Coca-Cola၏ မိသားစုဝင်ဖြစ်သည့် Max+ သည် ၎င်း၏ လူသိများထင်ရှားသော  “Max+ Fun Day ဓာတ်ရှင်” အစီအစဉ်၏ ကဏ္ဍသစ်တစ်ခုကို ထပ်မံစတင်လိုက်သည်။ ယခုတစ်ခေါက်တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၂၅ ရက်နေ့အတွင်း ကျေးရွာ ၁၇ ရွာတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ “Max+ Fun Day ဓာတ်ရှင်” အစီအစဉ်ကို ၂၀၁၈ ခုနှစ်အောက်တိုဘာလမှ စတင်၍ ရန်ကုန် ၊ မန္တလေးမြို့များရှိ ထင်ရှားသော JCGV ရုပ်ရှင်ရုံအသီးသီးတွင် အပတ်စဉ်သောကြာနေ့တိုင်း ကျင်းပခဲ့ပါသည်။ ယခုနှစ် နိုဝင်ဘာလမှစတင်ပြီး မော်လမြိုင်မြို့ရှိ JCGV ရုပ်ရှင်ရုံများတွင်လည်း “Max+ Fun Day ဓာတ်ရှင်”အစီအစဉ်ဖြင့် ရုပ်ရှင်များတိုးချဲ့ပြသလျက်ရှိပါသည်။

နယ်လှည့်ရုပ်ရှင်ပြပွဲများသည် ရုပ်ရှင်ရုံများတွင်သာ ခံစားနိုင်သော ဖျော်ဖြေရေးကို လူငယ်များထံသို့ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံသစ်အဖြစ် ယူဆောင်လာပေးမည်။ Max+၏ အရသာစုံလင်သော အချိုရည်များကို မုန့်များဖြင့် တွဲဖက်စားသုံးချိန်တွင် ခံစားရသည့် ပျော်ရွှင်မှုကို ပိုမိုထူးကဲစေရန် “လူလည်ကြီးများရွာ” ဟာသရုပ်ရှင်ဇာတ်ကားကို ပြသသွားမည်ဖြစ်သည်။ ရုပ်ရှင်ပြသမှုနှင့်အတူ Max+ ၏ လန်းဆန်းစေသော အချိုရည်အရသာမျိုးစုံနှင့် တွဲဖက်နိုင်သည့် မုန့်များကို အခမဲ့ရရှိနိုင်မည့် ပျော်စရာအစီအစဉ်မျိုးစုံကိုလည်း ပြုလုပ်ပေးသွားပါမည်။ “Max+ Funday ဓာတ်ရှင်” သည် မန္တလေးတိုင်း‌ ကျောက်ဆည်မြို့နယ်တွင် စတင်ပြီး စဥ့်ကိုင် ၊ မတ္တရာ ၊ ပုသိမ်ကြီး ၊ မြစ်သာ၊ တံတားဦးနှင့် အမရပူရမြို့များအထိ ရောက်ရှိမည်ဖြစ်သည်။

Coca-Cola Company အနေဖြင့် လူငယ်များအား စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချရေးအကြောင်း အသိပညာတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် သောက်သုံးပြီးသားဘူးခွံယူဆောင်လာပြီး ရုပ်ရှင်ကြည့်ရှုနိုင်သော ဝင်ခွင့်စနစ်ကို စီစဉ်ပြုလုပ်ခြင်းဖြစ်သည်။ ရုပ်ရှင်ကြည့်ရှုလိုသည့် ပရိသတ်များသည် ပြန်လည်အသုံးချရန်အတွက် Max+ ၏ အရသာများဖြစ်သော လိမ္မော်၊ သံပုရာ၊ လိုင်ချီး၊ ခရင်ဆိုဒါနှင့် စပျစ် ဘူးခွံတစ်ခု ယူဆောင်လာရန်သာ လိုပြီး Max+ ကို မုန့်များနှင့်တွဲဖက်ကာ သောက်သုံးရင်း ၎င်းတို့ နှစ်သက်သော သရုပ်ဆောင်များပါဝင်သည့် ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။ နိုဝင်ဘာ ၆ ရက်နေ့တွင် မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ပြုံးရွာ၌ ပြုလုပ်ခဲ့သည့် “Max+ Fun Day ဓာတ်ရှင်” ဖွင့်ပွဲအခမ်းအနားတွင် မော်ဒယ်သရုပ်ဆောင် ခင်ဝင့်ဝါကလည်း တက်ရောက်ဆင်နွှဲခဲ့ပါသည်။

ရှုတင် အားတဲ့အချိန်လေးတွေ၊ နားရတဲ့အချိန်လေးတွေဆို Max+ ကို သောက်ဖြစ်ပါတယ်။ အပျင်းပြေ ရေဆာပြေဖို့ အကြိုက်ဆုံး Max+ အရသာ လိမ္မော်နဲ့ မုန့်လေးတွေနဲ့ သောက်တတ်တဲ့အကျင့်ရှိတယ်။ နားရက်တွေဆို အိမ်မှာနေပြီး ရုပ်ရှင်ကြည့်တတ်တော့ Max+ တစ်ဘူးကို နေကြာစေ့တစ်ထုပ် ဒါမှမဟုတ် အာလူးကြော်တစ်ထုပ်နဲ့ တွဲပြီး သောက်ရင်း ကြည့်ရတာ ပိုပျော်ဖို့ကောင်းတယ်။ ဝင့်ဝါလိုပဲ ကိုယ်ကြိုက်တဲ့ Max+ အရသာနဲ့ မုန့်လေးတွေတွဲ စားကြည့်ဖို့ အကြံပေးချင်တယ်။ သူငယ်ချင်းတွေနဲ့ဆိုလည်း ပိုပျော်ဖို့ကောင်းတယ်လေ။ Max+ ရဲ့  ထူးခြားတဲ့အရသာတွေက ဘယ်လို မုန့်မျိုးနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်ပါတယ်။” ဟု ခင်ဝင့်ဝါက ပြောကြားသည်။

‘Max+ Fun Day ဓာတ်ရှင်’ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလကတည်းက ရန်ကုန်နဲ့ မန္တလေးမှာ လူငယ်တွေအတွက် စတင်စီစဉ်ခဲ့ပါတယ်။ မြန်မာပြည်အထက်ပိုင်းမှာရှိတဲ့ လူငယ်သောက်သုံးသူတွေအတွက်လည်း ဒီလို ပျော်စရာ အစီအစဉ်တွေကို ဖန်တီးပေးဖို့ အချိန်ကျပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အစားစားချိန် တစ်ချိန်နဲ့ တစ်ချိန်ကြားမှာ မုန့်ပဲသရေစာတွေ စားတတ်တဲ့အကျင့်လေးတွေရှိကြတယ်။ Max+ ရဲ့ စုံလင်တဲ့အရသာတွေကလည်း ရိုးရာနဲ့ နိုင်ငံတကာက မုန့်မျိုးစုံနဲ့ လိုက်ဖက်တယ်။ သောက်သုံးပြီးသား ဘူးခွံအမှိုက်ကို စနစ်တကျစွန့်ပစ်ပြီးပြန်လည်အသုံးချတတ်ဖို့အတွက် သောက်သုံးသူတွေကို အသိပညာပေးဖို့ ကျွန်မတို့မှာ တာဝန်ရှိတယ်လို့ ခံယူထားတဲ့အတွက် ဒီအစီအစဉ်နဲ့အတူ စည်းကမ်းမဲ့အမှိုက်ပစ်တဲ့အကျင့်တွေ ပျောက်ပြီး ပြန်လည်အသုံးချတတ်တဲ့ အကျင့်လေးတွေပေါ်ပေါက်လာစေဖို့ရည်ရွယ်တဲ့ ကျွန်မတို့ရဲ့ “တန်ဖိုးရှိတယ်” အစီအစဉ်နဲ့လည်း တွဲပြီး ဆောင်ရွက်တာဖြစ်ပါတယ်” ဟု Coca-Cola Limited ၏ Marketing Director ဖြစ်သူ Richa Singh က ရှင်းပြသည်။

“တန်ဖိုးရှိတယ်” လှုံ့ဆော်မှုသည် Coca-Cola Limited ၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချရေးလှုံ့ဆော်မှုဖြစ်ပြီး ပလက်စတစ်ဘူးများနှင့် သံဘူးများ ပြန်လည်အသုံးချခြင်း၏ တန်ဖိုးကို သိရှိအောင် ဆောင်ရွက်လျက်ရှိသည်။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု ပပျောက်ရေး၊ အမှိုက်ခွဲခြားစွန့်ပစ်ရေးနှင့် မြန်မာနိုင်ငံကို လူ့အဖွဲ့အစည်းတစ်ခုလုံးက အတူတကွပူးပေါင်းကာ သန့်ရှင်းအောင် ထိန်းသိမ်းရေး ရည်ရွယ်ချက်များဖြင့် လုပ်ငန်းဆောင်ရွက်နေသော “တန်ဖိုးရှိတယ်” လှုံ့ဆော်မှုသည် ၂၀၃၀ ခုနှစ်အထိကာလအတွင်း ရောင်းချသမျှ ပလက်စတစ်နှင့် သံဘူးအရေအတွက်နှင့် ညီမျှသော ပမာဏကို စုဆောင်းပြီး ပြန်လည်အသုံးချမည့် Coca-Cola Company ၏ “World Without Waste” ရည်ရွယ်ချက်ဖြင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ မန္တလေးမြို့တွင် Coca-Cola Foundation သည် Building Markets ကို ငွေကြေးထောက်ပံ့ပေးနေပြီး ၎င်း Building Markets ပရဟိတအဖွဲ့အစည်းသည် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းကွင်းဆက်များအတွင်း လုပ်ငန်းနှင့် စွန့်ဦးထွင်လုပ်ငန်းရှင် ၁၀၀ ကျော်တို့အား ဖွံ့ဖြိုး‌ရေးနှင့် အရည်အချင်းပြည့်ဝရေးများ ဆောင်ရွက်ပေးလျက်ရှိသည်။ JCGV များနှင့် ရုပ်ရှင်ပြသပွဲ ကျင်းပပြုလုပ်သောရွာများတွင် ရရှိသော ဘူးခွံများကို Building Markets နှင့် ချိတ်ဆက်ဆောင်ရွက်နေ‌သော လုပ်ငန်းများသို့ ပို့ဆောင်ပြီး ပြန်လည် စိစစ်အသုံးပြုသွားမည်ဖြစ်ပါသည်။

Max+ နှင့် Coca-Cola ကုမ္ပဏီသည် မြန်မာဆယ်ကျော်သက်များကြိုက်နှစ်သက်သည့် အချိုရည်များကို နေ့စဉ်ထုတ်လုပ်ယူဆောင်ပေးနေပြီး ၎င်းတို့နေ့စဉ်ဘဝ၏တစ်စိတ်တစ်ပိုင်းအဖြစ်ရှိနေမှုအတွက် သာမက ၎င်းတို့ ဖြန့်ချိပေးနေသည့် ဒေသအဖွဲ့အစည်းအတွက် တာဝန်သိသော လုပ်ငန်းဦးဆောင်သူများအဖြစ်ရှိနေခြင်းအတွက်လည်း မိမိ၏ကုန်ပစ္စည်းအမှတ်တံဆိပ်အပေါ် ဂုဏ်ယူနေသည့် ကုမ္ပဏီဖြစ်ပါသည်။

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *