ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship မှာ ကမ္ဘာ့ချန်ပီယံခါးပတ် ပိုင်ဆိုင်ထားတဲ့ အားကစားသမား အရေအတွက်က ၂၁ ဦးရှိပါတယ်။ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၃ ဦးဖြစ်ပြီး ချန်ပီယံခါးပတ်နှစ်ခု ပိုင်ဆိုင်ထားသူက တော့ ၂ ဦးသာရှိကာ ONE မစ်ဒယ်ဝိတ်တန်း၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်များပိုင်ရှင် မြန်မာအားကစားသမား “မြန်မာ့စပါး အုံး” အောင်လအန်ဆန် နဲ့ ONE အမျိုးသမီး အက်တမ်ဝိတ်တန်း Kickboxing၊ အက်တမ်ဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် ထိုင်းအားကစားသမား Stamp Fairtex တို့ပါပဲ။ အသက် ၂၂ နှစ်အရွယ် Fairtex ဟာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်က စင်ကာပူမှာပြုလုပ်တဲ့ ONE: CALL TO GREATNESS ပြိုင်ပွဲရဲ့အက်တမ်ဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံ  တွဲဆိုင်းမှာ အမေရိကန်အားက စားသမား Janet “JT” Todd ကို အမှတ်နဲ့အနိုင်ယူကာ ဒုတိယမြောက် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

ပြက္ခဒိန်နှစ်တစ်နှစ် ကုန်ဆုံးသွားချိန်မှာတော့ ရာဇဝင်ကြွေးရှိခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ၂၀၂၀ ဖေဖော်ဝါရီ ၂၈ ရက်ကျရင် စင်ကာပူမှာပဲ ပြုလုပ်မယ့် ONE: KING OF JUNGLE ပြိုင်ပွဲရဲ့အဓိက ခေါင်တွဲဆိုင်းအဖြစ် အက်တမ်ဝိတ်တန်း Kickboxing ကမ္ဘာ့ချန်ပီယံလုပွဲမှာ ဒုတိယမ္မိ ထပ်မံဆုံတွေ့ဖို့ အကြောင်းဖန်လာပါပြီ။ ဒုတိယမြောက်ဆုံတွေ့နေတဲ့ သူတို့နှစ်ယောက် ထိုးသတ်မယ့် တွဲဆိုင်းရဲ့ ထူးခြားချက်က ပထမတစ်ကြိမ်ကလို စင်ကာပူမှာပဲ ပြန်လည်ကျင်းပမှာ၊ ပထမအကြိမ်ကလို မွေထိုင်းပွဲ မဟုတ်ဘဲ Kickboxing တွဲဆိုင်း ဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါ့အပြင် အခုပြိုင်ပွဲက ပတ္တရားအခြေစိုက် Fairtex Gym အသင်းသား Stamp Fairtex အတွက် ONE အက်တမ်ဝိတ်တန်း Kickboxing ကမ္ဘာ့ချန်ပီယံဆုကို ပထမဆုံးအကြိမ် ကာကွယ်ရမယ့်အချက်ကလည်း ထူးခြားပါတယ်။ Kickboxing၊ မွေထိုင်းအားကစားနည်းတွေနဲ့အတူ ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုရထားတဲ့ Stamp Fairtex ဟာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနည်းမှာလည်း ကမ္ဘာ့ ချန်ပီယံခါးပတ် ထပ်မံရယူနိုင်ရေး ရည်မှန်းထားပြီး အဆိုပါ အားကစားနည်းမှာလည်း နိုင်ပွဲ ၄ ပွဲဆက်တိုက် ရယူထားပါတယ်။

Stamp Fairtex ဟာ မတူညီတဲ့ အားကစားနည်း ၃ ခုနဲ့အတူ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူနိုင်တဲ့ ပထမဆုံး အားကစားသမားအဖြစ် မှတ် တမ်းတင်ခံရနိုင်ဖို့အတွက် ကြိုးစားလေ့ကျင့်လျက်ရှိပါတယ်။ ဒါကြောင့် ရွှေရောင်အိပ်မက် မပျက်စီးဖို့အတွက် Todd နဲ့ ဆုံတွေ့ရမယ့် တွဲဆိုင်းကို အနိုင်ထိုးသတ်ဖို့ လိုအပ်နေပြီး မွေထိုင်းရဲ့အမှတ်သင်္ကေတလို့ဆိုနိုင်တဲ့ တံတောင်ရိုက်ချက် အသုံးပြုခွင့်မရတဲ့ Kickboxing ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ ထိုင်းအားကစားသမားက ဆိုပါတယ်။ “Janet Todd နဲ့ Kickboxing စည်းမျဉ်းစည်းကမ်းအ တိုင်း ထိုးသတ်ရမယ့်ပွဲက ပထမတစ်ကြိမ် ဆုံတွေ့တဲ့ပွဲထက်စာရင် အရမ်းကို ကွဲပြားခြားနားပါတယ်။ ဘယ်သူက ဘယ်လိုပိုကောင်း အောင်စွမ်းဆောင်နိုင်သလဲဆိုတာ ကျွန်မတို့နှစ်ယောက်စလုံး ပြသသွားမယ်လို့ ထင်ပါတယ်။ ဘယ်သူရဲ့ထိုးချက်၊ ကန်ချက်တွေက ပိုအ ထိနာစေသလဲဆိုတာ စောင့်ကြည့်ပေးပါ” လို့ Stamp Fairtex က သုံးသပ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် Todd ဟာ Pan-America မွေထိုင်းချန်ပီယံဆုကို နှစ်ကြိမ်ရရှိဖူးပြီး Stamp Fairtex ကို ရှုံးနိမ့်ပြီးနောက်ပိုင်း ၃ ပွဲ ဆက်တိုက် အနိုင်ယူကာ စိတ်အားတက်ကြွနေပါတယ်။ သူ အနိုင်ယူခဲ့တဲ့ ကစားသမားတွေကတော့ ONE အက်တမ်ဝိတ်တန်း Kickboxing ကမ္ဘာ့ချန်ပီယံဟောင်း Chuang Kai Ting၊ Wang Chin Long၊ Ekaterina Vandaryeva တို့ဖြစ်တာကြောင့် ထိုင်းအားက စားသမားအနေနဲ့ အထင်သေးလျှော့တွက်လို့ မရပါဘူး။ ပထမအကြိမ်တွေ့ဆုံစဉ် အမှတ်နဲ့သာ အနိုင်ရထားတာကြောင့် မကြေပွဲ ပြန် လည်ယှဉ်ပြိုင်မယ့်ပြိုင်ပွဲအတွက် ပြိုင်ဘက်ဖြစ်သူ ထိုးသတ်ထားတဲ့ပွဲတွေကို ဗီဒီယိုကနေ ပြန်လည်ကြည့်ရှုထားတယ်လို့ Stamp Fairtex က ပြောပါတယ်။

“သူ နောက်ဆုံးထိုးထားတဲ့ ၃ ပွဲစလုံးကို ဗီဒီယိုကနေ ပြန်ကြည့်ထားတယ်။ နောက်ပြီး ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတဲ့ ကိုယ်ပိုင် အချင်းအ ကျင်းအတွက်လည်း ပြင်ဆင်ထားတယ်။ ကျွန်မရဲ့နည်းစနစ်တွေက Janet Todd ထက် ပိုကောင်းတယ်လို့ ထင်တယ်။ သူ့ရဲ့အားသာ ချက်ကတော့ ကြံ့ခိုင်မှုပဲ။ သူ့ရဲ့ကြွက်သားတွေက အရမ်းထင်ရှားသလို အခြေအနေကောင်းတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ Janet Todd ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို အင်စတာဂရမ်ကနေ စောင့်ကြည့်ထားတယ်။ သူက အားကစားသမားကောင်းတစ်ယောက် ပီသတဲ့သူ ပါ” လို့ ၈ ပွဲဆက်တိုက်အနိုင်ရထားတဲ့ Stamp Fairtex က ဆိုပါတယ်။ Kickboxing မှာ အသုံးပြုတဲ့လက်အိတ်ဟာ မွေထိုင်းမှာ အသုံး ပြုတဲ့ လက်အိတ်ထက် ပိုမိုကြီးမားတာကြောင့် လက်အိတ်အသေးတွေကိုပဲ အများစုအသုံးပြုလေ့ရှိတဲ့ သူ့အတွက် အခက်အခဲရှိပြီး အဆို ပါ အားနည်းချက်ကြောင့် ပြိုင်ဘက်ကို အလဲထိုးနိုင်မှာမဟုတ်ဘဲ အချီကြာကြာ ယှဉ်ပြိုင်ထိုးသတ်ရဖွယ်ရှိနေတယ်လို့လည်း ဝန်ခံပါ တယ်။

ဒါပေမဲ့လည်း အနိုင်ရမယ့်သူက မိမိသာဖြစ်တယ်လို့ Stamp Fairtex က ကြုံးဝါးလိုက်ပြီး အဆိုပါပြိုင်ပွဲအတွက် ၇၅ ရာခိုင်နှုန်း အဆင် သင့်ရှိနေတယ်လို့လည်း ပြောပါတယ်။ “ကျွန်မ ကောင်းကောင်း အနားရထားတယ်။ လေ့ကျင့်မှုကတော့ သာမန်ပါပဲ။ လေ့ကျင့်တယ် အိပ်တယ်။ ချန်ပီယံတစ်ယောက်အနေနဲ့ ဒီပွဲက ကျွန်မအတွက် အရမ်းအရေးကြီးပါတယ်။ အားကစားနည်းနှစ်ခုမှာ ကမ္ဘာ့ချန်ပီယံခါး ပတ်ရရှိထားတဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော အားကစားသမားဖြစ်လို့ ချန်ပီယံခါးပတ်ကို ကာကွယ်ရမှာပါ။ ထိုင်းပြည်သူတွေ ပျော်ရွှင် အားတက်စေဖို့ ကျွန်မ ဆန္ဒရှိပါတယ်။ အကောင်းဆုံးကြိုးစားပြီး ချန်ပီယံခါးပတ်နဲ့အတူ ထိုင်းနိုင်ငံကို ပြန်လာမှာပါ” လို့ Stamp Fairtex က ယုံကြည်မှုအပြည့်နဲ့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *