ကမ္ဘာ့အကြီးမားဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship သည် ဗီယက်နမ်နိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပ မည့် ONE: IMMORTAL TRIUMPH ပြိုင်ပွဲကို စက်တင်ဘာလ ၆ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဟိုချီမင်းမြို့တွင် ပြု လုပ်သွားမည့် အဆိုပါပြိုင်ပွဲ၌ အကောင်းဆုံး အားကစားသမားများ၏ တွဲဆိုင်းများ ပါဝင်လျက်ရှိရာ ပရိသတ်များအတွက် ရင်သပ်ရှုမောစ ရာ ပွဲကြီးပွဲကောင်းများကို ရှုစားရမည်ဖြစ်သည်။

ONE: IMMORTAL TRIUMPH ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားအချို့၏ ရင်သပ်ရှုမောစရာ ထိပ်တန်းစွမ်းဆောင်ရည် ၅ ခုကို ဖော်ပြလိုက်ပါသည်။

၁။ Nong-O ကမ္ဘာ့ချန်ပီယံခါးပတ် ရယူပွဲ

မွေထိုင်းအားကစားသမား Nong-O Gaiyanghadao သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပသော ONE: CLASH OF LEGENDS ပြိုင်ပွဲတွင် ဘန်တန်ဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့သည်။ ထိုပြိုင်ပွဲတွင် ထိုင်းအားကစားသမား Nong-O သည် မွေထိုင်းနည်းစနစ်များကို အထူးကျွမ်းကျင်ပိုင်နိုင်သော တရုတ်အားကစားသမား Han Zi Hao ကို တိုက်စစ်စွမ်းဆောင်ရည် အပြည့်ပြသကာ ဒိုင်လူကြီး ၃ ဦးစလုံး၏ အနိုင်ပေးမှုကြောင့် အောင်ပွဲရခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်ရှိ Impact Arena အားကစားပြိုင်ပွဲရုံတွင် အိမ်ရှင်ထိုင်းပရိသတ်များ၏ သောင်းသောင်းဖျဖျ အားပေးမှုကိုရရှိခဲ့သော Nong-O သည် ၅ ချီစလုံး တိုက်စစ်နည်းပညာဖြင့် ယှဉ်ပြိုင်ခဲ့သည်။ ပထမအချီပြီးဆုံးရန် စက္ကန့် ၃၀ အလိုတွင် ၎င်း၏ အနီးကပ်ညာတံတောင် ရိုက်ချက်ကြောင့် Han မှာ ကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။

ဒုတိယအချီတွင် လုမ္ပနီ ကမ္ဘာ့ချန်ပီယံမွေထိုင်းပြိုင်ပွဲ၏ မတူညီသော ဝိတ်တန်း ၄ ခုချန်ပီယံ Nong-O သည် Han ၏ ပြင်းထန်အားပါ သော ညာလက်သီးချက်များကြောင့် အခက်တွေ့ခဲ့သလို ကြမ်းပြင်ပေါ်လဲကျမလိုဖြစ်ခဲ့သေးသည်။

သို့သော်လည်း အဆိုပါအခိုက်အတန့်မှ အကောင်းပြန်လည်ရုန်းထနိုင်ခဲ့ပြီး လက်ကျန်အချီများတွင် လက်ရည်အသာစီးဖြင့် ယှဉ်ပြိုင်နိုင်ခဲ့ သောကြောင့် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့သည်။ Nong-O သည် ၎င်း၏ ONE ဘန်တန်ဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ဒုတိယအကြိမ်ကာကွယ်မှုအဖြစ် စိန်ခေါ်သူ အယ်လ်ဂျီးရီးယား အားကစားသမား Brice “The Truck” Delval နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

၂။ Saemapetch မဆုတ်မနစ်သော ယှဉ်ပြိုင်မှု

MTGP မွေထိုင်းကမ္ဘာ့ချန်ပီယံ Saemapetch Fairtex သည် ONE Super Series ပြိုင်ပွဲများတွင် နောက်မဆုတ်တမ်း ယှဉ်ပြိုင်တတ်သည်ကို ပြသခဲ့ပြီးဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၂ ရက်က မနီလာတွင်ကျင်းပသော ONE: ROOTS OF HONOR ပြိုင်ပွဲတွင် ဆားဘီးယား-အမေရိကန်အားကစားသမား Ognjen Topic နှင့် အကောင်းဆုံးပွဲတစ်ပွဲကို ယှဉ်ပြိုင်ခဲ့သည်။

Saemapetch နှင့် Topic တို့သည် ပြင်းထန်အားပါသော လက်သီးထိုးချက်များ၊ ကန်ချက်များ အပြန်အလှန်သုံးစွဲကာ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖန်တီးနိုင်ခဲ့သည်။ သို့သော်လည်း ထိုင်းအားကစားသမားက ပင့်လက်သီးများ၊ ခြေကန်ချက်များသုံးကာ Topic ကို အ ထိနာစေခဲ့သည်။

Topic သည် ပထမအချီမှာပင် Saemapetch ၏ ပြင်းထန်အားပါသော လက်သီးချက်များ၊ ခြေကန်ချက်များကြောင့် အမှတ်စဉ်အရေခံခဲ့ ရပြီး ဒိုင်လူကြီးက ၈ အထိ ရေတွက်ခဲ့သည်။ သို့သော်လည်း အသည်းမာကာ ဇွဲရှိသော Topic က Saemapetch ကို ဖြိုလှဲနိုင်ရန် ကြိုး စားခဲ့သည်။

ထိုင်းအားကစားသမားကလည်း Lion Fight ကမ္ဘာ့ချန်ပီယံ Topic ၏ မုန်တိုင်းတစ်ခုအလား တိုက်စစ်ဆင်လာမည်ကို ကြိုတင်တွက်ဆ ကာ ပွဲပြီးဆုံးသည်အထိ တည်တည်ငြိမ်ငြိမ်ဖြင့် ယှဉ်ပြိုင်နိုင်သောကြောင့် နိုင်ပွဲရခဲ့ခြင်းဖြစ်သည်။ Saemapetch သည် အားကစားသမား ကောင်းတစ်ယောက်ပီသပြီး ဖြတ်ထိုးဥာဏ်အပြည့်ဖြင့် ယှဉ်ပြိုင်တတ်သူလည်းဖြစ်သည်။

၎င်းသည် ဗီယက်နမ်တွင် မွေထိုင်း ကမ္ဘာ့ချန်ပီယံဆုကို ၅ ကြိမ်ရဖူးသော ပြင်သစ်အားကစားသမား Rafi Bohic နှင့် ယှဉ်ပြိုင်မည်ဖြစ် သည်။

၃။ Panpayak ပြည့်စုံကောင်းမွန်သော ပွဲဦးထွက်ယှဉ်ပြိုင်မ

ONE Championship တွင် ဘယ်ခြေကန်ချက် ကောင်းမွန်လှပသော အားကစားသမားအနည်းငယ်ထဲ၌ Panpayak “The Angel Warrior” Jitmuangnon လည်း တစ်ဦးအပါအဝင်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကပြုလုပ်သော ပွဲဦးထွက်ပြိုင်ပွဲတွင် ပြသခဲ့သည်။ မွေထိုင်းကမ္ဘာ့ချန်ပီယံ ၅ ဆုရှင် Panpayak သည် ပေါ်တူဂီအားကစားသမား Rui Botelho နှင့်ယှဉ်ပြိုင်သည့်ပွဲ၏ ပထမအချီမှာပင် လက်ြသီးထိုးချက်များအပြင် ၎င်း၏အမှတ်အသားဖြစ်သည့် ဘယ်ခြေကန်ချက်များဖြင့် ပြိုင်ဘက်ကို အထိနာစေခဲ့သည်။

ကြမ်းကြုတ်ရက်စက်သော လက်ဝှေ့သမားဖြစ်သူ Botelho ကလည်း ဒုတိယအချီပြီးဆုံးခါနီး Panpayak ၏ ဘယ်ခြေအမြင့်ကန်ချက် ခေါင်းကိုထိမှန်ကာ ကြမ်းပြင်ပေါ် လဲကျမသွားခင်အထိ ထိုင်းအားကစားသမားကို အကောင်းဆုံးရင်ဆိုင်နိုင်ခဲ့သေးသည်။ တတိယအချီ တွင်မူ ပေါ်တူဂီအားကစားသမားမှာ ဦးခေါင်းအကန်ခံထားရသောဒဏ်ရာ အရှင်းမသက်သာခဲ့ဘဲ Panpayak ကသာ တိုက်စစ်ဖွင့်ယှဉ် ပြိုင်ခဲ့သောကြောင့် အမှတ်ပေးဒိုင် ၃ ဦးစလုံးက ထိုင်းအားကစားသမားကို အနိုင်ပေးခဲ့သည်။

ဆမတ်ပရာကန်နယ်သား Panpayak သည် ONE: IMMORTAL TRIUMPH ပြိုင်ပွဲ၏ ဖလိုင်းဝိတ်တန်းKick Boxingတွဲဆိုင်းအဖြစ် ဂျပန်အားကစားသမား Masahide “Crazy Rabbit” Kudo နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

၎။ Akimoto ကို အနိုင်ယူခဲ့သော Lasiri

မွေထိုင်းကမ္ဘာ့ချန်ပီယံ Joseph “The Hurricane” Lasiri သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်က တိုကျိုတွင်ပြုလုပ်သော ONE: A NEW ERA ပြိုင်ပွဲ၏ ဖလိုင်းဝိတ်တန်းKick Boxing တွဲဆိုင်းအဖြစ် အိမ်ရှင်ဂျပန်အားကစားသမား Hiroki Akimoto နှင့် ယှဉ်ပြိုင်ခဲ့ သည်။ ပြိုင်ဘက်ဖြစ်သူ၏မြေတွင် ယှဉ်ပြိုင်ခဲ့ရသော်လည်း အနိုင်ရမှဖြစ်မည်ဟု စိတ်ပိုင်းဖြတ်ကာ မဆုတ်မနစ်တမ်း ကြိုးစားယှဉ်ပြိုင်ခဲ့ သည်။

အီတလီအားကစားသမား Lasiri သည် ပထမအချီမှာပင် ဘယ်ညာလက်သီးထိုးချက်များဖြင့် Akimoto ကို ကြိုးဝိုင်းကြမ်းပြင်ပေါ် လဲကျ စေသလို ပွဲအပြီးထိလည်း မရပ်မနား ယှဉ်ပြိုင်နိုင်ခဲ့သည်။ ဒုတိယအချီတွင် Evolve MMA အသင်းသား Akimoto က မုန်တိုင်းထန်သလို အကောင်းဆုံးစွမ်းဆောင်ရည်ဖြင့် ပြန်လည်ယှဉ်ပြိုင်ခဲ့သည်။

နောက်ဆုံးအချီတွင် တိုက်စစ်ဖြင့် မနားတမ်းယှဉ်ပြိုင်မှသာ အနိုင်ရနိုင်မည်ကိုသိသော Lasiri က မကြောက်တမ်းယှဉ်ပြိုင်ခဲ့ခြင်းကြောင့် ဒိုင်လူကြီး ၃ ဦးအနက် ၂ ဦး၏အနိုင်ပေးမှုနှင့်အတူ Akimoto ၏ ကစားသမားဘဝတစ်လျှောက် ပထမဆုံးသောရှုံးပွဲကို ဖန်တီးပေးခဲ့ သည်။ Lasiri သည် ဟိုချီမင်းစီးတီးတွင် ဖလိုင်းဝိတ်တန်း မွေထိုင်းတွဲဆိုင်းအဖြစ် ထိုင်းအားကစားသမား Mongkolpetch Petchyindee Academy နှင့် ရင်ဆိုင်သွားမည်ဖြစ်သည်။

၅။ Mongkolpetch မရပ်မနား တိုက်စစ်ဆင်မှု

မွေထိုင်းအားကစားသမား Mongkolpetch Petchyindee Academy သည် ONE ပွဲဦးထွက်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဂျ ကာတာတွင်ပြုလုပ်သော ONE: ETERNAL GLORY ပြိုင်ပွဲ၌ ပြိုင်ဘက်ဖြစ်သူ Alexi “Phet” Serepisos ကို အသာစီးယှဉ်ပြိုင်ကာ ဒိုင်လူ ကြီး ၃ ဦးစလုံးက ၎င်းကို အနိုင်ပေးခဲ့သည်။ နယူးဇီလန်အားကစားသမား Serepisos သည် Mongkolpetch ကို အကောင်းဆုံးရင်ဆိုင်ခဲ့သော်လည်း လုမ္ပနီမွေထိုင်းကမ္ဘာ့ချန်ပီယံက ပြင်းထန်အားပါသော ခြေကန်ချက်များဖြင့် တိုက်စစ်ဆင်ခဲ့သည်။

နောက်ပိုင်းအချီများတွင် ထိုင်းအားကစားသမားက ပွဲကိုစိုးမိုးနိုင်ကာ အနီးကပ်ဒူးတိုက်များဖြင့် တိုက်ခိုက်နိုင်ခဲ့သောကြောင့် ဒိုင်လူကြီး ၃ ဦးစလုံးက အငြင်းပွားဖွယ်မရှိ အနိုင်ပေးခဲ့သည်။ Mongkolpetch သည် စက်တင်ဘာလ ၆ ရက်တွင် ဖလိုင်းဝိတ်တန်းမွေထိုင်းတွဲဆိုင်းအ ဖြစ် Lasiri နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ONE: IMMORTAL TRIUMPH ပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ည ၈နာရီအချိန်တွင် Skynet Sports 3 နှင့် MNTV တို့တွင် တိုက်ရိုက်ထုတ်လွင့်မည်ဖြစ်ပြီး ONE Championship ၏ ONE Super App https://www.onefc.com/download-app/ တွင် အခမဲ့ ဒေါင်းလုပ်ပြုလုပ်၍ ကြည့်ရှုနိုင်ပါသည်။ 

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *