Central Base Production မှ ရိုက်ကူးထုတ်လွှင့်ထားသော ထာဝရနှောင်ကြိုး (Now & Ever)  ရုပ်ရှင်ကားကြီးအား CANAL+ ရုပ်သံလိုင်းတွင် သီးသန့် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သဘောတူညီချက်ကို Central Base Production နှင့် CANAL+ မြန်မာတို့မှ  ဇန်နဝါရီလ ၃၁ ရက်နေ့တွင် Le Planteur Fine Dining  ၌ လက်မှတ်ရေးထိုးပွဲ ကျင်းပပြုလုပ်ခဲ့သည်။


“Central Base Production နဲ့အတူ ပူးပေါင်းပြီး ဇာတ်လမ်းတွေ သီးသန့်ထုတ်လွှင့်လာတာ အခုအပါအဝင်ဆိုရင် သုံးကားမြောက်ရှိပါပြီ။ ကျွန်တော်တို ရဲ့ ကြည့်ရူသူတွေအတွက် ဒီလို ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ ထာဝရနှောင်ကြိုး (Now & Ever) ကို CANAL+ မှာအခုလို သီးသန့် ပြသခွင့်ရရှိတဲ့အတွက် အတိုင်းမသိ ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မိသားစုတိုင်း အိမ်တိုင်းအတွက် နွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်ဖွယ်ရာ  အချိန်လေးကို အတူတူကုန်ဆုံးနိုင်ဖို့ အတွက် CANAL+ မှ အကောင်းဆုံးသော ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ပြသပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားလျက်ရှိပါတယ်။ ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ ထာဝရနှောင်ကြိုး (Now & Ever) ဇာတ်ကားကြီးကို များပြားလှတဲ့ ကြည့်ရူသူတွေထံကို အရောက်ပြသပေးပြီး တစ်ဖက်တစ်လှမ်းကနေ ထောက်ပံ့ချင်ပါတယ်” ဟု Canal+ Myanmar မှ CEO ဖြစ်သူ Mr. Erwan Luherne မှလည်း ပြောကြားခဲ့သည်။


 “ထာဝရနှောင်ကြိုး (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးကို အခုလို CANAL+ နဲ့ အတူပူးပေါင်းပြီး ထုတ်လွှင့်ခွင့်ရတဲ့အတွက် ပျော်ရွှင်ကျေနပ်မိပါတယ်။ ရုံမှာမကြည့်လိုက်ရတဲ့ ပရိတ်သတ်တွေအတွက်လည်း CANAL+ ကနေ ထပ်မံကြည်ရူလို့ရနိုင်တဲ့အတွက် ကျွန်မတို့အတွက် ဒါဟာအခွင့်အရေးကောင်းတစ်ခုလို့ထင်ပါတယ်။ CANAL+ နဲ့ အတူစာချုပ်ချုပ်ဆိုလာတာဆိုရင် ဥပါယ်တံမျဉ် (Deception)၊ မုဒြာခေါ်သံ (Mudra’s Calling) နဲ့ အခု ထာဝရနှောင်ကြိုး (Now & Ever) အပါအဝင်ဆိုရင် စုစုပေါင်းသုံးကားမြောက်ရှိပါပြီ။” ဟု Central Base Production ၏ CEO ဖြစ်သူ မခရစ်တီးနားခီ မှလည်း ပြောကြားခဲ့ပါသည်။
CANAL+ မှ မြန်မာပြည်သူများ အကြိုက်တွေ့နှစ်သက်စေမည့် အရည်အသွေးပြည့်ဝသော မြန်မာရုပ်ရှင်ဇာတ်ကားကောင်းများ ပြသပေးသွားနိုင်ရန်အတွက် အားထုတ်ကြိုးပမ်းလျက်ရှိသည့်အပြင် ၂ဝ၂ဝခုနှစ်အတွင်းတွင်လည်း အကောင်းဆုံးသော မြန်မာဇာတ်ကားပေါင်း ၂၅ကားအား သီးသန့်ပြသပေးနိုင်ရန် ရည်ရွယ်ထားရှိပါသည်။


CANAL+ မှ ယင်းတို့၏ ကိုယ်ပိုင်ဖန်တီးတင်ဆက်မှုများဖြစ်သော တီဗီစီးရီးများ၊ သီချင်းအစီအစဉ်များ၊ အခြားသောမတူညီသည့် အကြောင်းအရာမျိုးစုံကို ပိုမိုဆန်းသစ်စွာ ချပြနိုင်ရန်နှင့် များစွာသောစီမံကိန်းများထဲမှ တစ်ခုဖြစ်သည့်  ရုပ်မြင်သံကြားအစီအစဉ်အတွက်လည်း အရည်အချင်းရှိသော အနုပညာရှင်များအား အခွင့်အလှမ်းကောင်းများ ပေးနိုင်ရန်အတွက် အားထုတ်ကြိုးပမ်းလျက်ရှိပါသည်။ ခရစ်စတီနားနှင့် ဇာဏ်ခီတို့ကဲ့သို့သော အနုပညာရှင်များနှင့် ရေရှည်ခိုင်မြဲစွာ လက်တွဲသွားနိုင်ရန်လည်း မျှော်မှန်းထားရှိပါသည်။
CANAL+ မှ မြန်မာကြည်ရူ့သူပရိတ်သတ်များအား နိုင်ငံတကာရုပ်ရှင်စီးရီးများနှင့် အခြားသောအစီအစဉ်များအပြင် အရည်အသွေးပြည့်ဝသော ပြည်တွင်းရုပ်ရှင်များအားချပြကာ မတူညီသောရသမျိုးစုံကို  ပေးစွမ်းနိုင်ရန်ဆောင်ရွက်လျက်ရှိပြီး မိသားစုတိုင်း အိမ်တိုင်းအတွက် နွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်ဖွယ်ရာ  အချိန်လေးကို အတူတူကုန်ဆုံးနိုင်ဖို့ အတွက် CANAL+ မှ အစီအစဉ်သစ်များအား ပြသပေးနိုင်ရန် အားထုတ်ကြိုးပမ်းလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *