အားကစားသမားကောင်းတစ်ယောက် ဖြစ်လာဖို့ဆိုတာ ကစားသမားဘက်က ကြိုးစားမှုတွေ၊ အားထုတ်မှုတွေ၊ စွန့်လွှတ်အနစ်နာခံမှု တွေနဲ့အတူ အကောင်းဆုံးလေ့ကျင့်ပြင်ဆင်ထားဖို့ လိုအပ်တယ်ဆိုတာ အားလုံး လက်ခံထားကြပါတယ်။ တစ်ဦးချင်းကစားရတဲ့ အားက စားနည်းတွေရှိသလို အသင်းအဖွဲ့နဲ့ကစားရတဲ့ အားကစားနည်းတွေလည်း ရှိပါတယ်။ ဘုံတူညီမှုကတော့ အားကစားအသင်းတိုင်းမှာ နည်းပြရှိသလို အခြေစိုက်လေ့ကျင့်တဲ့ ကွင်း ဒါမှမဟုတ် လေ့ကျင့်ရေးခန်းမတွေ ရှိကြပါတယ်။ လက်ဝှေ့လို၊ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားလို တစ်ယောက်ချင်း ယှဉ်ပြိုင်ထိုးသတ်ရတဲ့ အားကစားနည်းမှာဆိုရင်လည်း နည်းပြတွေ၊ တွဲဖက်လေ့ကျင့်ပေးသူတွေ၊ အခြေ စိုက်ရာ ကလပ်တွေရှိပါတယ်။ နည်းပြနဲ့ လေ့ကျင့်ဖက်တွေကောင်းရုံနဲ့ ကမ္ဘာ့ချန်ပီယံတစ်ယောက် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် လည်း မရှိပါဘူး။

ကိုယ်စားပြုရာ အားကစားကလပ်က ကစားသမားတွေအတွက် အကောင်းဆုံးပံ့ပိုးပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ လေ့ကျင့်ရေးပစ္စည်း တွေက ခေတ်နဲ့အမီ ရင်ဘောင်တန်းနိုင်ရမှာဖြစ်သလို ကျွေးမွေးတဲ့ အစားအသောက်ကလည်း အာဟာရပြည့်ဝဖို့ လိုပါတယ်။ ဒါ့အပြင် ကစားသမားတွေကို စည်းကမ်းတကျ နေထိုင်စားသောက်တတ်အောင် လမ်းညွှန်ပြသဖို့ကလည်း မဖြစ်မနေလိုအပ်ပြီး ထိခိုက်ဒဏ်ရာရခဲ့ ရင် ပြန်လည်တည်ထောင်ရေး လုပ်ငန်းစဉ်တွေက စနစ်ကျဖို့ လိုအပ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့ အစည်း ONE Championship ရဲ့မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် “မြန်မာ့စပါးအုံး” အောင်လ အန်ဆန်ဟာ နာမည်မထင်ရှားခင်က ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းကြိုးစားခဲ့ရပြီး ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်လာအောင် ကြိုးစားတည် ဆောက်ခဲ့ရတာပါ။

အောင်လအန်ဆန်ရဲ့နောက်ကွယ်ကနေ ကမ္ဘာကျော် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားတစ်ယောက် ဖြစ်လာစေဖို့အတွက် ပံ့ပိုး ကူညီပေးခဲ့သူတွေထဲမှာ နည်းပြတွေ၊ အတူလေ့ကျင့်ဖက်တွေသာမက အခြေစိုက်လေ့ကျင့်လျက်ရှိတဲ့ ကလပ်လည်း ပါဝင်ပါတယ်။ ဒါ ကြောင့် မြန်မာအားကစားသူရဲကောင်းရဲ့လက်ရှိကလပ် Sanford MMA အကြောင်း ဖော်ပြလိုက်ပါတယ်။

Sanford MMA ဆိုတာ

Sanford MMA ကို ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းကမှ တရားဝင်တည်ထောင်ခဲ့တာ ဖြစ်ပေမယ့်လည်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ကို ၁၈၉၄ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်လို့ သက်တမ်းအားဖြင့် ၁၂၆ နှစ် ရှိနေပါပြီ။ ကင်ဆာ၊ နှလုံး၊ ကလေးကျန်းမာရေး စောင့်ရှောက်မှု၊ ကနေဒါ၊ ဂါနာ၊ တရုတ်၊ ဂျာမနီတို့မှာပါ လုပ်ငန်းတွေ လုပ်ကိုင်လျက်ရှိပါတယ်။ တောင်ဒါကိုတာပြည်နယ်၊ Sioux Falls မြို့မှာ ရုံးချုပ်ထားရှိတဲ့ Sanford Health ဟာ ကိုယ်ပိုင်ဆေးရုံတွေ၊ ဆေးခန်းတွေကိုလည်း ဖွင့်လှစ်ထားပါတယ်။

အားကစားနဲ့မစိမ်း

Sanford Health ဟာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေတာကြောင့် အားကစားသမားတွေ ထိခိုက်ဒဏ်ရာရခဲ့ရင် အမြန် ဆုံး ပြန်လည်သက်သာလာအောင် ကုသမှုတွေပြုလုပ်ပေးပါတယ်။ ဒါ့အပြင် အဆိုပါအဖွဲ့အစည်းဟာ အားကစားနဲ့လည်း မစိမ်းပါဘူး။ ၂၀၁၃ ခုနှစ်အတွင်း Sioux Falls မြို့မှာ ပရိသတ် ၄၀၀၀ နီးပါးဝင်ဆံ့တဲ့ Sanford Pentagon ဆိုတဲ့ မိုးလုံလေလုံအားကစားရုံတစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီအားကစားရုံမှာ ဘတ်စကက်ဘော၊ ဘော်လီဘောအပြင် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားပြိုင်ပွဲတွေကိုပါ လက်ခံကျင်းပပေးလျက်ရှိပါတယ်။

ဘယ်ကစားသမားတွေ ပါသလဲ

စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Sanford Health ဟာ တဖြည်းဖြည်း လူကြိုက်များလာတဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနည်း မှာ ဝင်ရောက်မြှုပ်နှံဖို့ အစီအစဉ်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒါကတော့ Sanford MMA ဆိုတဲ့ ကိုယ်ပိုင်ကလပ်တစ်ခု တည်ထောင်လိုက်တာဖြစ်ပြီး ထိပ်တန်းအားကစားသမား ၄၀ နီးပါးကို သူတို့နဲ့ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့ပါ တယ်။ ဒါကြောင့် အောင်လအန်ဆန်ဟာ Sanford MMA ရဲ့လုပ်ဆောင်မှုတွေကို ကြိုက်နှစ်သက်ကာ အသင်းသားတစ်ယောက်အဖြစ် ပူးပေါင်းခဲ့ပါတယ်။ Sanford MMA မှာ UFC၊ ONE Championship၊ Bellator၊ LFA၊ Titan၊ Glory စတဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ နာမည်ကျော် အားကစားသမားတွေ ရှိနေပါပြီ။

UFC ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Kamaru Usman၊ Bellator လိုက်ဟဲဗီးဝိတ်တန်းနဲ့ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Ryan Badar၊ တောင်ဒါကိုတာ ပြည်နယ်နပမ်းချန်ပီယံ Logan Storley၊ Bellator လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Michael Chandler၊ UFC ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Robbie Lawler၊ UFC မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Luke Rockhold၊ ONE Championship ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Martin Nguyen၊ UFC မှာယှဉ်ပြိုင်ဖူးပြီး လက်ရှိ ONE Championship နဲ့ စာချုပ် ထားတဲ့ Vitor Belfort၊ အောင်လအန်ဆန်ရဲ့တပည့် ချင်းတိုင်းရင်းသား ထီရယ်ထန်းတို့လည်း Sanford MMA ကို ကိုယ်စားပြုကာ ပြိုင်ပွဲ တွေ ယှဉ်ပြိုင်တော့မှာပါ။

အားသာချက်

Sanford MMA မှာထားရှိတဲ့ လေ့ကျင့်ရေးအထောက်အကူပြု ပစ္စည်းကိရိယာတွေက အခြားသော ကလပ်တွေမှာထက် ပြည့်စုံကောင်း မွန်ပြီး အောင်လအန်ဆန်ကတောင် အံ့အားသင့်မိတယ်လို့ ဆိုပါတယ်။ အားကစားသမားတွေ ကျန်းမာရေးအတွက် ကျွမ်းကျင်ဆရာဝန် တွေထားရှိသလို ဒဏ်ရာရခဲ့ရင် ခေတ်မီကုထုံးတွေနဲ့ ကုသမှုပေးသွားမှာပါ။ ဒါ့အပြင် နေထိုင်စားသောက်မှုအတွက် အာဟာရဗေဒကျွမ်း ကျင်သူတွေကိုလည်း ခန့်အပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *