ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံပညာ ပြိုင်ပွဲများကို ကျင်းပနေသည့် ONE Championship ပြိုင်ပွဲသည် လစဉ်လတိုင်း ပြိုင်ပွဲကောင်း များကို ကြီးကျယ်ခမ်းနားစွာ တင်ဆက်လျက် ရှိသည်။ ဖေဖော်ဝါရီ လအတွင်းတွင် ယင်းသို့ ပွဲကြီးပွဲကောင်း နှစ်ပွဲ ဖြစ်သည့် ONE: Warrior’s Code နှင့် ONE: King of the Jungle ကို ကျင်းပရန် စီစဉ်ထားပြီး ယှဉ်ပြိုင်ဝကမည့် တွဲဆိုင်းများ ကိုပင် ကြိုတင် ထုတ်ပြန်ဝေကညာ ခဲ့ပြီးဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကြီး နှစ်ပွဲနှင့် ပတ်သက်သည့် ထူးခြားချက်များကို ပရိသတ်များ သတိပြုမိ ဝကစေရန် စုစည်းတင်ပြ လိုက်ရပါသည်။

၁။ မွေထိုင်းနှင့် Kickboxing ခေါင်ပွဲများ တည်ထားခြင်း

ONE Championship ပြိုင်ပွဲသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားဖြင့် စတင်ခဲ့သည့် ပြိုင်ပွဲကြီး ဖြစ်သလို ယနေ့ အချိန်ထိ ယင်းပြိုင်ပွဲကို ကိုယ်ခံပညာ အားကစား ပြိုင်ပွဲတစ်ခုဟု ကမ္ဘာက သိထားသည်။ သို့သော် ပြီးခဲ့သည့် နှစ်အနည်းငယ်မှ စတင်ကာ မွေထိုင်းနှင့် Kickboxing ပြိုင်ပွဲများကို စတင် ထည့်သွင်း ကျင်းပခဲ့ရာမှ ယနေ့အချိန်တွင် ဝိတ်တန်းအလိုက် ကမ္ဘာ့ချန်ပီယံ များကိုပင် မွေးထုတ်ပေးနိုင်နေပြီ ဖြစ်သည်။ ဖေဖော်ဝါရီလ အတွင်း ကျင်းပမည့် ပြိုင်ပွဲကြီး နှစ်ပွဲ၏ ထူးခြားချက် တစ်ခုမှာ နှစ်ပွဲစလုံး၏ အဓိက ခေါင်ပွဲများအဖြစ် မွေထိုင်းနှင့် Kickboxing ပွဲများကို သတ်မှတ်ထားခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပမည့် ONE: Warrior’s Code ပြိုင်ပွဲတွင် အဓိကခေါင်ပွဲမှာ ထိုင်းကစားသမား Petchmorakot Petchyindee Academy နှင့် ရုရှားကစားသမား Jamal Yusupov တို့၏ ဖယ်သာဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံလုပွဲ ဖြစ်သည်။ ဥရောပ သားများကို မဝကာခဏ အနိုင်ယူလေ့ ရှိသည့် Petchmorakot သည် ၎င်းနှင့် တစ်နိုင်ငံတည်းသား Yodsanklai IWE Fairtex ကို အနိုင်ရဖူးသည့် Yusupov အား မွေထိုင်းစည်းမျဉ်း များဖြင့် ရင်ဆိုင်ရမည် ဖြစ်သည်။  ONE: King of the Jungle ပြိုင်ပွဲ၏ ခေါင်ပွဲမှာ ONE အက်တမ် ဝိတ်တန်း Kickboxing ချန်ပီယံ Stamp Fairtex ကို ပြိုင်ဘက်ဟောင်း Janet Todd က နောက်တစ်ကြိမ် စိန်ခေါ်သည့်ပွဲ ဖြစ်သည်။

၂။ ပထမဆုံး ဝိတ်တန်း ချန်ပီယံများ ပေါ်ထွက်နိုင်ခြင်း

ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ONE Championship ပြိုင်ပွဲကြီး နှစ်ပွဲတွင် ယခင်က ချန်ပီယံမရှိသေးသော ဝိတ်တန်းအသစ် နှစ်ခုတွင် ကမ္ဘာ့ချန်ပီယံများ ပေါ်ထွက်လာနိုင်ချေ ရှိနေသည်။ ယင်းဝိတ်တန်းများမှာ မွေထိုင်း အားကစားမှ ဖယ်သာဝိတ်တန်းနှင့် စတောဝိတ်တန်းတို့ ဖြစ်ဝကသည်။ ONE: Warrior’s Code ၏ ခေါင်ပွဲ၌ သတ် ၈ သတ် အားကစား၏ မွေးရပ်မြေမှ Petchmorakot နှင့် ဝါရင့် ကစားသမားကြီး Yusupov တို့သည် ONE Championship ၏ သမိုင်းတစ်လျှောက် ပထမဆုံး မွေထိုင်း ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်ရန် ကြိုးစားရမည် ဖြစ်သည်။

ONE: King of the Jungle ပြိုင်ပွဲတွင်လည်း လက်ရှိ ONE စတောဝိတ်တန်း Kickboxing ကမ္ဘာ့ချန်ပီယံ Sam-A Gaiyanghadao နှင့် ဝသစဝေတးလျ လူငယ် ကစားသမား Rocky Ogden တို့ ONE Championship ၏ ပထမဆုံး စတောဝိတ်တန်း Kickboxing ချန်ပီယံ ခါးပတ်အတွက် ထိပ်တိုက်တွေ့ဝကမည် ဖြစ်သည်။ ယခင်က ဖလိုင်းဝိတ်တန်း မွေထိုင်း ချန်ပီယံဟောင်း ဖြစ်ခဲ့သည့် Sam-A သည် ယခုပွဲသာ အနိုင်ရပါက ONE Championship ၏ Stamp Fairtex ပြီးလျှင် ဒုတိယမြောက် အားကစားနည်း နှစ်ခု ကမ္ဘာ့ချန်ပီယံ ဖြစ်လာမည် ဖြစ်သည်။

၃။ အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်ခွင့်ရမည့်သူ

ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ပြိုင်ပွဲများမှ တွဲဆိုင်းများအနက် မြန်မာပရိသတ်များ အတွက် စိတ်ဝင်စားဖွယ်ကောင်းမည့် တွဲဆိုင်းတစ်ဆိုင်း ပါဝင်နေသည်။ ယင်းတွဲဆိုင်းမှာ Warrior’s Code ပြိုင်ပွဲတွင် ပါဝင်သော ဘရာဇီး ကစားသမား Leandro Ataides နှင့် နယ်သာလန် ကစားသမား de Ridder တို့၏ပွဲ ဖြစ်သည်။ မစ်ဒယ်ဝိတ်တန်းတွဲဆိုင်းတစ်ခု ဖြစ်သော အဆိုပါပွဲသည် လက်ရှိချန်ပီယံခါးပတ်ကို သိမ်းပိုက်ထားသော “မြန်မာစပါးအုံး” အောင်လအန်ဆန် အား စိန်ခေါ်ခွင့်ရမည့်သူကို ရွေးချယ်မည့်ပွဲဟုလည်း ဆိုနိုင်သည်။

Ataides သည် အောင်လအန်ဆန် ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရသည့် ချန်ပီယံဟောင်း Vitaly Bigdash ကိုပင် ဒိုင်ပွဲရပ် ရလဒ်ဖြင့် အနိုင်ယူခဲ့သူဖြစ်ပြီး ၎င်း၏ ကစားသမားဘဝတစ်လျှောက် နိုင်ပွဲတဝက်ကျော်ကို အလဲထိုး/ဒိုင်ပွဲရပ် ရလဒ်များဖြင့် အနိုင်ယူခဲ့သူ ဖြစ်သည်။ ဘရာဇီးလ် ဂျူဂျစ်ဆု ကမ္ဘာ့ ချန်ပီယံ ၅ ကြိမ် ဖြစ်ဖူးသည့် Ataides သည် မတ်တပ်ရပ် တိုက်ခိုက်မှု တွင်လည်း လက်စွမ်း မနိမ့်သူ ဖြစ်သည်။ ယခုနှစ်ပိုင်း အတွင်း ထူးထူးခြားခြား နာမည်ကြီး လာသည့် De Ridder မှာလည်း ကစားသမား ဘဝတစ်လျှောက် ရှုံးပွဲလုံးဝ မရှိသေးသူ ဖြစ်သလို အနိုင်ရသည့် ပွဲတိုင်းကို အလဲထိုး/ဒိုင်ပွဲရပ် သို့မဟုတ် ချုပ်ကွက်ဖြင့် အနိုင်ရခဲ့သူ ဖြစ်သည်။ ၎င်းတို့ နှစ်ဦး၏ တွေ့ဆုံသည့် ပွဲသည် ပရိသတ်များ လုံးဝ လက်လွတ်မခံ သင့်သည့် ပွဲဖြစ်သည်။

၄။ ဂျပန်ကစားသမားကောင်း အများအပြား ပါဝင်ခြင်း

ONE Championship သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ရေပန်းစားသည် ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်မှ စတင်ကာ ပထမဆုံး ပြိုင်ပွဲကို စတင်ကျင်းပခဲ့ခြင်း ဖြစ်သော်လည်း ၎င်းတို့၏ ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂျပန်ကစားသမား အများအပြားကို ထည့်သွင်းယှဉ်ပြိုင် စေခဲ့သည်။ ထို့ကြောင့် ONE ချန်ပီယံဟောင်းများထဲတွင် ဂျပန်ကစားသမားများစွာရှိပြီး နာမည်ကြီး ဂျပန် ကစားသမားများလည်း ONE Championshipသို့ တဖွဲဖွဲ လာရောက် ပူးပေါင်းလျက်ရှိသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ အတွင်း ကျင်းပမည့် ပြိုင်ပွဲကြီး ၂ ပွဲတွင်လည်း စုစုပေါင်း ဂျပန် ကစားသမား အရေအတွက်မှာ အခြား နိုင်ငံများထက် ပိုများနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *