၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Ryogoku Kokugikan အားကစားရုံတွင်ကျင်းပသော ONE: CENTURY ပြိုင်ပွဲမှာ စင်ကာပူ အားကစားသမား “Unstoppable” Angela Lee ၏ဘဝအတွက် အရေးကြီးသောပြိုင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ONE အမျိုးသမီး အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အသက် ၂၃ နှစ်အရွယ် Angela Lee သည် နောက်ဆုံး ၂ ပွဲဆက်တိုက် အရေးနိမ့်ထားသလို ရင်ဆိုင်ရမည့်သူက ONE စတောဝိတ်တန်းကမ္ဘာ့ချန်ပီယံ တရုတ်အားကစားသမား  “The Panda” Xiong Jing Nan ဖြစ်နေသောကြောင့်ဖြစ်သည်။ သို့သော်လည်း Angela Lee သည် နောက်ဆုံးအချီပြီးဆုံးခါနီး ၁၅ စက္ကန့်အလိုတွင် အနောက်ဖက်မှ လည်ပင်းသိုင်းချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ပြီး ONE အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ၄ ကြိမ်တိုင်တိုင် ကာကွယ်နိုင်ခဲ့သည်။ 

ကြိုးဝိုင်းအမည်နှင့်လိုက်ဖက်စွာပင် ရပ်တန့်မရနိုင်သူ Angela Lee တစ်ယောက် နိုင်ပွဲရယူနိုင်ပြီးနောက် ၎င်းအတွက် ပြိုင်ဘက်ဖြစ်လာနိုင်ဖွယ်ရှိသော ကစားသမား၃ ဦးအကြောင်း ဖော်ပြလိုက်ပါသည်။ 

ပွဲဆက်ရှုံးနိမ့်မှုကို ချေဖျက်ချင်နေသော Yamaguchi

ဂျပန်နိုင်ငံရှိ အမျိုးသမီး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားများအနက် Mei “V.V” Yamaguchi သည် ထင်ရှားသော အားကစား သမားတစ်ယောက်ဖြစ်သည်။ အသက် ၃၆ နှစ်အရွယ် ၎င်းသည် ဂျပန်အခြေစိုက် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားအဖွဲ့အစည်းများ ဖြစ်သည့် Deep-Jewels၊ Pancrase စသည့် အဖွဲ့အစည်းများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းများ ပြသနိုင်ရုံမက မာဂုဏ်မြင့်မားသော အားကစားသမားတစ်ယောက်လည်းဖြစ်သည်။ ထို့ကြောင့် ONE က ၎င်း၏လက်ရည်ကိုသဘောကျကာ စာချုပ်ချုပ် ဆိုခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မေလတွင် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲတစ်ပွဲ ယှဉ်ပြိုင်စေခဲ့သည်။

Yamaguchi ပထမဆုံးအကြိမ်ယှဉ်ပြိုင်ရသည့်ပြိုင်ပွဲမှာ သာမန်ပြိုင်ပွဲမဟုတ်ဘဲ ONE က ၅ ပွဲဆက်တိုက်အနိုင်ရထားသော စင်ကာပူ အားကစားသမား Angela Lee နှင့် ဂျပန်အားကစားသမားတို့ကို အမျိုးသမီးအက်တမ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်စေ ခဲ့ခြင်းဖြစ်သည်။ ထိုပွဲတွင် ၅ ချီပြည့်သည်အထိ အရှုံးအနိုင်အဖြေမပေါ်သော်လည်း ဒိုင်လူကြီး ၃ ဦးစလုံးက စင်ကာပူအားကစားသမား ကို အနိုင်ပေးခဲ့သောကြောင့် Angela Lee မှာ ONE အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။ ONE နှင့် ပထမ ဆုံးပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဖြစ်ခွင့်ရခဲ့သော်လည်း အမှတ်ဖြင့်အရေးနိမ့်ခဲ့သော Yamaguchi မှာ စိတ်ဓာတ်မကျဘဲ ကြိုးစားခဲ့သော ကြောင့် ၂၀၁၈ ခုနှစ်၊ မေလအတွင်း ထပ်မံစိန်ခေါ်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

ဒုတိယတစ်ကြိမ်တွင်လည်း ပထမအကြိမ်ကလိုပင် အမှတ်ဖြင့်ထပ်မံရှုံးနိမ့်ခဲ့ရပြန်သည်။ သို့သော်လည်း အလွယ်တကူအရှုံးမပေးတတ် သည့် ဂျပန်လူမျိုးများ၏ထုံးစံအတိုင်း Yamaguchi သည် ဆက်လက်ကြိုးစားခဲ့ရာ ၄ ပွဲဆက်တိုက်အနိုင်ရခဲ့သည်။ ၄ ပွဲဆက်တိုက်အနိုင် ရပြီးနောက် ဂျပန်အားကစားသမားမှာ ယုံကြည်မှုအပြည့်အဝရှိနေပြီး ယခင် ၂ ပွဲဆက် အရှုံးအနိုင် ပြတ်ပြတ်သားသား အဖြေမထွက်ဘဲ အမှတ်ဖြင့်ရှုံးနိမ့်ခဲ့ရသော Angela Lee ကို ပြတ်သားသည့်ရလဒ်တစ်ခုထွက်ပေါ်သည်အထိ ယှဉ်ပြိုင်လိုနေသည်။

ONE ဥက္ကဋ္ဌ Chatri Sityodtong ကလည်း ၎င်းတို့နှစ်ဦး၏ တတိယအကြိမ် မကြေပွဲဖြစ်ပေါ်လာစေရန် ဆန္ဒရှိနေပြီး Angela Lee နှင့် ဆွေးနွေးသွားမည်ဟု အတည်ပြုထားသောကြောင့် ONE အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Angela Lee နှင့် Mei Yamaguchi တို့ ၏ တတိယအကြိမ်တွေ့ဆုံပွဲက ဖြစ်မြောက်လာနိုင်ဖွယ်ရှိနေသည်။

အိပ်မက်များဖြစ်လာရန် Angela Lee ကို ကျော်ဖြတ်ရမည့် Stamp Fairtex

ONE Championship တွင် ကမ္ဘာ့ချန်ပီယံ ၁၅ ဦးရှိသည့်အနက် ချန်ပီယံခါးပတ်နှစ်ခုကို ရယူထားနိုင်သည်က ၂ ဦးသာရှိသည်။ အဆိုပါ ကစားသမားများက ONE မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ မြန်မာအားကစားသမား “မြန်မာ့စပါးအုံး” အောင်လ အန်ဆန် နှင့် ONE အက်တမ်ဝိတ်တန်းမွေထိုင်း၊ အက်တမ်ဝိတ်တန်းကစ်ဘောက်ဆင် ကမ္ဘာ့ချန်ပီယံ ထိုင်းအားကစားသမား Stamp Fairtex တို့ဖြစ်သည်။ အသက် ၂၂ နှစ်အရွယ် Stamp Fairtex သည် အသက် ၆ နှစ်အရွယ်ကတည်းက မွေထိုင်းပြိုင်ပွဲများယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး ကစ်ဘောက်ဆင်ကိုလည်း လေ့လာလိုက်စားခဲ့သူဖြစ်သည်။ မွေထိုင်းနှင့် ကစ်ဘောက်ဆင်ပြိုင်ပွဲစုစုပေါင်း ပွဲ ၁၀၀ ကျော်ယှဉ်ပြိုင် ထားသော ၎င်းသည် ထိုင်ဝမ်အားကစားသမား “Killer Bee” Chuang Kai Ting ကိုအနိုင်ယူကာ အက်တမ်ဝိတ်တန်း ကစ်ဘောက်ဆင် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူခဲ့သလို အမေရိကန်အားကစားသမား Janet “JT” Todd ကိုအနိုင်ယူကာ အက်တမ်ဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံခါးပတ်ကိုပါ ထပ်မံသိမ်းပိုက်ခဲ့သည်။  

မတူညီသည့် အားကစားနည်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံဖြစ်လာသော Stamp Fairtex သည် ONE အက်တမ်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီ ယံခါးပတ်အတွက် စိန်ခေါ်လာသော သြစတြေးလျအားကားသမား Alma Juniku ကိုလည်း အမှတ်ဖြင့် အနိုင်ယူပြီးနောက် ကစ်ဘောက် ဆင်နှင့်မွေထိုင်းတွင် ၎င်းကို ယှဉ်နိုင်မည့်သူ မရှိတော့သည်ကို ရိပ်မိခဲ့သည်။ ထို့ကြောင့် စိတ်ဝင်စားသော ကိုယ်ခံပညာသိုင်းပေါင်းစုံအား ကစားနယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီး ယှဉ်ပြိုင်ခွင့်ရထားသော ၂ ပွဲစလုံး အနိုင်ရထားသည်။ Stamp Fairtex သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ လ ၈ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ကျင်းပမည့် ONE: MASTERS OF FATE ပြိုင်ပွဲတွင် ၎င်း၏တတိယမြောက် ကိုယ်ခံပညာ သိုင်းပေါင်းစုံတွဲဆိုင်းအဖြစ် ဗီယက်နမ်-အမေရိကန်အားကစားသမား Bi “Killer Bee” Nguyen နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အနိုင်ရခဲ့ ပါက Angela Lee ကို စိန်ခေါ်နိုင်သူအဆင့်သို့ ရောက်လာနိုင်သူဖြစ်သည်။

ကိုယ်ခံပညာရပ်ပေါင်းစုံကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်သော Stamp Fairtex သည် ဓာတ်ပုံရိုက်တိုင်း ထူးခြားသည့်အမူအရာတစ်ခု ကို လုပ်လေ့ရှိသည်။ ထိုအရာက လက်သုံးချောင်း ထောင်ပြခြင်းဖြစ်ပြီး မတူညီသည့်အားကစားနည်းသုံးမျိုး၏ ကမ္ဘာ့ချန်ပီယံဖြစ်လိုသည် ဟု ပြောလိုခြင်းဖြစ်သည်။ Chatri Sityodtong ကလည်း Stamp Fairtex ၏အရည်အချင်းကို ချီးကျူးထားပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနည်းတွင်ပါ ကမ္ဘာ့ချန်ပီယံဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးထားသည်။

မွေထိုင်းချန်ပီယံ၏ မကြေပွဲစောင့်စားခန်း

မွေထိုင်းကမ္ဘာ့ချန်ပီယံဆုကို နှစ်ကြိမ်ရယူဖူးသော ဘရာဇီးလ်အားကစားသမား Istela Nunes သည် ၅ နှစ်သားအရွယ်ကတည်းက ဂျူ ဂျစ်ဆုပညာရပ်များကို လေ့လာလိုက်စားခဲ့သူဖြစ်သည်။ မြေပြင်ချုပ်ကွက်ပိုင်းဆိုင်ရာ နည်းဗျူဟာများကို ကျွမ်းကျင်ပိုင်နိုင်စွာတတ် မြောက်ပြီးနောက် ၁၀ နှစ်အရွယ်တွင် မွေထိုင်းအားကစားနည်းဘက်သို့ ကူးပြောင်းခဲ့သူလည်းဖြစ်သည်။ ၎င်းသည် ပရော်ဖက်ရှင်နယ် အားကစားသမားဘဝတစ်လျှောက် တစ်ပွဲသာရှုံးထားပြီး အဆိုပါရှုံးပွဲမှာ ယခု ONE အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Angela Lee ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၇ နှစ်အရွယ် ၎င်းသည် ONE တွင် ၃ ပွဲယှဉ်ပြိုင်ထားရာ၌ Angela Lee ကိုသာရှုံးထားပြီး ဂျပန်ဝါရင့်အားကစားသမား Mei Yamaguchi နှင့် ဖိလစ်ပိုင်အားကစားသမား Gina “Conviction” Iniong တို့ကို အနိုင်ရထားသူဖြစ်သည်။ မြေပြင်ချုပ်ကွက်ပိုင်းတွင်သာ မက မတ်တပ်ရပ်ယှဉ်ပြိုင်မှုတွင်ပါ မည်သည့်ပြိုင်ဘက်ကိုမဆို အကောင်းဆုံးယှဉ်ပြိုင်နိုင်သည့် Istela Nunes သည်လည်း Angela Lee ၏ နောက် ထပ်ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်လာနိုင်သည်။ 

ONE : Master of Fate ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Mall Of Asia Arena  အားကစားကွင်းတွင် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စုစုပေါင်း တွဲဆိုင်းပေါင်း ၁၄ဆိုင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ 

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *