မနီလာမြို့ရှိ Mall Of Asia Arena အားကစားရုံ၌ ဒေသခံပရိသတ်တို့မှာ  ONE: DAWN OF HEROES ပြိုင်ပွဲ၏ ရင်ခုန်စိတ်လှုပ်ရှား ဖွယ်ကောင်းသော တွဲဆိုင်း ၁၄ ဆိုင်းကို ရှုစားခဲ့ကြရသည်။ နာမည်ကျော် အားကစားသမားများစွာသည်  စိတ်လှုပ်ရှားဖွယ်စွမ်းဆောင် မှုများဖြင့် ၄င်းတို့၏ ကစားသမားဘဝ အောင်မြင်မှု မှတ်တိုင်သစ်များကို စိုက်ထူသွားခဲ့ကြသည်။ အဆိုပါညပွဲစဉ်များ၌ အကြီးမားဆုံးသောအောင်မြင်မှုကိုရယူသိမ်းပိုက်ခဲ့သူများ၏နောက်ထပ်ပြိုင်ဘက် ဖြစ်လာနိုင်သူများကို ခန့်မှန်းဖော်ပြလိုက်ရပါသည်။

Martin Nguyen

ပြိုင်ပွဲည အဓိကတွဲဆိုင်း၌ ONE Championship ဖယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံ Martin “The Situ-Asian” Nguyen သည် တည် ငြိမ်မှုအပြည့်ဖြင့် ယှဉ်ပြိုင်သွားခဲ့ပြီး ပြိုင်ဘက် Koyomi Matsushima ၏ နပမ်းနည်းဖြင့် တိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့သည်။ ထို့နောက် ဒုတိယအချီ၌ ပြိုင်ဘက်ကို အနိုင်ရယူရန် Nguyen သည် ၄င်း၏ ထိုးနှက်မှုလက်နက်အစုံကို အသုံးပြု ယှဉ်ပြိုင်သွားခဲ့သည်။

အဆိုပါ Trilogy တွင် “The Situ-Asian” သည် ပြိုင်ဘက်ဟောင်းဖြစ်ပြီး ONE Championship ၏ လက်ရှိ လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံဖြစ် သော Christian “The Warrior” Lee နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းပွဲစဉ်သည် များစွာစိတ်လှုပ်ရှားဖွယ်ဖြစ်မည်မှာ အလွန် သေချာနေပါသည်။ သို့သော် မည်သည့်ဝိတ်တန်းတွင် ယှဉ်ပြိုင်ကြမည်နည်းဆိုသည်မှာ အကြီးမားဆုံးသော မေးခွန်းကြီးပင် ဖြစ်နေ သည်။

ပြိုင်ပွဲအပြီး၌ ၄င်း၏ နောက်ထပ်ယှဉ်ပြိုင်မည့်အကြောင်းကို Nguyen က အရိပ်အမြွက်ပြောဆိုခဲ့သည်။ “Trilogy ပွဲကို မြင်တွေ့ချင်တယ် ဆိုရင် လက်ထောင်ကြပါ” ဟု ကြိုးဝိုင်းအလယ်တွင် ၄င်းက ပြောဆိုခဲ့သည်။

အကယ်၍ ဖယ်သာဝိတ်တန်းတွင် ယှဉ်ပြိုင်ဖြစ်မည်သည်ဆိုလျင် Lee အတွက် အခွင့်အရေးပိုရမည်ဖြစ်ပြီး ONE Championship ၏ ဝိတ်တန်းနှစ်ခုကမ္ဘာ့ချန်ပီယံဖြစ်လာရန် အခွင့်အလမ်းရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ Trilogy ပြိုင်ပွဲသည် စိတ်လှုပ်ရှားမှုများစွာကို ယူဆောင်လာမည်ဖြစ်သည်။ သေချာသည်မှာ အားကစားသမားတစ်ဦးသည် ကမ္ဘာ့ချန်ပီယံခါးပတ်၂ခုကို သိမ်းပိုက်ကာ ကြိုးဝိုင်းအတွင်းမှ ထွက်ခွာသွားနိုင်မည်ဖြစ်သည်။

Eddie Alvarez

Eddie “The Underground King” Alvarez သည် ၄င်း၏ ဒုတိယအကြိမ်ပွဲထွက်ချိန်တွင်  ONE Championship လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံ Eduard “Landslide” Folayang နှင့် ထိပ်တိုက်ယှဉ်ပြိုင်ကာ တိုးတက်မှုကို သက်သေထူနိုင်ရန် ကြိုးစားခဲ့သည်။ ၄င်းသည် လွန်ခဲ့သော လေးလနီးပါးခန့်က ONE Championship တွင် ပထမဆုံးအကြိမ်ပွဲဦးထွက်ပွဲမှ ဆုံးရှုံးမှုကို ချေဖျက်လိုခဲ့သည်။ 

အမေရိကန်ကိုယ်စားပြု အားကစားသမားသည် စိတ်လှုပ်ရှားဖွယ်ယှဉ်ပြိုင်မှုတွင် နာမည်ကျော်ဖိလစ်ပိုင် ကိုယ်စားပြု အားကစားသမားကို အနိုင်ကစားကာ အောင်ပွဲရယူနိုင်ခဲ့ပြီး မည်သူနှင့် ယှဉ်ပြိုင်ရမည်ကို သိနှင့်ပြီးဖြစ်သော ONE Championship   လိုက်ဝိတ်ကမ္ဘာ့ဂရင်းပရီ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် အောက်တိုဘာ ၁၃ရက်နေ့ ကျင်းပမည့် ONE: CENTURY ပြိုင်ပွဲ၌ Alvarez သည် ၄င်းအတွက်  အခက်ခဲဆုံး စမ်းသပ်မှုဖြစ်ဖွယ်ရှိသည့် Saygid “Dagi” Guseyn Arslanaliev နှင့်ယှဉ်ပြိုင်မှုကို ထိုးသတ်ရမည်ဖြစ်သည်။

အင်အားကြီးမားသည့် တူရကီလူမျိုးသည် ပြိုင်ပွဲတစ်လျှောက် သက်သောင့်သက်သာဖြင့် ဖြတ်သန်းခဲ့သည်။ ပြီးခဲ့သော ၁၂ လ အတွင်း ONE Championship ၏ အထင်ကြီးစရာအကောင်းဆုံး လိုက်ဝိတ်တန်းမှ အားကစားသမားအဖြစ် စွမ်းဆောင်ခဲ့ပြခဲ့ပြီးဖြစ်သည်။

အကယ်၍ “The Underground King” သည် ထိပ်ဆုံးသို့ တဟုန်ထိုးတက်လာနေသည့် Arslanaliev ကို တားဆီးနိုင်မည်ဆိုလျင်   ကမ္ဘာ့ ဂရင်းပရီခါးပတ်ကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။ ထို့အပြင် ONE Championship လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံဘွဲ့ကိုလည်း    စိန်ခေါ်ခွင့်ရရှိမည် ဖြစ်သည်။ ထို့အပြင် Alvarez သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးလကိုယ်ခံပညာအဖွဲ့အစည်းကြီးသုံးရပ်မှ     ကမ္ဘာ့ချန်ပီယံခါးပတ်များကို သိမ်းပိုက်နိုင်သော ပထမဆုံးအားကစားသမားဖြစ်လာမည်ဖြစ်သည်။ 

Demetrious Johnson နှင့် Danny Kingad

ကမ္ဘာကျော် ဖလိုင်းဝိတ်အားကစားသမားနှစ်ဦးသည် ONE: DAWN OF HEROES ၏ ကမ္ဘာ့ဂရင်းပရီ ဖလိုင်းဝိတ်တန်း ဗိုလ်လုပွဲ၌  ထိပ် တိုက် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။  

Demetrious “Mighty Mouse” Johnson သည် ဂျပန်ပြိုင်ဘက် Tatsumitsu “The Sweeper” Wada အား နည်းစနစ်ပိုင်းအရ အသာစီး ရယူပြီး ဒိုင်သုံးဦးစလုံး၏ တညီတညွှတ်တည်း အနိုင်ပေးမှုဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး အခြားတဖက်တွင်      Danny “The King” Kingad သည် ပြိုင်ဘက် Reece “Lightning” McLaren အား အကြိတ်အနယ်ယှဉ်ပြိုင်ပြီး အမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ONE: CENTURY ၏ ဗိုလ်လုပွဲ၌ ယင်းတို့နှစ်ဦး ထိပ်တိုက်ဆုံတွေ့ကြမည်ဖြစ်သည်။

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *