အာရှ၏အကောင်းဆုံးကိုယ်ခံပညာအဖွဲ့အစည်းကြီး ဖြစ်သော ONE Championship တွင် မြန်မာ့ရိုးရာလက်ဝှေ့သမားအမြောက်အမြား ပါဝင် ယှဉ်ပြိုင်ခဲ့ကြဖူးသည့်အနက် ပထမတန်းလက်ဝှေ့ကျော်တစ်ဦးဖြစ်သည့် စောရန်ပိုင်သည်လည်း အပါအဝင် ဖြစ်သည်။ အသက် ၃၁ နှစ်ရှိသူ စောရန်ပိုင်သည် ကိုယ်ခံပညာသိုင်းပေါင်းစုံပွဲ နှစ်ပွဲကစားခဲ့ဖူးပြီး ရိုးရာလက်ဝှေ့တွင်လည်း ပွဲပေါင်း ၇ဝ ခန့်ကစားခဲ့ဖူးသူဖြစ်ရာ ပရိသတ် အားပေးမှုရှိသည့်  ကစားသမားဖြစ်သည်။ ထို့ကြောင့် ၎င်းနှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာအချက်အချို့ကို ပရိသတ်များအတွက် စုစည်း တင်ပြလိုက်ရပါသည်။

() မွန်ပြည်နယ်ဇာတိ ကရင်လေး

စောရန်ပိုင်သည် ကရင်လူမျိုးတစ်ဦးဖြစ်သော်လည်း မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ တော်စွန်းရွာတွင် မွေးဖွားခဲ့သူဖြစ်သည်။ မိဘဆွေမျိုး များက လယ်သမားများဖြစ်ကြပြီး ငယ်စဉ်က လယ်ယာစိုက်ပျိုးမှုလုပ်ငန်းလုပ်ကိုင်သော မိဘကိုကူညီလုပ်ကိုင်ပေးရင်း လယ်သမားလေးတစ်ဦးအဖြစ် ဖြတ်သန်းခဲ့ဖူးသည်။ သို့သော် ထိုစဉ်ကတည်းက လက်ဝှေ့ဝါသနာဗီဇသည် စောရန်ပိုင်၏ အသွေးအသားထဲတွင် စီးဆင်းနေသည်။ မိဘများက ၎င်းတို့နှင့်အတူ လယ်ယာလုပ်ငန်းတွင် ဒိုးတူပေါင်ဖက် အလုပ်လုပ်စေလိုသဖြင့် စောရန်ပိုင်၏ လက်ဝှေ့ဝါသနာကို အကြိမ်ကြိမ် တားမြစ်ခဲ့သော်လည်း အပျော်တမ်းလက်ဝှေ့ပွဲများကို မိဘများမသိအောင် ခိုး၍ သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

စောရန်ပိုင်၏ဝါသနာကို ၎င်း၏ညီအစ်ကိုများနှင့် သူငယ်ချင်းများက အားပေးခဲ့ကြပြီး နာမည်တစ်လုံးရသည့် လက်ဝှေ့သမားကျော်တစ်ဦး ဖြစ်လာသည်အထိကြိုးစားရန် ဝိုင်းဝန်းတိုက်တွန်းခဲ့ကြသည်။ ယင်းအချက်ကပင် မိဘများ၏ဆန္ဒကိုဆန့်ကျင်၍ လက်ဝှေ့ကြိုးဝိုင်းထဲ ဝင်ဖြစ် စေရန် တွန်းအားတစ်ခု ဖြစ်လာခဲ့သည်။ သို့သော် အသက် ၁၆ နှစ် မတိုင်မီအထိ စောရန်ပိုင်ကို လက်ဝှေ့ပညာ စနစ်တကျသင်ကြားပေး မည့် ဆရာကောင်းသမားကောင်းမရှိခဲ့ဘဲ မြင်ဆရာများ၏ ထိုးလုံးသတ်ပေါက်များကိုကြည့်ကာ တတ်သရွေ့ မှတ်သရွေ့ လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။

() အိပ်မက်များပီပြင်လာစေသည့် ကလပ်

စောရန်ပိုင်ကို လက်ဝှေ့သမားတစ်ဦးအဖြစ် ပီပီပြင်ပြင်ဖြစ်လာစေရန် အဓိကပံ့ပိုးပေးခဲ့သည့်နေရာမှာ မြိုင်ကလေးဘိလပ်မြေစက်ရုံ က လပ်ဖြစ်သည်။ နာမည်ကြီးလက်ဝှေ့သမားကောင်းများအမြောက်အမြားထွက်ရှိရာ ဘိလပ်မြေစက်ရုံကလပ်ကို သူငယ်ချင်းများ၏ ခေါ် ဆောင်မှုကြောင့် စောရန်ပိုင် ရောက်ခဲ့သည်။ ထိုသို့ မကြာခဏရောက်ဖြစ်ရာမှ ၁၆ နှစ်သားစောရန်ပိုင်လေးသည် အသွေးအသားထဲမှ လက်ဝှေ့သမားဗီဇ၏ တောင်းဆိုမှုကို မလွန်ဆန်နိုင်တော့ဘဲ မိဘအိမ်ကိုစွန့်ခွာကာ မြိုင်ကလေးဘိလပ်မြေစက်ရုံသို့ အပြီးအပိုင် ပြောင်း ရွှေ့နေထိုင်ခဲ့သည်။

ယင်းကလပ်တွင် စောရန်ပိုင်ကို လက်ဝှေ့ပညာများ အနီးကပ် စနစ်တကျသင်ကြားပေးခဲ့သူမှာ နာမည်ကျော်နည်းပြဆရာဖြစ်သော မိုး ပုလဲ ဖြစ်သည်။ စောရန်ပိုင်ကလည်း ၎င်းအလွန်လိုချင်နေသည့် လက်ဝှေ့ပညာများကိုသင်ယူခွင့်ရခိုက်တွင် လုံးဝမခိုမကပ်ဘဲ အားသွန် ခွန်စိုက် လေ့ကျင့်သင်ယူခဲ့သဖြင့် အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် လက်စွမ်းတိုးတက်လာခဲ့သည်။ ဘိလပ်မြေစက်ရုံကလပ်သည် စော ရန်ပိုင်ကို လက်ဝှေ့ပညာများသင်ကြားပေးရုံသာမက ၎င်း၏ စားဝတ်နေရေးကိုပါ တာဝန်ယူခဲ့ပြီး လိုသမျှ ငွေကြေးကို စက်ရုံမှူးက စိုက် ထုတ်ပေးခဲ့သည်။ ထို့ကြောင့် စောရန်ပိုင်သည် ယင်းကလပ်တွင် ဆယ်စုနှစ် တစ်ခုကျော် သစ္စာရှိရှိနေထိုင်ခဲ့ခြင်းဖြစ်သည်။

() ပြိုင်ဘက် စုံလင်ခဲ့သည့် ကစားသမား

စောရန်ပိုင်သည် လက်ဝှေ့ပညာသင်ယူနေသည့်အချိန်အတွင်းတွင်ပင် ကြိုးဝိုင်းထဲ စတင်ဝင်ရောက်နေခဲ့ပြီဖြစ်ပြီး အပျော်တမ်းပွဲငယ် လေးများမှအစပြုကာ ရွာဘုရားပွဲ၊ ရဟန်းခံရှင်ပြုနှင့် ကရင်ပြည်နယ်နေ့ အခမ်းအနားကြီးများအထိ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ဝေါ်လေ၊ မြိုင်ကြီးငူနှင့် ရွှေကုက္ကိုလ်တို့တစ်ဝိုက်တွင် စောရန်ပိုင် လှည့်လည်ယှဉ်ပြိုင်ထိုးသတ်ရင်း တဖြည်းဖြည်းနာမည်ရလာသဖြင့် ပွဲကြီးများထိုး သတ်ရန် စာချုပ်ချုပ်ဆိုခေါ်ယူမှုများလည်း ရှိလာခဲ့သည်။ စောရန်ပိုင်ကို ပြည်တွင်း၊ ပြည်ပ ပြိုင်ဘက်မျိုးစုံနှင့် ရင်ဆိုင်စေခဲ့ပြီး ၎င်းက လည်း ပရိသတ်များ စိတ်မပျက်ရအောင် အကောင်းဆုံးယှဉ်ပြိုင်ထိုးသတ်ပြခဲ့သည်။

စောရန်ပိုင်သည် ပြည်တွင်းကစားသမားများအနေဖြင့် တွေ့မရှောင်၊ လုံးချောနှင့် စောငမန်းတို့မှလွဲ၍ နာမည်ကြီးကစားသမားအားလုံးနီး ပါးနှင့် ရင်ဆိုင်ခဲ့ဖူးသည်။ အထူးသဖြင့် ၎င်းနှင့် ပွဲအတည်ပေးခံရဆုံးကစားသမားမှာ ကြယ်လင်းအောင်ဖြစ်ပြီး လေးကြိမ်ထက်မနည်း ယှဉ်ပြိုင်ခဲ့ရဖူးသည်။ စောရန်ပိုင်သည် တက်သစ်စကစားသမားအရွယ်ကတည်းက အကြီးတန်းကစားသမား ကြယ်လင်းအောင်နှင့် ယှဉ် ပြိုင်ခဲ့ဖူးခြင်းဖြစ်ပြီး ယနေ့ နာမည်ကြီးနေသည့် စိုးလင်းဦး၊ တူးတူး၊ ထွန်းထွန်းမင်းစသည့် ကစားသမားအားလုံးနှင့်လည်း ရင်ဆိုင်ခဲ့ဖူး သည်။ ထို့ပြင် စောရန်ပိုင်သည် ၎င်း၏ဝိတ်တန်းတွင် အောင်လံ၊ ဆုဖလား၊ ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ် စသည့် ဆုမျိုးစုံကို လည်း ရရှိခဲ့သည်။

() နည်းပြတစ်ဦးအဖြစ် ဖြတ်သန်းလိုသူ

ONE Championship တွင် ပွဲ ၂ ပွဲပါဝင်ကစားခဲ့ပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားသူစောရန်ပိုင်သည် မကြာမီတွင် ၎င်း၏ လက်ဝှေ့သမားဘဝ ပြီးဆုံးတော့မည် ဖြစ်သည်။ လက်ဝှေ့လောကတွင် ၁၅ နှစ် နီးပါးကျင်လည်ခဲ့သည့် စောရန်ပိုင်သည် အခြားရိုးရာ လက်ဝှေ့သမားများလမ်းစဉ်အတိုင်း ယခုရောက်နေသည့် အသက်အရွယ် (၃၁-၃၂နှစ် ဝန်းကျင်) တွင် အနားယူတော့မည်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း ၇ဝ ခန့် ကစားခဲ့ဖူးသည့် စောရန်ပိုင်သည် ယခုအချိန်တွင် လက်ဝှေ့သမားဘဝ ထက် နည်းပြဆရာဘဝကို ပိုမိုစိတ်အားထက်သန်နေသူလည်း ဖြစ်သည်။

စောရန်ပိုင်၏ စိတ်ကူးအိပ်မက်များ အကောင်အထည်ပေါ်လာစေရန် မြေတောင်မြှောက်ပေးခဲ့သည့် ဘိလပ်မြေစက်ရုံကလပ်ကဲ့သို့ အ ခြား ဝါသနာပါသည့်လူငယ်များကိုလည်း ပံ့ပိုးပေးနိုင်စေရန် လက်ဝှေ့ကလပ်တစ်ခု ဖွင့်လှစ်လိုနေသည်ဟု ၎င်းက ဝန်ခံခဲ့သည်။ ဘဝတူ လူငယ်များ၏ အနာဂတ်ကိုလမ်းခင်းပေးနိုင်စေရေးအတွက် ကိုယ်တိုင်နည်းပြလုပ်ကာ လက်ဝှေ့ ပညာကို စနစ်တကျသင်ပေးနိုင်ရန် လည်း စောရန်ပိုင်က မျှော်လင့်နေခြင်းဖြစ်သည်။ သို့သော် နည်းပြ ဖြစ်မလာလျှင်လည်း ငွေစုပြီး အခြားလုပ်ငန်းလေးများလုပ်ကိုင်နိုင်ရန် ကြံစည်ထားသည်ဟုလက်ဝှေ့ကျော် စောရန်ပိုင်က ၎င်း၏ အရန်အစီအစဉ်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *