နိုင်ငံတကာ အားကစား အဝတ်အစား၊ ဖိနပ်နှင့် အသုံးအဆောင်ပစ္စည်း စျေးကွက်တွင် တီထွင် ဆန်းသစ်မှုနှင့် ရောင်းအားအပိုင်းတို့တွင် ဦးဆောင်လျက်ရှိသည့် Under Armour  သည် အရှေ့တောင်အာရှ စျေးကွက်တွင် အခိုင်အမာ နေရာယူထားသော ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုလည်းဖြစ်သည်။ Under Armour  မှ ၎င်း၏ အရှေ့တောင် အာရှစျေးကွက်ကို ထပ်မံချဲ့ထွင်လိုသော ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံတွင်လည်း ပထမဆုံးဆိုင်ခွဲကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ Under Armour  ဆိုင်ခွဲသည် ရန်ကုန်မြို့ မြန်မာပလာဇာ စျေးဝယ်စင်တာ မြေညီထပ်တွင် တည်ရှိပြီး စတုရန်းဧရိယာ ၁,၈၈၄ ကျယ်ဝန်းကာ ကမ္ဘာ့နေရာအနှံ့အပြားရှိ Under Armour ဆိုင်ခွဲများ အားလုံးနှင့် တသားတည်းဖြစ်စေရန် စနစ်တကျ ဒီဇိုင်းပြင်ဆင်ထားပါသည်။

‘အားကစားကို ချစ်မြတ်နိုးခြင်း (Love Athletes)’ ၊ ‘တန်းတူအခွင့်အရေးအတွက် ရပ်တည်ခြင်း (Stand for Equality)’ ၊ ‘အောင်မြင်မှုအတွက် အတူကြိုးစားခြင်း (Fight on Together)’ ၊ ‘ရဲရဲရင့်ရင့် ဖန်တီးရှေ့ဆက်ခြင်း (Create Fearlessly)’ ၊ အစဉ်အမြဲ ချိတ်ဆက်ခြင်း (Always Connect)’ ၊ ‘ မိမိဖြစ်တည်မှုအတိုင်း ရပ်တည်ခြင်း (Stay True)’ ၊ ‘ဖောက်ထွက် စဉ်းစားခြင်း (Think Beyond)’ ၊ ‘အောင်မြင်မှုများအတွက်ဆင်နွှဲခြင်း (Celebrate the Wins)’ အစရှိသော လေးနက်သော အနှစ်သာရ ခံယူချက်များသည် Under Armour ၏ ကြွေးကြော်သံများပင်ဖြစ်ပါသည်။ ဤခံယူချက်များသည် Under Armour အမှတ်တံဆိပ်၊ ဝယ်ယူအားပေးကြသော Customer များ၊ အားကစားသမားများနှင့် အဖွဲ့သားများအားလုံးကို တစ်သားတည်းဖြစ်အောင် ဆောင်ကျဉ်းပေးသော အချိတ်အဆက်များလည်းဖြစ်ပါသည်။ Under Armour သည် လက်ရှိ Customer များ ကြုံတွေ့လျက်ရှိသော ပြဿနာများကို ဖြေရှင်းရန်နှင့် အားကစားသမားများ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ခေတ်မီအဆင့်မြင့်ထုတ်ကုန်ပစ္စည်းများကို ဖန်တီးပေးလျက်ရှိသည့်အပြင် ကျန်းမာရေးနှင့် လေ့ကျင့်ခန်းဆိုင်ရာ ဒစ်ဂျစ်တယ် အက်ပလီကေးရှင်းများကိုလည်း လုပ်ဆောင်ထားပြီး Customer များ စွမ်းဆောင်ရည် တိုးတက်စေဖို့လည်း ပံ့ပိုးပေးလျက်ရှိပါသည်။

ဘယ်လ်တီမိုးမြို့တွင် ရုံးချုပ်တည်ရှိသော Under Armour သည် ကမ္ဘာတစ်ဝန်း နာမည်ကျော်ကြားသော ဒေါ်လာသန်းချီ တန်ဖိုးရှိသည့် စီးပွားရေးတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ တီထွင်ဆန်းသစ်မှုသည် Under Armour ၏ အဓိက အားသာချက်ဖြစ်ပြီး Under Armour အဖွဲ့သားများသည် သမားရိုးကျခံယူချက်များကို အန်တုကာ ရဲရင့်ပြတ်သားစွာ တွေးခေါ် စဉ်းစားသူများ၊ အလွယ်တကူ လက်မလျှော့ဘဲ စွန့်စားရဲသူများဖြစ်ပါသည်။ Under Armour သည် အားကစားသမားများကို ပိုမိုတိုးတက်အကောင်းမွန်အောင် အစဉ်အမြဲ ပံ့ပိုးပေးလျက်ရှိသော အမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။

Under Armour ၏ ပြင်းပြသောထက်သန်မှု၊ ဒီဇိုင်းနှင့် နည်းပညာတီထွင်ဆန်းသစ်မှုတို့ဖြင့် အားကစားသမားများ အားလုံးကို ပိုမို ကောင်းမွန်လာအောင် ပံ့ပိုးပေးလိုခြင်းသည် Under Armour ၏ ရည်မှန်းချက်ဖြစ်သည်။ RUSH, HOVR, Vanish Seamless, HeatGear ကဲ့သို့သော အဆင့်မြင့် ဆန်းသစ်တီထွင်ထားသော Under Armour နည်းပညာသုံး အားကစား အဝတ်အထည် အမျိုးအစား အစုံအလင်ကို ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ Under Armour ၏ ၂၀၂၀ နွေဦး/နွေရာသီ ဒီဇိုင်းစုစည်းမှု (Spring/Summer 2020 collection) တွင် HOVR SONIC 3 နှင့် UA RUSH ဖိနပ်များ၏ ကူရှင်ပိုင်းကို နည်းပညာ အဆင့်မြင့် တီထွင်ဆန်းသစ်ထားမှုဖြင့်လည်း မီးမောင်းထိုးပြခဲ့ပါသည်။ Under Armour ၏ ဖိနပ်အသစ် HOVR Sonic 3 သည် အလေးချိန်ပေါ့ပါးကာ ခြေထောက်ကို ပိုမိုထောက်ပံ့ပေးပြီး လှုပ်ရှားမှုတိုင်းကို ပြီးပြည့်စုံစေသည့်အတွက် ပေါ့ပါးပြီး သက်သောင့်သက်သာဖြစ်သော ဖိနပ်အမျိုးအစားကို နှစ်သက်သည့် အပြေးသမားများ အကြိုက်တွေ့သည့် ဖိနပ်မျိုးဖြစ်ပါ သည်။ UA RUSH ကမူ Under Armour ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးသော ဖိနပ်များစာရင်းတွင် အသစ် ထပ်တိုးလာသော အမျိုးအစားဖြစ်ပြီး ချွေးထွက်များသော လေ့ကျင့်ခန်းများလုပ်သည့်အခါ ဝတ်ဆင်ရန် ဒီဇိုင်းဖန်တီးထားခြင်းဖြစ်ပါသည်။ ဤသိပ္ပံနည်းကျနည်းပညာမြင့် ဖန်တီးထားသော အဝတ်အသားသည် ဝတ်ဆင်သူ၏ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေပြီး စွမ်းအင်ကိုလည်း မြှင့်တင်ပေးသည့်အတွက် UA RUSH သည် ဝတ်ဆင်သူများကို အနီအောက်ရောင်ခြည်သုံး ချွေးထုတ်ခန်းတစ်ခုကဲ့သို့ အလားတူ အကျိုးကျေးဇူးများ ပေးစွမ်းနိုင်သည်။

Under Armour ၏ စွမ်းဆောင်ရည်မြင့် အရည်အသွေးမြင့် အဝတ်အထည်များကို ထုတ်လုပ်ရာတွင် သဘာဝအတိုင်း ရှာဖွေ တွေ့ရှိသော သတ္ထုဓာတ်များကို မြေကြီးထဲမှ ထုတ်ယူကာ အမှုန်အမွှားများအဖြစ်သို့ ဖြိုခွဲပြီး ၎င်းတို့ကို ဒြပ်ပေါင်းအဖြစ် ပုံသွင်းကာ ဖိုင်ဘာများအဖြစ်သို့ ပေါင်းစပ်ထုတ်လုပ်ကာ ပြန်လည်အသုံးချထားခြင်းဖြစ်ပါသည်။

“Under Armour အမှတ်တံဆိပ်ကို မြန်မာနိုင်ငံ ဈေးကွက်ထဲ အခုလို ယူဆောင်လာနိုင်ပြီး မြန်မာလူမျိုးတွေကို Under Armour ရဲ့ စွမ်းဆောင်ရည်ကို မိတ်ဆက်ပေးနိုင်တာက ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားစရာပါ။ အားကစားပစ္စည်း ထုတ်ကုန်ကဏ္ဍက မြန်မာနိုင်ငံမှာ အခုထိ အစောပိုင်းအဆင့်မှာပဲ ရှိနေသေးပေမယ့် မြန်မာနိုင်ငံဈေးကွက်က အတော်လေး အလားအလာရှိတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ Under Armour အမှတ်တံဆိပ်ဟာ နိုင်ငံတကာဈေးကွက်မှာလည်း နာမည်ရပြီးသားဖြစ်တဲ့အပြင် ကျွန်တော်တို့ရဲ့  စွမ်းဆောင်ရည်မြင့် ထုတ်ကုန်တွေကြောင့် အချိန်ခဏအတွင်းမှာ မြန်မာ့ဈေးကွက်ကို ဦးဆောင်နိုင်တဲ့ အားကစားထုတ်ကုန် အမှတ်တံဆိပ်တစ်ခု ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်ပါတယ်” ဟု MK Co. Ltd ၏ Group CEO ဖြစ်သူ Paradorn Kunkongkaphan က ပြောကြားခဲ့ ပါသည်။

Triple Pte Ltd ၏ Chief Executive Officer ဖြစ်သူ Michael Binger ကလည်း “ Under Armour အမှတ်တံဆိပ်ကို အခုလို မြန်မာနိုင်ငံဈေးကွက်ထဲကို သယ်ဆောင်လာနိုင်ပြီး MK Fashion နဲ့အတူ လက်တွဲကာ မြန်မာနိုင်ငံအတွက် ပထမဆုံး ဆိုင်ခွဲကို ဖွင့်လှစ်နိုင်တဲ့အတွက် ကျွန်တော်တို့ တကယ်ဂုဏ်ယူမိပါတယ်။ ပြီးခဲ့တဲ့နှစ်တစ်လျောက် မြန်မာနိုင်ငံမှာ အားကစားနဲ့ လေ့ကျင့်ခန်းအပိုင်းက အတော်လေး တိုးတက်လာနေပြီး အားကစားလုပ်တဲ့သူ၊ လေ့ကျင့်ခန်းလုပ်ကြတဲ့သူ၊ ဂျင်ဆော့ကြတဲ့သူ အရေအတွက်က တဖြည်းဖြည်း များလာတာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရတယ်။ ဒါက မြန်မာနိုင်ငံမှာ Fitness Centers တွေ ပြီးခဲ့တဲ့နှစ်အတွင်း တဟုန်ထိုး တိုးတက်လာရခြင်းရဲ့ သက်သေတစ်ခုပါပဲ” ဟု ပြောကြားခဲ့ပါသည်။

 “Under Armour ဟာ အားကစားသမားတွေ အားလုံးကို ပိုမိုကောင်းမွန်လာအောင် အမြဲကူညီပံ့ပိုးပေးနေတဲ့အပြင် မြန်မာ နိုင်ငံက အားကစားသမားတွေနဲ့ ကျန်းမာရေးလိုက်စားတဲ့သူတွေအတွက် ထူးခြားမှုတွေ၊ ပံ့ပိုးမှုတွေ ပေးနိုင်တယ် ဆိုတာကို ပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။ Under Armour ဟာ အခုမြန်မာနိုင်ငံမှာ တရားဝင်ရောက်ရှိနေပါပြီလို့ပဲ ပြောကြားချင်ပါ တယ်” ဟု Michael က ထပ်မံဖြည့်စွက်ပြောကြားခဲ့ပါသည်။

Under Armour တရားဝင်ဆိုင်ခွဲသည် မြန်မာပလာဇာ (အမှတ် ၁၉၂၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်) မြေညီထပ်တွင် တည်ရှိပြီး နေ့စဥ် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချနေပြီဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *