ဗီယက်နမ်-အမေရိကန် အားကစားသမား Thanh Le သည် ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship တွင် လက်ဖျားခါလောက်သောစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီးနောက် ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလမ်း ကြောင်းပေါ်သို့ အလျင်အမြန်တက်လှမ်းလာခဲ့သည်။ Le သည် ၎င်း၏ ONE Championship ပွဲဦးထွက်ပြိုင်ပွဲတွင် ရုရှားအားကစားသမား Yusup “Maestro” Saadulaev ကို ဒုတိယအချီ ၁၂ စက္ကန့်အကြာမှာပင် ဒူးတိုက်ချက်ဖြင့် အလဲထိုးအနိုင်ရပြီးနောက် ONE: DREAMS OF GOLD ပြိုင်ပွဲတွင်လည်း ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း ဂျပန်အားကစားသမား Kotetsu “No Face” Boku ကို ပထမအချီ ၈၈ စက္ကန့်မှာပင် ညာလက်သီးချက်ဖြင့် ထပ်မံအနိုင်ယူခဲ့သည်။

ညာခြေကန်ချက်နောက် တစ်ဆက်တည်းဆိုသလို ညာလက်သီးတစ်လုံးပစ်သွင်းကာ ကြိုးဝိုင်းကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်လဲကျသွား ခဲ့သော Boku ကို အပေါ်စီးမှနေ၍ နောက်ထပ်ညာလက်သီးတစ်လုံး ထပ်မံထိုးနှက်လိုက်ချိန်တွင်တော့ ကြိုးဝိုင်းဒိုင်လူကြီးက ပွဲရပ်ကာ Le ကို အနိုင်ပေးခဲ့သည်။ အသက် ၃၃ နှစ်အရွယ် Le က ၎င်းတွင် အကောင်းဆုံးပွဲသိမ်းတိုက်ကွက်များ ကျန်ရှိနေဆဲဟု အခိုင်အမာ ယုံ ကြည်ထားသည်။

မခိုမကပ်ဘဲ နေ့စဉ် ပြင်းပြင်းထန်ထန်လေ့ကျင့်လေ့ရှိသော Le နှင့် ၎င်း၏နည်းပြအဖွဲ့ဝင်များအနေဖြင့် အလဲထိုးဘုရင်ဟုနာမည်ကြီး သော Boku ကို အနိုင်ရခြင်းနှင့်ပတ်သက်၍ အံ့အားသင့်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ပွဲမတိုင်ခင် ပြိုင်ဘက်ဖြစ်သူ၏ အားသာ ချက်၊ အားနည်းချက်များကိုလေ့လာကာ အကောင်းဆုံးပြင်ဆင်ထားခဲ့ခြင်းကြောင့်ဖြစ်သည်။

သို့သော်လည်း Boku ကို အလွယ်တကူအနိုင်ရခဲ့ခြင်းမဟုတ်ဟု 50/50 and Mid City MMA အသင်းသား Le က ဝန်ခံသည်။

“Boku ရဲ့ပြိုင်ပွဲဗျူဟာက ပွဲစတာနဲ့ အပြင်းအထန်တိုက်ခိုက်ပြီး ဖိအားပေးတာပဲ။ သူယှဉ်ပြိုင်ခဲ့တဲ့ပြိုင်ပွဲတွေကိုကြည့်ရင် တွေ့နိုင်မှာပါ။ Boku က ပြင်းထန်အားပါတဲ့ကန်ချက်တွေနဲ့ ကျွန်တော့်ရဲ့ခြေထောက်တွေကို ဖြိုလှဲဖို့ ကြိုးစားခဲ့တယ်။ နောက်ပြီး ကျွန်တော့်ရဲ့လှုပ်ရှားမှု တွေ နှေးကွေးလေးလံသွားအောင်လည်း ကြိုးစားခဲ့တယ်။ ကျွန်တော်ဘက်ကနေ သူ့ကို ထိုးစစ်နဲ့ တိုက်ခိုက်နိုင်ခဲ့တာ နည်းတယ်” ဟု Le က ပြောသည်။

သို့သော်လည်း လေ့ကျင့်ခန်းဆင်းရာတွင် Boku ၏နည်းစနစ်နှင့် မည်သို့ယှဉ်ပြိုင်တတ်သည်ကို အကြိမ်ကြိမ်လေ့လာထားသောကြောင့် အခက်အခဲ သိပ်မရှိခဲ့ဟု ၎င်းက ပြောသည်။

“ သူ နောက်ဆုတ်သွားတဲ့အချိန်မှာ တိုက်စစ်နဲ့ယှဉ်ပြိုင်ရမယ်ဆိုတာ သိလာတယ်။ သူ့ရဲ့ပြင်းထန်အားပါတဲ့ကန်ချက်တွေ၊ လက်သီးထိုး ချက်တွေကို ရှောင်တိမ်းရမယ်ဆိုတာ ကျွန်တော်သိလာတယ်။ ပြီးတော့ ညာလက်သီးနဲ့ တန်ပြန်တိုက်စစ်ဆင်ရမယ်ဆိုတာကိုလည်း သိ လာတယ်။ အဲဒါနဲ့ ညာလက်သီးတစ်လုံးနဲ့ တိုက်ခိုက်လိုက်ချိန်မှာတော့ အကောင်းဆုံးပွဲသိမ်းနိုင်ခဲ့တာပဲ” ဟု ၎င်းက ဂျပန်အားကစားသ မားနှင့်ရင်ဆိုင်စဉ် ကြုံတွေ့ခဲ့ရသော အခြေအနေများကို ပြန်ပြောင်းပြောပြသည်။

ONE Championship ၂ ပွဲဆက်တိုက် အလဲထိုးအနိုင်ရသောစံချိန်ကို ရယူနိုင်ခဲ့ပြီးနောက် Le သည် ဖယ်သာဝိတ်တန်းတွင် လူပြောအ များဆုံးကစားသမားတစ်ယောက်ဖြစ်လာခဲ့သည်။ ထို့အပြင် ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Martin “The Situ-Asian” Nguyen အ တွက် ထိပ်တန်းစိန်ခေါ်သူတစ်ဦးအဖြစ် ရောက်ရှိလာသည်။

သို့သော်လည်း LFA ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Le က ဗီယက်နမ်-သြစတြေးလျအားကစားသမား Nguyen ကို ခပ်မြန်မြန်စိန်ခေါ် ဦးမည်မဟုတ်ဟု ဆိုသည်။ ၎င်း၏စွမ်းဆောင်ရည်ကို လူအများ သတိထားမိလာသည်ကို Le က သတိပြုမိပြီး လာမည့်ပြိုင်ပွဲများတွင် ပွဲ ကြီးပွဲကောင်းများနှင့် ကြုံတွေ့ရတော့မည်ကိုလည်း လက်ခံထားသည်။

နိုင်ပွဲများရရှိလျှင် ပျော်ရွှင်ကျေနပ်လေ့ရှိသော Le က နိုင်ပွဲဆက်စံချိန်ကို ဆက်လက်ထိန်းသိမ်းထားရန်ကြိုးစားသွားမည်ဖြစ်ပြီး Nguyen ၏ ထိပ်တန်းစိန်ခေါ်သူတစ်ဦးအဖြစ်ရောက်ရှိလာသည်ဆိုသည်ကိုမူ ငြင်းဆိုခြင်းမရှိပေ။

“လူတွေ ကျွန်တော့်ကို သတိထားမိလာတာကို သိပါတယ်။ ပြိုင်ဘက်တွေက ကျွန်တော့်ကို စောင့်ကြည့်နေတာကိုလည်း သိတယ်။ အ ခြားကစားသမားတွေလည်း စိန်ခေါ်သူဆိုတဲ့ လှေခါးထစ်ပေါ်ကို တက်လှမ်းလာကြတာပါပဲ။ ဖယ်သာဝိတ်တန်းမှာ ဘယ်ကစားသမားနဲ့မ ဆို ယှဉ်ပြိုင်ချင်တယ်။ ချန်ပီယံကို စိန်ခေါ်နိုင်တဲ့အဆင့်တစ်ခုရောက်ဖို့ ဘယ်လိုပြိုင်ဘက်ကိုမဆို ရင်ဆိုင်ချင်တယ်” ဟု Le က အနာ ဂတ်ပြိုင်ပွဲများအတွက် သုံးသပ်သည်။

ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်လာရန် အကောင်းဆုံးလေ့ကျင့်ပြင်ဆင်လျက်ရှိပြီး Nguyen နှင့်ယှဉ်ပြိုင်ခွင့်ရလိုသည်ဟု Le က ကြုံးဝါး သည်။ ထိုသို့ဖြစ်လာရန် အခွင့်အရေးရှိနေပြီး ၎င်း၏ရည်မှန်းချက်က ချန်ပီယံခါးပတ်ကို အချိန်အကြာဆုံးကာကွယ်ထားနိုင်သူ Nguyen နှင့် ယှဉ်ပြိုင်ခွင့်ရရှိရေးပင်ဖြစ်သည်ဟု Le က ဆိုသည်။

“တကယ်လို့ ကျွန်တော်တို့နှစ်ယောက်ပွဲသာ ဖြစ်လာခဲ့ရင် အရမ်းကောင်းမယ့်ပွဲတစ်ပွဲ ဖြစ်လာမယ်လို့ ကျွန်တော်ထင်တယ်။ Nguyen က အရမ်းကောင်းတဲ့ ဖိုက်တာတစ်ယောက်ပါ။ ကျွမ်းကျင်မှုရှိသလို ပြိုင်ပွဲအတွေ့အကြုံလည်း အရမ်းများတယ်။ ဒီအချက်တွေက သူ့ကို ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်လာစေတဲ့ အချက်တွေပါပဲ။ ကျွန်တော်နဲ့သာ ယှဉ်ပြိုင်ဖြစ်ရင် သူ့အတွက် အရမ်းဆိုးရွားတဲ့ပွဲတစ်ပွဲ ဖြစ်လာမယ် လို့ ကျွန်တော်ထင်တယ်။ သူက ကျွန်တော့်ထက် ပိုကောင်းတယ်လို့ မထင်ပါဘူး” ဟု Le က အနာဂတ်ပြိုင်ဘက် Nguyen နှင့်ပွဲအတွက် ကြိုတင်သုံးသပ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *