ထိုင်းနိုင်ငံ၏ လည်ပတ်ဖွယ်ရာ အထင်ကရ အဆောက်အအုံ ကြီးဖြစ်သော King Power Mahanakhon တွင် အထူးအဆင့်အတန်းမြင့် လူနေအိမ်ခန်းအသစ်များကို ဘန်ကောက် The Ritz-Carlton Residences Bangkok က မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။ ၎င်းအဆောက်အအုံကြီးသည် ဘန်ကောက်မြို့ ၏ စီးပွားရေးအချက်အချာဒေသ Sathorn မြို့နယ်တွင် တည်ရှိပြီး အဆိုပါ အဆောက်အအုံကြီး၏ ၂၃ ထပ် နှင့် ၇၃ ထပ်တွင် ကိုယ်ပိုင်လူနေအိမ်အခန်းများ ဝယ်ယူရရှိနိုင်သည်။ အိမ်ခန်းတစ်ခန်းလျှင် အိပ်ခန်း ၂ ခန်းမှ ၄ ခန်းအထိ ပါဝင်ပြီး ၁၃၅ စတုရန်းမီတာမှ ၄၄၇ စတုရန်းမီတာအထိ အကျယ်အဝန်းရှိသည်။ ကျယ်ကျယ်ဝန်းဝန်း နေထိုင်လိုသော အခန်းပိုင်ရှင်များအနေဖြင့် ၅၉ လွှာတွင် အခန်းများ ပေါင်းစပ်ကာ ၁၁၀၀ စတုရန်းမီတာအထိ ကျယ်ဝန်းသော အိမ်ခန်းများ ဖန်တီးသွားနိုင်မည့် အခွင့်အရေးကိုလည်း ရရှိမည်ဖြစ်သည်။ Chong Nonsi BTS Station နှင့် အလွန်နီး သောကြောင့် ခမ်းနားသော မြို့ပြလူနေမှုဘဝကို ရှာဖွေနေသူများအနေဖြင့် ဤကဲ့သို့ စီးပွားရေးအချက်အချာကျသော နေရာမျိုးတွင် အိမ်ခန်းဝယ်ယူနိုင်မည့် အခွင့်အရေးများရှိနေပြီဖြစ်သည်။

အဆင့်မြင့် အနားယူအပန်းဖြေသောနေရာများနှင့် The Ritz-Carlton ဝန်ထမ်းများ၏ ထူးကဲကောင်းမွန် သော ဝန်ဆောင်မှုများကို စီစဉ်ထားရှိပေးသည့်အပြင် ဤလူနေအိမ်ခန်းများတွင် David Collins စတူဒီယိုက သီသန့်ဖန်တီးထားသော ကမ္ဘာ့အဆင့်မီ အခန်းတွင်း အလှဆင်မှုများ ပါရှိသည်။ အိမ်ရာတွင် နေထိုင်သူများ အသုံးပြုနိုင်ရန်အတွက် ၅၄ ထပ်ရှိ အိမ်ရာဧည့်ခန်းတွင် စာကြည့်တိုက်၊ ဘား၊ စားသောက်ဆိုင်၊ မီးဖိုချောင်၊ နားနေခန်း၊ အစည်းအဝေးခန်းနှင့် တီဗီကြည့်ခန်းအစရှိသည့် အဆင့်မြင့်ဇိမ်ခံပစ္စည်းများ ဝန်ဆောင်မှုကို ထားရှိပေးထားသည်။ အခန်းပိုင်ရှင်များသည် ၇ လွှာရှိ အားကစားခန်းမ၊ ရေကူးကန်၊ သီးသန့်ရုပ်ရှင်ရုံ၊ မီနီဘား၊ ဘီလီယက်အခန်း၊ ဂိမ်းကစားခန်းနှင့် ကလေးကစားကွင်းများ အပါအဝင် အခြားသော အပန်းဖြေနေရာများကိုလည်း သုံးစွဲခွင့် ရရှိမည် ဖြစ်သည်။

King Power Mahanakhon ၏ Managing Director ဖြစ်သူ Marc Begassat က “ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးအဆောက်အအုံတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဒီလို အထင်ကရနေရာမှာ အိမ်ခန်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ တကယ့်ကို ထူးခြားတဲ့ အခွင့်အရေးတစ်ရပ်လို့ ဆိုရမှာပါ။ ကျွန်တော်တို့အနေနဲ့ ထူးကဲသာလွန်တဲ့ ပျူငှာမှု၊ ထိပ်တန်းအစားအသောက်တွေနဲ့ ကမ္ဘာ့အဆင့်မီ ဆွဲဆောင်မှုတွေကို ပေါင်းစပ်ပြီးတော့ လူတိုင်း လည်ပတ်ချင်တဲ့ နေရာတစ်ခုဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်လို့ အိမ်ခန်းဝယ်ယူသူတွေအတွက် King Power Mahanakhon မှာပဲ ရရှိနိုင်မယ့် အဆင့်မြင့် မြို့ပြလူနေမှုဘဝကို ပေးစွမ်းနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

အဆိုပါ အထင်ကရအဆောက်အအုံကြီးတွင် ထိုင်းနိုင်ငံ၏ အမြင့်မားဆုံး ရှုမျှော်ခင်းကြည့်ရှုရာနေရာဖြစ်သော Mahanakhon SkyWalk ၊ အထပ် ၃ ထပ်ရှိသော King Power Duty Free နှင့် လက်လီရောင်းချသောဆိုင်များ၊ ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဘားနှင့် စားသောက်ဆိုင် Mahanakhon Bangkok SkyBar တို့ တည်ရှိသည်။

မကြာမီကာလတွင်လည်း ၎င်းအထင်ကရနေရာကြီး၌ Mott32 နှင့် David Thompson ၏ Mahanathi စားသောက်ဆိုင်များပါဝင်သော ကမ္ဘာ့ပထမဆုံး Orient Express Hotel ကြီးကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်သည်။ 

The Ritz-Carlton Residences Bangkok မှ အိမ်ခန်းများကို တစ်ခန်းလျှင် ထိုင်းဘတ် ၄၂ သန်းမှ စတင်၍ ရောင်းချမည် ဖြစ်ပြီး အိမ်ခန်းဝယ်ယူသူများအတွက် အထူးအခွင့်အရေးများအဖြစ် King Power Crown မန်ဘာဝင်ခွင့်၊ Pullman Bangkok King Power Hotel ၏ အစားအသောက်ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်မည့် ထိုင်းဘတ် ၅ သောင်း တန်ဖိုးရှိသော Cash Voucher နှင့် အင်္ဂလန်နိုင်ငံ၊ လက်စတာမြို့ရှိ King Power Stadium တွင် ပရီးမီးယားလိဂ်ဘောလုံးပွဲကြည့်ရှုနိုင်မည့် လက်မှတ် ၂ စောင်ကို ပေးအပ်သွားမည်ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွက် Euromonitor International ၏ ခရီးသွားများ လည်ပတ်မှုအများဆုံး ထိပ်တန်း မြို့ ၁၀၀ အစီရင်ခံစာအရ ဘန်ကောက်သည် ဟောင်ကောင်ပြီးလျှင် ခရီးသွားများ လည်ပတ်မှုအများဆုံးဖြစ်သည့် ဒုတိယမြို့ ဖြစ်သည်။ CBRE ၏ ၂၀၁၉ ခုနှစ်အတွက်  ၅ ကြိမ်မြောက် တစ်နှစ်တာ ကမ္ဘာလုံးဆိုင်ရာ နေထိုင်မှုပုံစံအစီရင်ခံစာ အရ ဘန်ကောက်မြို့ရှိ အိမ်ခြံမြေများသည် အခြားတိုးတက်သော အာရှဒေသရှိ မြို့တော်များဖြစ်သည့် စင်္ကာပူနှင့် ရှန်ဟိုင်းတို့၏ အိမ်ခြံမြေများနှင့် ယှဉ်လျှင် ဝယ်ယူရသည်မှာ ပို၍ ထိုက်ထန်ကြောင်း သိရသည်။

အရှေ့တောင်အာရှ၏ စီးပွားရေအချက်အချာဒေသတစ်ခုဖြစ်သော ဘန်ကောက်၏ အိမ်ခြံမြေဈေးကွက်သည် ထိုင်းနိုင်ငံတွင် နေထိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်အတွက် အကောင်းဆုံးနေရာများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။  ဤကဲ့သို့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအပြင် ယမန်နှစ်အတွင်း ထိုင်းနိုင်ငံ၏ ခရီးသွားအလှအပ နေရာများကို လည်ပတ်ရန်၊ ကမ္ဘာ့အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုများရယူရန်၊ အဆင့်မြင့်လူနေမှုဘဝကို ခံစားရန်တို့အတွက် မြန်မာနိုင်ငံမှ  ထိုင်းနိုင်ငံသို့ လာရောက်သော ခရီးသွား ဧည့်သည်ပေါင်း ၃၂၄,၇၅၆ ဦး ရှိခဲ့သည်။

အသေးစိတ်အချက်အလက်များသိရှိလိုပါက  https://residences.kingpowermahanakhon.co.th/ သို့ ဝင်ရောက်လေ့လာနိုင်သလို [email protected] ထံသို့လည်း အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *