ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ဟာ အရည်အသွေးရှိတဲ့ မီးခဲပြာဖုံး ရွက်ပုန်း သီးအားကစားသမားတွေ ထွက်ပေါ်လာအောင် ONE Warrior Series ပြိုင်ပွဲကို ကျင်းပပေးလျက်ရှိပါတယ်။ စင်ကာပူအခြေစိုက် အား ကစားမီဒီယာအဖွဲ့အစည်းကြီးဟာ OWS ပြိုင်ပွဲတွေကို အရှေ့တောင်အာရှတင်မက ကမ္ဘာ့စီးပွားရေးအင်အား အတောင့်တင်းဆုံးစာရင်း ထဲပါဝင်တဲ့ စင်ကာပူနိုင်ငံမှာသာ ပုံမှန်ကျင်းပေးနေတာပါ။ ၂၀၂၀ ပြည့်နှစ်ရဲ့ပထမဆုံးသော OWS ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်ကျရင် စင်ကာပူနိုင်ငံမှာ စတင်ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲအကြိမ်အရေအတွက်က ဆယ်ကြိမ်ပြည့်မြောက်သွားဖြစ်တာကြောင့် OWS 10 အ မည်နဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။

OWS 10 ပြိုင်ပွဲမှာ စုစုပေါင်း တွဲဆိုင်း ၁၅ ဆိုင်းပါဝင်ပြီး ဒီပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်း ပြသထားနိုင်သူတွေကို ONE Championship က ဒေါ်လာ သိန်းဂဏန်းရှိတဲ့ပမာနနဲ့ စာချုပ်ကာ ကမ္ဘာ့စင်မြင့်ထက် အစွမ်းပြခွင့်ရအောင် ပျိုးထောင်ပေးလျက်ရှိပါ တယ်။ OWS ပြိုင်ပွဲကနေ ထင်ရှားကျော်ကြားလာသူတွေအနက် အထင်ရှားဆုံးက ONE အမျိုးသမီး အက်တမ်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ ချန်ပီယံနဲ့ Kickboxing ကမ္ဘာ့ချန်ပီယံ ထိုင်းအားကစားသမား Stamp Fairtex ပဲဖြစ်ပါတယ်။ အခြားသော အားကစားသမားအချို့ဆိုရင် လည်း OWS ကနေ ထွက်ပေါ်ကာ ONE Championship ပြိုင်ပွဲမှာ အစွမ်းပြနေသူတွေရှိပါတယ်။ OWS 10 ပြိုင်ပွဲမှာ တိုက်ကြီးငါးတိုက် က အားကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အဓိကခေါင်တွဲဆိုင်းက လိုက်ဝိတ်တန်းဖြစ်ကာ တောင်ကိုရီးယားအားကစား သမား Byung Hee “The Lucky Guy” Lim နဲ့ နယူးဇီလန် အားကစားသမား Kieran “The Stonecutter” Joblin တို့ ယှဉ်ပြိုင်သွားမှာ ပါ။

မျက်နှာသစ် ၁၃ ဦးပါဝင်လာခြင်း

၂၀၂၀ ပြည့်နှစ်အတွင်း ပထမဆုံးပြုလုပ်မယ့် OWS 10 ပြိုင်ပွဲမှာ ဒီတစ်ကြိမ်ကျမှ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်မယ့် အားကစားသမား အသစ် ၁၃ ဦးရှိပါတယ်။ အဆိုပါ ကစားသမားတွေဟာ OWS ပြိုင်ပွဲအတွေ့အကြုံကို ပထမဆုံး မြည်းစမ်းခွင့်ရမှာဖြစ်ပေမယ့်လည်း အ စိမ်းသက်သက်တော့ မဟုတ်ပါဘူး။ သူတို့ဟာ သက်ဆိုင်ရာနိုင်ငံတွေမှာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနည်းတစ်ရပ်ရပ်နဲ့ ပြိုင်ပွဲ တွေ ယှဉ်ပြိုင်ခဲ့ဖူးသူတွေပါ။ ဒါ့အပြင် OWS 10 မှာ မျက်နှာသစ်တွေကို ဧည့်ခံမယ့်သူတွေကလည်း အရည်အသွေားအပြည့်ရှိတဲ့ အားက စားသမားကောင်းတွေဖြစ်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်တဲ့တွဲဆိုင်းတွေ ဖြစ်လာမှာ အသေအချာပါပဲ။ တွဲဆိုင်း ၁၅ ဆိုင်းအနက် အမျိုး သမီးတွဲဆိုင်း တစ်ဆိုင်းသာပါဝင်ပြီး အက်စတိုးနီးယား အားကစားသမား Marie Ruumet နဲ့ ပါကစ္စတန် အားကစားသမား Anita Fairtex Karim တို့ ယှဉ်ပြိုင်ကြမှာပါ။

မျက်နှာသစ်တွေအနက် အီဂျစ်အားကစားသမား Ahmed “The Prince” Faress က နိုင်ပွဲဆက်နေတဲ့ မြောက်အိုင်ယာလန် အားကစား သမား Alan “The Apprentice” Philpott နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် Philpott ဟာ  နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ OWS 6၊ OWS 7 ပြိုင်ပွဲတွေမှာ အမေရိကန် အားကစားသမား Zechariah “Earth Man” Lange၊ တောင်ကိုရီးယား အားကစားသမား Myung Gu Kim တို့ကို အနိုင်ရထားပါတယ်။ ယှဉ်ပြိုင်ပြီးသမျှ OWS ပြိုင်ပွဲ ၄ ကြိမ်မှာ အမှတ်နဲ့ဆုံးဖြတ်ရတဲ့ပွဲမရှိဘဲ ၂ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်းရယူထားတဲ့ ဘရူနိုင်းအားကစားသမား Adib “Deep” Sulaiman က ဝါရင့် အိန္ဒိယအားကစားသမား Susovan “Lil Tiger” Ghosh နဲ့ ယှဉ်ပြိုင်သွားမှာပါ။ Ghosh ဟာ ONE Championship စတင်တည်ထောင်တဲ့ ၂၀၁၁ ခုနှစ်ကတည်းက လက်တွဲ ခဲ့ပြီး ပထမဆုံးပြိုင်ပွဲ ONE: CHAMPION Vs CHAMPION ပြိုင်ပွဲကတည်းက ယှဉ်ပြိုင်ဖူးပါတယ်။

အခွင့်အရေး လက်လွှတ်ခဲ့တဲ့ စိုင်းဉာဏ်လင်း

OWS ပြိုင်ပွဲတွေ ပါဝင်ဆင်နွှဲနေတဲ့ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားတွေအနက် စိုင်းဉာဏ်လင်းလည်း အပါအဝင်ဖြစ်ပါတယ်။ လွိုင်ကော်ဇာတိ စိုင်းဉာဏ်လင်းဟာ OWS ပြိုင်ပွဲ ၂ ကြိမ်ဆက်တိုက်မှာ မလေးရှားအားကစားသမား Matt Korro၊ ထိုင်းအားကစားသ မား Peter “Saint” Danasoe တို့ကို အနိုင်ရထားပါတယ်။ စွမ်းဆောင်ရည်ကောင်းတွေပြသကာ ၂ ပွဲဆက်တိုက် အနိုင်ရထားတဲ့ စိုင်း ဉာဏ်လင်းဟာ OWS 10 ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း ဇန်နဝါရီလအတွင်း ကွယ်လွန်သွားတဲ့ အဒေါ်ဖြစ်သူကို ပြုစုခဲ့လို့ လေ့ကျင့်မှု ကောင်းကောင်းမလုပ်နိုင်တာကြောင့် လက်လွှတ်ခဲ့ပါတယ်။ Team PT အသင်းသားက ၂၀၂၀ ပြည့်နှစ်ရဲ့ပထမဆုံး သော OWS ပြိုင်ပွဲကို ပါဝင်ဆင်နွှဲချင်ပေမယ့်လည်း အဒေါ်ဖြစ်သူရဲ့နာရေးကြောင့် ပြင်ဆင်ချိန်နည်းပါးခဲ့သလို ပြင်ဆင်မှုကောင်းကောင်း ပြုလုပ်ချင်လို့ မယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ရတာလို့ ပြောပါတယ်။

မြန်မာပရိသတ်သိတဲ့ ကစားသမား

OWS 10 ပြိုင်ပွဲရဲ့ဖယ်သာဝိတ်တန်း Kickboxing တွဲဆိုင်းမှာ ပါကစ္စတန် အားကစားသမား Shahzaib Rindh နဲ့ ရင်ဆိုင်ထိုးသတ်မယ့် ယူကရိန်းအားကစားသမား Sasha Moisa ဟာ မြန်မာ့ရိုးရာလက်ဝှေ့ကိုလည်း ယှဉ်ပြိုင်ဖူးပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအ တွင်း မန္တလေးမြို့မှာပြုလုပ်တဲ့ WLC: KING OF NINE LIMBS ပြိုင်ပွဲမှာ လိုက်မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ပိုလန်အားကစားသမား Artur Saladiak ကို အမှတ်နဲ့အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူထားသူပါ

Leave a Reply

Your email address will not be published. Required fields are marked *