အာရှတိုက်၏ အကြီးမားဆုံးကိုယ်ခံပညာ သိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship သည် ဗီယက်နမ်နိုင်ငံတွင် ပထမဆုံးစီစဉ် တင်ဆက်မှုအဖြစ် ONE: IMMORTAL TRIUMPH ပြိုင်ပွဲကို ကျင်းပခဲ့သည်။ အဓိကတွဲဆိုင်းဖြစ်သည့် ONE ဘန်တန်ဝိတ်တန်း မွေ ထိုင်းတွဲဆိုင်းဖြစ်သည့် လက်ရှိချန်ပီယံ Nong-O Gaiyanghadao နှင့် စိန်ခေါ်သူ Brice “The Truck” Delval တို့၏ တွဲဆိုင်းအပါအဝင် ၁၂ ဆိုင်းစလုံးက ပရိသတ်အကြိုက်ဖြစ်ခဲ့သည်။

ဟိုချီမင်းမြို့ရှိ Phu Tho Indoor Stadium တွင်ပြုလုပ်သော အဆိုပါပြိုင်ပွဲ၌ ဗီယက်နမ်ကိုယ်စားပြု အားကစားသမား ၃ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၃ ဦးစလုံး အနိုင်ရလဒ်ယူဆောင်နိုင်ခဲ့ခြင်းကလည်း ထူးခြားသည်။ မွေထိုင်းနှင့် Kick Boxing တွဲဆိုင်းများသာပါဝင်သည့် ONE: IMMORTAL TRIUMPH ပြိုင်ပွဲ၏ အကောင်းဆုံးတွဲဆိုင်း ၅ ဆိုင်းကို ဖော်ပြလိုက်ပါသည်။

၁။ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ်ကာကွယ်နိုင်ခဲ့သော Nong-O

Evolve MMA အသင်းသား Nong-O အနေဖြင့် စိန်ခေါ်သူ အယ်လ်ဂျီးရီးယားကစားသမား Brice “The Truck” Delval ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီး အမှတ်ပေးဒိုင် ၃ ဦးအနက် ၂ ဦး၏အနိုင်ပေးမှုကြောင့် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။ Mahmoudi Gym အသင်းသား Delval သည် အရပ်ပိုမြင့်သောကြောင့် နင်းခြေ၊ တားခြေများသုံးကာ ပထမအချီစတင်ချိန်ကတည်းက တိုက်စစ်ဖွင့်ယှဉ်ပြိုင်ခဲ့သည်။

ONE ဘန်တန်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံ Nong-O သည် ပထမအကြိမ် ချန်ပီယံခါးပတ်ကာကွယ်ပွဲတွင်လည်း စိန်ခေါ်သူ ဂျပန်က စားသမား Hiroaki Suzuki ကို ၅ ချီပြည့်ယှဉ်ပြိုင်ခဲ့ရပြီး ဒိုင်အဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ပထမအချီနှင့် ဒုတိယအ ချီအထိ Delval ၏ ခြေကန်ချက်နှင့် လက်သီးထိုးချက်များကို မထိုးဖောက်နိုင်ခဲ့ဘဲ ခံစစ်သက်သက်သာ ကစားခဲ့ရသည်။

သို့သော် တတိယအချီတွင်မူ Delval သက်လုံကျလာပြီး Nong-O က ပြင်းထန်အားပါသော လက်သီးတွဲလုံးများ၊ အောက်ခြေပိုင်းကန် ချက်များဖြင့် အသာစီးရယူခဲ့သည်။ နောက်ပိုင်းအချီများတွင် နှစ်ယောက်စလုံး အမှတ်ရရေးအတွက် ကြိုးစားယှဉ်ပြိုင်ခဲ့ပြီး အယ်လ်ဂျီးရီး ယားကစားသမားကပင် တိုက်စစ်ဖွင့်ကာ ယှဉ်ပြိုင်ခဲ့သည်။

၅ ချီအပြည့်ယှဉ်ပြိုင်အပြီး ဒိုင်အဆုံးအဖြတ်ခံယူရန် စောင့်ဆိုင်းနေစဉ် တစ်ပွဲလုံးနီးပါး တိုက်စစ်ဖွင့်ယှဉ်ပြိုင်ခဲ့သည့် Delval က ၎င်းအနိုင် ရမည်ဟု ယုံကြည်ချက်အခိုင်အမာထားခဲ့သော်လည်း ဒိုင်လူကြီး ၂ ဦးက လက်ရှိချန်ပီယံ Nong-O ကို အနိုင်ပေးခဲ့သည်။

၂။ အိမ်ပြန် မျက်နှာပန်းလှခဲ့သော Bi Nguyen

ဗီယက်နမ်တွင်မွေးဖွားကာ အမေရိကန်တွင်ကြီးပြင်းခဲ့သော Bi “Killer Bee” Nguyen အတွက် မွေးရပ်မြေသို့ ပထမဆုံးအကြိမ် ပြန် လည်ခြေချမှုတွင် အောင်ပွဲပါဆင်နိုင်ခဲ့ရာ မင်္ဂလာရှိသော အိမ်အပြန်ခရီးဟု ဆိုနိုင်သည်။ အိန္ဒိယဝူရှူးချန်ပီယံ Puja “The Cyclone” Tomar နှင့်ယှဉ်ပြိုင်သည့် အက်တမ်ဝိတ်တန်းမွေထိုင်းတွဲဆိုင်းက ဗီယက်နမ်ပရိသတ်များအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်ခဲ့သည်။

လက်သီးအားကိုးကာ တိုက်စစ်ဖွင့်ထိုးသော Nguyen ကို Tomar က အမှားစောင့်ကာ ခံစစ်ဗျူဟာဖြင့် ရင်ဆိုင်ခဲ့သည်။ အိန္ဒိယကစားသ မား၏ အဓိကအားနည်းချက်မှာ မွေထိုင်းကို ယခုအကြိမ်ကျမှသာ ပထမဆုံးယှဉ်ပြိုင်ခြင်းဖြစ်သောကြောင့် ဒူးမတိုက်တတ်ခြင်းဖြစ်သည်။

အိမ်ရှင်ပရိသတ်များ၏ တခဲနက်အားပေးမှုကိုရရှိနေသော Nguyen က ဒူးတိုက်ချက်များဖြင့် Tomar ကို တိုက်ခိုက်ခဲ့ပြီး တစ်ပွဲလုံးနီးပါး အသာစီးယှဉ်ပြိုင်နိုင်သောကြောင့် ဒိုင်လူကြီး ၃ ဦးအနက် ၂ ဦး၏အနိုင်ပေးမှုနှင့် ဟိုချီမင်းအိမ်ပြန်ခရီးက လှပခဲ့သည်။

၃။ အကောင်းဆုံးစွမ်းဆောင်ရည်နှင့် မထင်မှတ်ဘဲ အနိုင်ရခဲ့သော Mongkolpetch

Mongkolpetch Petchyindee Academy နှင့် အီတလီအားကစားသမား Joseph “The Hurricane” Lasiri တို့ယှဉ်ပြိုင်သည့် ဖလိုင်း ဝိတ်တန်းမွေထိုင်းတွဲဆိုင်းက စိတ်လှုပ်ရှားမှုအပြည့် ပေးစွမ်းနိုင်ခဲ့သည်။ Mongkolpetch မှာ ခြေကန်ချက်များအသုံးပြုခဲ့ပြီး ပထမအချီ မှာ ၎င်း၏ခြေကန်ချက် ၂ ကြိမ်က Lasiri ၏မျက်နှာကို ထိမှန်ခဲ့သည်။

လက်သီးထိုးချက်နှင့် တံတောင်ရိုက်ရာတွင် အထူးကျွမ်းကျင်သူ Lasiri ကလည်း တိုက်စစ်ဗျူဟာကိုသာ အသုံးပြုခဲ့ရာ ပရိသတ်များ၏ လက်ခုပ်သံကို သဲ့ယူနိုင်ခဲ့သည်။ ဒုတိယအချီတွင် နှစ်ယောက်စလုံး လက်သီးထိုးချက်များ၊ ဒူးတိုက်ချက်များသုံးကာ အနိုင်ရရန်ကြိုးစား ခဲ့သည်။ အသက် ၁၇ နှစ်အရွယ်ကတည်းက မွေထိုင်းကိုလေ့လာလိုက်စားခဲ့သော မီလန်မြို့သား Lasiri သည် မွေထိုင်းကမ္ဘာ့ချန်ပီယံ လည်းဖြစ်ရာ တတိယအချီတွင် လက်သီးတွဲလုံးများ၊ တံတောင်ရိုက်ချက်များဖြင့် သက်လုံကျလာသော ထိုင်းအားကစားသမားကို ဖိအား ပေးနိုင်ခဲ့သည်။

လက်ရည်နှင့် တိုက်စစ်ဗျူဟာအရ Lasiri က ၎င်းသာအနိုင်ရမည်ဟု ထင်မှတ်ထားသော်လည်း ဒိုင်လူကြီး ၁ ဦးက အနိုင်ပေးပြီး ကျန် ၂ ဦးက Mongkolpetch ကို အနိုင်ပေးခဲ့သည်။

၎။ လက်သီးချက်များဖြင့် အောင်ပွဲခံခဲ့သော Silva

ONE: IMMORTAL TRIUMPH ပြိုင်ပွဲတွင် ဝိတ်တန်းအကြီးဆုံးတွဲဆိုင်းက လိုက်ဟဲဗီးဝိတ်တန်းKick Boxing တွဲဆိုင်းအဖြစ် ဘရာ ဇီးလ်အားကစားသမား Anderson “Braddock” Silva နှင့် ရုရှားအားကစားသမား Beybulat Isaev တို့ ယှဉ်ပြိုင်သည့်တွဲဆိုင်းဖြစ်သည်။ ဝိတ်တန်းမြင့်မားသော ကစားသမားများဖြစ်သော်လည်း သွက်သွက်လက်လက်ယှဉ်ပြိုင်သောကြောင့် ပရိသတ်အကြိုက်တွေ့ခဲ့သည်။

Silva မှာ လက်သီးထိုးချက်ကောင်းမွန်သူဟု နာမည်ကျော်သည့်အတိုင်း ပထမအချီအစမှာပင် ၎င်း၏ ညာဖြောင့်လက်သီးကြောင့် Isaev ယိုင်ထွက်သွားခဲ့သည်။ ထို့နောက် ဘရာဇီးလ်ကစားသမားက ဆက်တိုက်ဖိအားပေးကာ ဘယ်ညာလက်သီးတွဲလုံးများဖြင့် Isaev ကို ချိ နဲ့စေခဲ့သည်။

ပထမအချီပြီးဆုံးရန် ၄၁ စက္ကန့်သာလိုချိန်တွင် Silva ၏ ပြင်းထန်အားပါသော ညာပင့်လက်သီးက ရုရှားကစားသမား၏မေးရိုးကို ထိမှန်ခဲ့ သည်။ ကြိုးဝိုင်းကြမ်းပြင်ပေါ် လဲကျသွားသော Isaev က ပြန်လည်ယှဉ်ပြိုင်ရန် ထလာနိုင်သေးသော်လည်း ခန္ဓာကိုယ်ယိုင်ထိုးနေသော ကြောင့် ဒိုင်လူကြီးက Silva ကို အလဲထိုးဖြင့် အနိုင်ပေးခဲ့သည်။

၅။ လက်ရည်အသာဖြင့် နိုင်ပွဲယူခဲ့သော Nguyen Tran Duy Nhat

ဗီယက်နမ်အားကစားသမား Nguyen “No.1” Tran Duy Nhat သည် နာမည်နှင့်လိုက်ဖက်စွာပင် ဗီယက်နမ်နိုင်ငံ၏ နံပါတ်တစ် မွေ ထိုင်းအားကစားသမားဖြစ်သည်။ မြန်မာ့ရိုးရာလက်ဝှေ့ပွဲများလည်း ယှဉ်ပြိုင်ဖူးသော ၎င်းကို မလေးရှားအားကစားသမား Azwan Che Wil လက်ရည်တူ ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပေ။

နည်းဗျူဟာပိုင်းပိုသာသော Tran Duy Nhat က တံတောင်ရိုက်ချက်များ ကောင်းမွန်သလို အောက်ခြေပိုင်းကန်ချက်များကလည်း ပထမ အချီအတွင်း Azwan ကို ကြိုးဝိုင်းကြမ်းပြင်ပေါ် ၂ ကြိမ်တိုင်လဲကျစေခဲ့သည်။ ဒုတိယအချီအစ ၅၈ စက္ကန့်တွင် Tran Duy Nhat ၏ ညာ ခြေအမြင့်ကန်ချက်က Azwan ၏မေးရိုးကိုထိကာ အမှတ်စဉ်အရေခံခဲ့ရသည်။

အချိန်စေ့ခါနီးတွင်လည်း Azwan မှာ လဲကျမလိုဖြစ်ခဲ့သေးသော်လည်း အချိန်စေ့သွားသောကြောင့်သာ တတိယအချီအထိ ယှဉ်ပြိုင်ခွင့်ရခဲ့ ခြင်းဖြစ်သည်။ တတိယအချီတွင် Tran Duy Nhat က ပွဲဖြတ်နိုင်ရန် တိုက်စစ်ဖွင့်ခဲ့ပြီး အချီစေ့ရန် ၂၅ စက္ကန့်သာလိုချိန်၌ Azwan ၏မေး ရိုးကို ပြင်းထန်အားပါသော ညာလက်သီးတစ်လုံး ပစ်သွင်းအပြီးတွင်တော့ မလေးရှားအားကစားသမား ပြန်မထနိုင်တော့ဘဲ အလဲထိုးနိုင် ပွဲကို ရယူနိုင်ခဲ့သည်။

ONE: Century Part I နှင့် Century Part II ကို လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကြီးသည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးပြိုင်ပွဲကြီးဟု ဆိုနိုင်သလို ကိုယ်ခံပညာရပ်ပေါင်းစုံတွင် ကျင်လည်ကျက်စားလျက်ရှိသည့် ကမ္ဘာ့ချန်ပီယံ ၂၈ ဦးအထိ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *