အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က Istora Senayan အားကစားရုံမှာကျင်းပတဲ့ ONE: WARRIOR’S CODE ပြိုင်ပွဲဟာ စိတ်လှုပ်ရှားစရာ တွဲဆိုင်းတွေနဲ့အတူ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။ ONE Championship ဖယ်သာဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံအဖြစ် ထိုင်းအားကစားသမား Petchmorakot Petchyindee Academy က သူ့ရဲ့အိပ်မက်ကို အ ကောင်အထည်ဖော်နိုင်ခဲ့သလို အခြားအားကစားသမားအချို့ကလည်း စွမ်းဆောင်ရည်ကောင်း ပြသကာ နိုင်ပွဲဆက်ခဲ့ပါတယ်။ ဒါ ကြောင့် ဂျကာတာမှာ အနိုင်ရခဲ့တဲ့ အားကစားသမားအချို့ရဲ့ အနာဂတ်ပြိုင်ဘက်ဖြစ်လာနိုင်သူတွေအကြောင်း ဖော်ပြလိုက်ပါတယ်။

Petchmorakot

ONE ဖယ်သာဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပူပူနွေးနွေးရယူထားတဲ့ ဝါရင့် ထိုင်းအားကစားသမား Petchmorakot Petchyindee Academy ဟာ ပြိုင်ပွဲမစတင်မီ ယှဉ်ပြိုင်ထိုးသတ်ရမယ့် ပြိုင်ဘက် အမျိုးမျိုးပြောင်းလဲခဲ့တာကြောင့် ပွဲဖြစ်မြောက်ဖို့ မသေ ချာ မရေရာတဲ့  အနေအထားနဲ့တောင် ကြုံခဲ့ရပါသေးတယ်။ ဒါပေမဲ့လည်း တစ်နိုင်ငံတည်းပြိုင်ဘက် Pongsiri PK. Saenchaimuaythaigym နဲ့ ယှဉ်ပြိုင်ထိုးသတ်တဲ့ပွဲမှာတော့ အကောင်းဆုံးစွမ်းဆောင်ရည်ပြသကာ အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ကမ္ဘာ့ချန်ပီယံ တစ်ယောက်ဖြစ်လာချိန်မှာ Petchmorakot အနေနဲ့ နောက်ထပ်ပြိုင်ဘက်က ဘယ်သူပဲဖြစ်လာပါစေ ရင်ဆိုင်ဖို့ အဆင် သင့် ဖြစ်နေပါတယ်။ တကယ်တော့ Petchmorakot နဲ့ ကမ္ဘာ့ချန်ပီယံခါးပတ်လုဖို့ ကနဦး စီစဉ်ထားသူက ရုရှားအားကစားသမား Jamal “Kherow” Yusupov ဖြစ်ပြီး အကြောင်းကြောင်းကြောင့် ပွဲပျက်ခဲ့တာပါ။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက နာမည်ကျော် မွေထိုင်းအားကစားသမား “The Boxing Computer” Yodsanklai IWE Fairtex ကို ဒုတိယ အချီမှာ ဒိုင်ပွဲရပ်အနိုင်ရထားတဲ့ Yusupov ဟာ Petchmorakot အတွက် ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

Rienier De Ridder

ဒုတိယခေါင်တွဲဆိုင်းအဖြစ် ဘရာဇီးလ်အားကစားသမား Leandro “Wolf” Ataides နဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာ အမှတ်နဲ့ အနိုင်ရခဲ့တဲ့ နယ်သာ လန် အားကစားသမား Reinier “The Dutch Knight” De Ridder ဟာ ONE Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် “မြန်မာ့စပါးအုံး” အောင်လအန်ဆန် ရဲ့ မစ်ဒယ်ဝိတ်တန်း စိန်ခေါ်သူအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ONE ဖယ်သာဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပူပူနွေးနွေးရယူထားတဲ့ ဝါရင့် ထိုင်းအားကစားသမား Petchmorakot Petchyindee Academy ဟာ ပြိုင်ပွဲမစတင်မီ ယှဉ်ပြိုင်ထိုးသတ်ရမယ့် ပြိုင်ဘက် အမျိုးမျိုးပြောင်းလဲခဲ့တာကြောင့် ပွဲဖြစ်မြောက်ဖို့ မသေ ချာ မရေရာတဲ့  အနေအထားနဲ့တောင် ကြုံခဲ့ရပါသေးတယ်။ ဒါပေမဲ့လည်း တစ်နိုင်ငံတည်းပြိုင်ဘက် Pongsiri PK. Saenchaimuaythaigym နဲ့ ယှဉ်ပြိုင်ထိုးသတ်တဲ့ပွဲမှာတော့ အကောင်းဆုံးစွမ်းဆောင်ရည်ပြသကာ အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ကမ္ဘာ့ချန်ပီယံ တစ်ယောက်ဖြစ်လာချိန်မှာ Petchmorakot အနေနဲ့ နောက်ထပ်ပြိုင်ဘက်က ဘယ်သူပဲဖြစ်လာပါစေ ရင်ဆိုင်ဖို့ အဆင် သင့် ဖြစ်နေပါတယ်။ တကယ်တော့ Petchmorakot နဲ့ ကမ္ဘာ့ချန်ပီယံခါးပတ်လုဖို့ ကနဦး စီစဉ်ထားသူက ရုရှားအားကစားသမား Jamal “Kherow” Yusupov ဖြစ်ပြီး အကြောင်းကြောင်းကြောင့် ပွဲပျက်ခဲ့တာပါ။

 ဝါရင့်အားကစားသမား Ataides ရဲ့ပြင်းထန်အားပါတဲ့ လက်သီးချက်တွေ၊ ခြေကန်ချက်တွေ ထိခဲ့ပေမယ့် ပြိုလဲသွားခြင်းမရှိတဲ့ De Ridder ဟာ မြေပြင်ချုပ်ကွက်အပြင် အခြား စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့လို့ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စိန်ခေါ်သူ အဆင့် ရောက်ရှိခဲ့တာပါ။ ၁၂ ပွဲဆက် ရှုံးပွဲမရှိသေးတဲ့ De Ridder ဟာ မစ်ဒယ်ဝိတ်တန်း အကောင်းဆုံးကစားသမားအဖြစ် သက်သေပြ ချင်နေသလို ၇ ပွဲဆက်တိုက် အနိုင်ယူထားတဲ့ လက်ရှိချန်ပီယံ အောင်လအန်ဆန်ကလည်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို အလွယ်တကူ လက် လွှတ်ခံမှာတော့ မဟုတ်ပါဘူး။

Iuri Lapicus

လိုက်ဝိတ်တန်းတွဲဆိုင်းတွင် ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း ရုရှားအားကစားသမား Marat “Cobra” Gafurov ကို ပွဲအစ ၆၇ စက္ကန့်မှာပဲ အနောက်ဖက် လည်ပင်းချုပ်ကွက်နဲ့ အနိုင်ရခဲ့တဲ့ မော်လ်ဒိုဗာအားကစားသမား Iuri Lapicus ရဲ့ ပွဲသိမ်းစွမ်းဆောင်ရည် က လက်ဖျားခါရလောက်အောင်ပါပဲ။ ONE Championship ၂ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၁၄ ပွဲဆက်တိုက်အနိုင်ယူကာ ရှုံးပွဲမရှိသေးတဲ့ Lapicus ဟာ လိုက်ဝိတ်တန်းမှာ အကောင်းဆုံး အားကစားသမားဖြစ်ကြောင်း သက်သေထူထားပါတယ်။

နိုင်ပွဲ ၁၄ ပွဲအနက် ၁၃ ပွဲကို ပ ထမအချီမှာပဲ နိုင်ပွဲရယူထားတဲ့ Lapicus ကို စောင့်ကြိုနေသူကတော့ Eddie Alvarez၊ Amir Khan၊ Eduard Folayang တို့လို ထိပ် တန်းကစားသမားတွေကို အနိုင်ရထားတဲ့ ရုရှားအားကစားသမား Timofey Nastyukhin ပဲ ဖြစ်ပါတယ်။

Itsuki Hirata

အသက် ၂၀ အရွယ် ဂျပန်အားကစားသမား Itsuki  “Strong Heart Fighter” Hirat ဟာ နယူးဇီလန် အားကစားသမား Nyrene “Neutron Bomb” Crowley ကို လက်သီးထိုးချက်တွေနဲ့အတူ တတိယအချီမှာ ဒိုင်ပွဲရပ် အနိုင်ရပြီးတဲ့နောက် ONE Championship နဲ့ အတူ ၃ ပွဲဆက် နိုင်ပွဲရယူထားပါတယ်။ ထိပ်တန်းအဆင့်ကို တဖြည်းဖြည်းတက်လှမ်းလာသူ Hirata ကို အကောင်းဆုံး ကြိုဆိုနေသူက တော့ အင်ဒိုနီးရှား ဝါရင့်အားကစားသမား Priscilla Hertati “Thathie” Lumban Gaol ဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် Gaol ဟာ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ အနိုင်ရထားပါတယ်။

ဝူရှူး ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်တဲ့ Gaol ဟာ မြေပြင်ချုပ်ကွက်ပိုင်းမှာလည်း ထူးချွန် သလို ONE အက်တမ်ဝိတ်တန်း အမျိုးသမီး ကမ္ဘာ့ချန်ပီယံခါးပတ်ကိုပါ မျှော်မှန်းထားသူဖြစ်လို့ Hirata အတွက် ပြိုင်ဘက်ကောင်းပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *