မြန်မာဖန်တီးမှုအနုပညာရှင်များနှင့် MyJustice တို့ ပူး‌ပေါင်းကာ တရားမျှတမှု၏ အဓိပ္ပါယ်နှင့် တစ်ဦးချင်း၏ အခန်းကဏ္ဍကို ပြည်သူလူထုအတွက် ရည်ရွယ်၍ ဖန်တီးတင်ဆက်မည်။ အဆိုပါ အနုပညာ ပြပွဲကို “တရားမျှတ နေ့စဉ်ဘဝ” ခေါင်းစဉ်နှင့် ကျင်းပမည် ဖြစ်ပြီး ပြပွဲဖွင့်ပွဲကို မကြာခင်က ပြန်လည်မွမ်းမံခဲ့သော Tourist Burma အဆောက်အဦတွင် နိုဝင်ဘာ ၁၅ရက်နေ့၌ ပြုလုပ်မည်။ ပြပွဲကို မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ရန်  ၂-ပတ်ကြာပြသမည်ဖြစ်သည်။

ဤပြပွဲသည် MyJustice ၏ ၂၀၁၅မှစတင်ခဲ့သော ခရီးစဉ် ၄-နှစ်ပြည့် မြောက်ခြင်းအထိမ်းအမှတ်ဖြစ်သည်။ MyJustice ကို ဥရောပသမဂ္ဂမှ ရန်ပုံငွေပံ့ပိုးပြီး ဗြိတိသျှကောင်စီမှ မိတ်ဖက်အဖွဲ့များနှင့် လက်တွဲအ‌ကောင်အထည်ဖေါ် ဆောင်ရွက်သည်။ ပြည်သူလူထုအတွက် အခွင့်အရေးနှင့် ဥပဒေအသိပညာပေးခြင်း၊ တရားမျှတမှုစင်တာများနှင့် ရပ်ရွာအခြေပြုဥပဒေ အထောက်အကူများမှ တရားမျှတမှုရရှိအောင် ကူညီပေးခြင်း၊ ရပ်ရွာတွင်းအငြင်းပွားမှုဖြေရှင်းသည့်နည်းလမ်းများ မျှတမှု ရှိစေရန်ပံ့ပိုးပေးခြင်း၊ တရားမျှတမှုဆိုင်ရာ မူဝါဒချမှတ်သူများအတွက် အကူအညီပေးခြင်း စသည်တို့ကိုဆောင်ရွက်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ၆-ခုရှိ မြို့နယ် ၆၄ခုတွင် ရပ်ရွာအခြေပြုအဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၅၀ကျော် တို့နှင့် လက်တွဲကာ ပြည်သူလူထုတရားမျှမှုကို လက်လှမ်းမီစေရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ တို့နှင့်လည်း ပူး‌ပေါင်းဆောင်ရွက်လျှက်ရှိသည်။ ယနေ့အထိ လူဦးရေပေါင်း ၂၁၀၀၀ ကို အခမဲ့ဥပဒေဆိုင်ရာအထောက်အကူပေးခဲ့သည်။ ရပ်ရွာတွင်းအငြင်းပွားမှုများ ကူညီဖြေရှင်းပေးသူ ၃၃၃၃ဦးကို ညှိနှိုင်းမှု ဆိုင်ရာနည်းလမ်း သင်တန်းပို့ချပေးခဲ့သည်။ ပြောကြမယ် လှုပ်ရှားမှုမှတဆင့် လူဦး‌ရေ ၂၃သန်းကျော်၊ ရပ်ရွာအခြေပြု အသိပညာပေးဆွေးနွေးပွဲများမှတဆင့် လူဦးရေ ၁၂၃၀၀၀ ကျော်တို့အား တရားမျှတမှုအတွက် ပူးပေါင်းပါဝင်စေရန်၊ မိမိတို့၏အခွင့်အရေးများကို သိရှိ အသုံးချနိုင်စေရန် ကူညီဆောင်ရွက်‌ပေးခဲ့သည်။

MyJustice မှပြုလုပ်ခဲ့သော သုတေသနမှတွေ့ရှိရသည်မှာ လူထုသည် လက်ရှိစနစ်မှ မိမိတို့လိုလားသော တရားမျှတမှုနှင့် အခွင့်အရေးများကို ရရှိနိုင်ခြေနည်းသည်ဟု ထင်မြင်သည်။ အနည်းစုကသာ တရားမျှတမှုရရှိအောင် ကြိုးစားခဲ့ကြပြီး အများစုမှာမည်သို့မှမပြုလုပ်ပဲထားခဲ့သည်ကိုလည်းတွေ့ရှိရသည်။ အဆိုပါ အနေအထားမှ တိုးတက်လာစေရန်အတွက် ဖြစ်ရပ်မှန်အတွေ့အကြုံများကို သုံးသပ်ကာ ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများကို တွေးတောပုံဖေါ်ကြည့်ရန်လိုသည်။ မြန်မာဖန်တီးမှုအနုပညာရှင်များဖြစ်ကြသော KO Z, BRANG LI, HTEIN LIN, EMILY PHYO, MAUNG YU PY, KAUNG SU တို့သည် တရားမျှတမှုဆိုင်ရာ ဖန်တီးမှုအမျိုးမျိုးတို့ကို သမိုင်း၊ လွတ်လပ်ခွင့်၊ တစ်ဦးချင်းရပ်တည်ခွင့် စသည့်  ရှုထောင့် ပေါင်းစုံမှတင်ပြသွားမည်။ အနုပညာဖန်တီးမှုများကို ရန်ကုန်မြို့ရှိ ပန်းချီပြခန်းတစ်ခုဖြစ်သော MYANM/ART မှ စုစည်း တင်ဆက်ကာ၊ ပြပွဲအပြင်အဆင်ကို Bridge မှ ပြုလုပ်သည်။

လူထုတွင်းမှ တရားမျှတမှုအကြောင်း ဇာတ်လမ်းတိုများကိုလည်းတင်ဆက်မည်။ Braveheart အဖွဲ့မှ ရပ်ရွာအခြေပြု ဥပဒေအထောက်အကူပေးသူတစ်ဦးက မသန်စွမ်းသူ သက်ကြီးပိုင်း တိုင်းရင်းသူတစ်ဦး နိုင်ငံသားစီစစ်ရေးကဒ်ပြားရအောင် ကူညီပေးခဲ့ပုံ၊ မော်လမြိုင်မှရှေ့နေတစ်ဦး မိမိအမှုသည် လွတ်မြောက်ရေးအတွက် တရားလွှတ်တော်ချုပ်အထိ အယူခံ ဝင်ကာ အမှုနိုင်ခဲ့ပုံတို့  ဇာတ်လမ်းတိုများ ပါဝင်သည်။

“အားလုံးတရားမျှတမှုကိုလက်လှမ်းမီနိုင်မယ့် နည်းလမ်းတွေ များများပေါ်ထွက်လာစေဖို့ လူထုထဲမှာ တရားမျှတမှု အကြောင်း ကျယ်ကျယ်ပြန့်ပြန့်ပြောဖို့လိုပါတယ်။ ရှေ့နေ၊ အစိုးရတာဝန်ရှိပုဂ္ဂိုလ်၊ ရပ်ရွာအခြေပြုအဖွဲ့အစည်း၊ အနုပညာရှင်တွေအားလုံး တရားမျှတမှုအကြောင်း ဝိုင်းဝန်းဆွေးနွေးကြစေချင်ပါတယ်။” ဟု MyJustice အဖွဲ့ခေါင်းဆောင် Caitlin Reiger မှပြောသည်။

“လွတ်လပ်တဲ့အနုပညာဖန်တီးမှုတွေဟာ မတရားမှုတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို လမ်းပြပေးနိုင်ပါတယ်။ ဒီပြပွဲအပါအဝင် MyJustice ရဲ့လုပ်ငန်းတွေကို ဥရောပသမဂ္ဂကနေ ပံ့ပိုးပေးခြင်းဟာ မြန်မာနိုင်ငံမှာ တရားမျှတမှုကို တဖက်တလမ်းက ကူညီမြှင့်တင်ပေးခြင်းဖြစ်ပါတယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt မှ‌ပြောသည်။

တရားမျှတ နေ့စဉ်ဘဝ အနုပညာပြပွဲကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က ဖွင့်လှစ်ပေး မည်ဖြစ်သည်။ မြန်မာ့နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်နှင့် ပြောကြမယ်ကမ်ပိန်း၏ Brand Ambassador ဖြစ်သူ ဇာဏ်ခီ ကလည်း ဤဖွင့်ပွဲကို တက်ရောက်မည်ဖြစ်သည်။

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *