ကရင်တိုင်းရင်းသား ကိုယ်ခံပညာ အားကစားသမား သပြေညိုသည် ၎င်းကျင်လည်နေသည့် မြန်မာ့ရိုးရာလက်ဝှေ့ ၊ မွေထိုင်း ပွဲစဉ်များတွင် ဒိုင်ပွဲရပ်၊ အလဲထိုး တို့ဖြင့် အကောင်းဆုံး ပွဲသိမ်းသော ပွဲများစွာ ကစားခဲ့ဖူးသူဖြစ်သည်။ အလားတူ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲတွင်လည်း ပွဲသိမ်းကောင်းသည့် ရလဒ်ကို ဆက်လက် ထိန်းသိမ်းနိုင်သူဖြစ်သည်။ 

ONE Championship  မြန်မာနိုင်ငံသို့ ရောက်ရှိလာချိန်တွင် သပြေညိုသည် ကိုယ်ခံပညာပေါင်းစုံ အားကစားနည်းအောက်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး နိုင်ပွဲများ ထပ်မံရယူနိုင်ခဲ့သည်။ ထူးခြားချက်မှာ သပြေညိုသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံလးပွဲ ယှဉ်ပြိုင်ထားပြီး လေးပွဲစလုံး အနိုင်ရထားကာ ရာနှုန်းပြည့် နိုင်ပွဲဆက်ထားခြင်းဖြစ်သည်။ ယင်းလေးပွဲတွင် သုံးပွဲကို ပထမအချီတွင် အနိုင်ရခဲ့ခြင်း၊ လေးပွဲစလုံးအလဲထိုး နိုင်ပွဲများ ဖြစ်နေခြင်းစသည့် မှတ်တမ်းကောင်းများသည် မြန်မာ့ရိုးရာ လက်ဝှေ့သမား တစ်ဦးအနေဖြင့် ဂုဏ်ယူစရာပင်ဖြစ်သည်။ 

ထို့ကြောင့် သပြေညို၏ အကောင်းဆုံး ပွဲသိမ်းခဲ့သည့် ပွဲ ၃ပွဲကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။ 

၃။ သပြေညို၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပွဲဦးထွက် 

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့သည့် ONE Championship  ၏ ONE: Kingdom of Warriors ပြိုင်ပွဲကြီးတွင် သပြေညို ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို ပထမဆုံးအကြိမ် စတင်ရခြင်း ဖြစ်သဖြင့် အနည်းငယ် အခက်အခဲရှိသော်လည်း ၎င်းသည် အကောင်းဆုံး ကျော်ဖြတ်ကာ ပွဲဦးထွက် နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ 

ယင်းပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့သမား လှစ်လှစ်လေးနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရပြီး ပထမအချီ ၂မိနစ်နှင့် ၅၄ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းပွဲစဉ်တွင် သပြေညိုသည် ၎င်း၏နာမည်ကျော် စက်လက်သီးတွဲလုံးများဖြင့် ပြိုင်ဘက်ကို တရပ်စပ် ထိုးနှက်ခဲ့ခြင်းဖြစ်ပြီး အဖွင့်လှခဲ့သော ပွဲစဉ်ဖြစ်သည်။

၂။ မျိုးမာန်သစ် ကို ၅၆ စက္ကန့်အတွင်း အလဲထိုး

သပြေညိုသည် ONE: Kingdom of Warriors ပြိုင်ပွဲကြီး၏ မြန်မာ ပြည်တွင်း ဖယ်သာဝိတ်တန်း တံခွန်စိုက်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် မျိုးမာန်သစ်ကို ၅၆ စက္ကန့်အတွင်း အလဲထိုးပြီး ပြည်တွင်းချန်ပီယံဘွဲ့ကို ရယူနိုင်ခဲ့သည်။ ၎င်း၏ လျင်မြန်လှသည့် လက်သီးချက်များကို ပြိုင်ဘက် မျိုးမာန်သစ် မည်သို့မျှ မခံနိုင်ပဲ အရှူံးပေးခဲ့ရခြင်း ဖြစ်သည်။ ယင်းပွဲစဉ်သည် သပြေညို၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား ဘဝအတွက် အမှတ်တရများ ကျန်ရှိခဲ့သည့် ပွဲလည်းဖြစ်သည်။ 

သပြေညိုသည် အဆိုပါပွဲတွင် ONE Championship နှင့်အတူ ၎င်း၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား၏ ပထမဆုံး ဆုတံဆိပ်ကို ရယူခဲ့ခြင်းဖြစ်သည်။ 

၃။ သပြေညိုရဲ့ အမြန်ဆုံး အလဲထိုးပွဲ 

သပြေညိုနှင့် ထက်အောင်ဦးတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ONE: Light of Nation ပြိုင်ပွဲကို ကိုယ်ခံပညာ အားကစား ဝါသနာရှင်များသာမက ရိုးရာလက်ဝှေ့ ပရိသတ် အများစုကပါ စိတ်ဝင်စားခဲ့ကြသည့် တွဲဆိုင်းဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းကစားသမား နှစ်ဦးသည် ရိုးရာလက်ဝှေ့တွင်လည်း ပြိုင်ဘက်ကောင်းများအဖြစ် ရင်ဆိုင်ထိုးသတ်ခဲ့ကြရာ နောက်ဆုံးအချီအထိ အရှုံး၊အနိုင်မပေါ်သည့် ပွဲများရှိခဲ့သည်။

သို့သော် သပြေညိုသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား၏ ပညာနှင့် စွမ်းရည်မှာ ထက်ဦးအောင်ထက် သာလွန်ကြောင်း အဆိုပါပွဲတွင် ကောင်းစွာ ပြသနိုင်ခဲ့သည်။ သပြေညိုသည် ပြိုင်ဘက် ထက်ဦးအောင်ကို ၎င်း၏ သင်္ကေတ ဖြစ်သည့် လျှင်မြန်သော လက်သီး တွဲလုံးများဖြင့် ၁၆ စက္ကန့်အတွင်း အနိုင်ယူနိုင်ခဲ့သည်။ ထို့ကြောင့် သပြေညိုသည် ၎င်း၏ အမြန်ဆုံး အလဲထိုးနိုင်သည့် စံချိန်ကိုပါရယူနိုင်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *