင်းထန်အားပါတဲ့ လက်သီးတွဲလုံးတွေနဲ့ အောင်ပွဲရယူနိုင်ခဲ့တာပါ။ ငယ်ရွယ်သွက်လက်တဲ့ Zamboanga ဟာ ONE အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူအားကစားသမား “Unstoppable” Angela Lee နဲ့ ကမ္ဘာ့ချန်ပီယံ တွဲဆိုင်း ယှဉ်ပြိုင်ခွင့်ရမယ်လို့ ONE Championship ဥက္ကဌ Chatri ကိုယ်တိုင်က အတည်ပြုထားပါတယ်။

Phogat နှင့် Hirata

အခြားအမျိုးသမီး အက်တမ်ဝိတ်တန်းတွဲဆိုင်းမှာ ထိုင်ဝမ်အားကစားသမား “Miss Red” Wu Chiao Chen ကို အသာစီးထိုးသတ်ကာ အ မှတ်နဲ့ အနိုင်ရခဲ့တဲ့ အိန္ဒိယအားကစားသမား Ritu “The Indian Tigress” Phogat ဟာ နောက်ထပ်အဆင့်တစ်ခုကို ထပ်မံတက်လှမ်းနိုင် ခဲ့ပါတယ်။ ဓနသဟာယနပမ်းချန်ပီယံ Evolve MMA အသင်းသား Phogat ဟာ ONE Championship အဖွင့် ၂ ပွဲစလုံး အနိုင်ရထားပြီး ONE Warrior Series ကနေ တက်လှမ်းလာတဲ့ နယူးဇီလန်အားကစားသမား Nyrene “Neutron Bomb” Crowley နဲ့ နောက်ထပ်ယှဉ် ပြိုင်ရဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒါပေမဲ့ တကယ်တမ်း သူနဲ့ယှဉ်ပြိုင်ဖို့ သင့်တော်သူကတော့ Croeley၊ Rika Ishige၊ Angelie Sabanal အပါအဝင် ပြိုင်ဘက် ၆ ဦးကို အနိုင်ယူထားတဲ့ ဂျပန်အားကစားသမား Itsuki “Strong Heart Fighter” Hirata ပဲ ဖြစ် ပါတယ်။ ရှုံးပွဲမရှိသေးတဲ့ သူတို့နှစ်ယောက်ရဲ့တွဲဆိုင်းသာ အမှန်တကယ်ဖြစ်မြောက်လာခဲ့ရင် ပရိသတ်အကြိုက် ရင်ခုန်စိတ်လှုပ်ရှားစရာ တွဲ ဆိုင်းကောင်းတစ်ခုဖြစ်လာမှာ သေချာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *