မြန်မာနိုင်ငံ၏ ဦးဆောင်နည်းပညာ Accelerator ဖြစ်သော ဖန်တီးရာ သည် ယနေ့တွင် ၎င်း၏ Accelerator Cohort ၃ ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါCohort ၃ သင်တန်းအား  DaNa Facility နှင့် UK aid တို့မှ ပံ့ပိုးပေးထားပြီး အောင်မြင်စွာပြီးဆုံးခဲ့သည့် နည်းပညာStartup  ၅ခုမှာ Asia Art Connect , Hivephing, Hydro Plant, Nay Yar, နှင့် One Sett တို့ဖြစ်ကြသည်။ ၎င်းတို့သည် ရန်ကုန်မြို့လယ်တွင်တည်ရှိသည့် ဖန်တီးရာရုံးခန်းတွင် ၆လတာ ခရီးကို ဖြတ်ကျော်ခဲ့ပြီး နယ်ပယ်စုံမှ နည်းပြနှင့်ရင်းနှီးမြှုပ်နှံသူ ၃၀ကျော်တို့၏ အနီးကပ်လမ်းညွှန်မှုများနှင့် လုပ်ငန်းအတွက် ရင်းနှီးငွေ အများဆုံး အမေရိကန်ဒေါ်လာ ၂၅,၀၀၀ အထိ ရရှိခဲ့ကြပါသည်။ အဆိုပါ Startup များအနေဖြင့် ရင်းနှီးငွေများ အသီးသီးရရှိပြီးဖြစ်သဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းဆက်လက်တိုးချဲ့ရန် ပြင်ဆင်နေကြပြီဖြစ်ပါသည်။
ဖန်တီးရာ၏ CEO ဖြစ်သူ Jes Kaliebe Petersen က, “ဒီနောက်ဆုံး cohort မှာ သင်တန်းဆင်းသွားတဲ့ startup တွေကို ကြည့်လိုက်ရင် မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအတွက် အလားအလာကောင်းတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ  စိုက်ပျိုးရေးထုတ်ကုန်တွေ၊ အဝတ်အထည်ထုတ်လုပ်ရေး value chain တစ်ခုလုံးကို တိုးတက်စေမယ့် အခွင့်အလမ်းတွေ၊ မြန်မာလူငယ်တွေအတွက် တန်ဖိုးတတ်နိုင်မယ့် အိမ်ရာဝန်ဆောင်မှုတွေ အစရှိတဲ့ တကယ့်ကို ဈေးကွက်ထဲက လိုအပ်ချက်တွေ၊ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဖန်တီးရာအနေနှင့် အခုလို startup တွေမှာ ရင်းနှီးမြှုပ်နှံပေးခွင့်ရတဲ့အတွက်ဝမ်းသာမိပါတယ်။ နောက်ပြီး  မြန်မာနည်းပညာဂေဟစနစ်အတွက် စံပြလုပ်ငန်းတွေဖြစ်လာမယ့် သူတို့နဲ့အတူ ဆက်လက်လက်တွဲလုပ်ဆောင်သွားဖို့ မျှော်လင့်ပါတယ်။”  ဟုပြောကြားခဲ့သည်။

န်တီးရာ Accelerator ပရိုဂရမ်အား ၂၀၁၆ခုနှစ်တွင်စတင်မိတ်ဆက်ခဲ့ပါသည်။ အဆိုပါ ပရိုဂရမ်၏ အမှတ်စဉ်-၁ တွင် Chate Sat, Ezstay, GoP, White Merak၊ အမှတ်စဉ်-၂တွင်Amazing Express, MMTutors, NextCode, RecyGlo, Pancasikha, Shwe Bite, and Kone Si တို့မှ အသီးသီး သင်တန်းပြီးမြောက်ခဲ့ကြပါသည်။ ဖန်တီးရာအနေနှင့် ယနေ့အထိ စွန့်ဦးတီထွင် နည်းပညာ  ပေါင်း ၁၆ခုတွင် အမေရိကန်ဒေါ်လာ ၃၃၀,၀၀၀ ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်သည်။ အဆိုပါ Startup များအနက် ၆ခုမှာ ဖန်တီးရာအပြင် ပြည်တွင်းနှင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများဖြစ်သည့် angel investor များနှင့်  venture capital firm များမှ ရင်းနှီးငွေ ထပ်မံရရှိခဲ့ကြသည်။ ထို့အပြင် ဖန်တီးရာသည် Founder Institute ရန်ကုန်မှ ထွက်ရှိသည့် fitness app ဖြစ်သည့် Flexible Pass ၏ အစောပိုင်းပံ့ပိုးသူလည်းဖြစ်သည်။

ဖန်တီးရာ၏ Accelerator Director ဖြစ်သူ မစ္စတာ João Dutra (Kyaw Aung) က
” ကျွန်တော်တို့အနေနှင့် ဒီ Cohort ၃ မှာ တိုးတက်ပြောင်းလဲမှုများစွာရှိလာပြီး ပိုပိုကောင်းမွန်လာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဆက်လက်ပြီးလည်း မြန်မာနိုင်ငံရဲ့ နည်းပညာStartup  ဂေဟစနစ်ကို ပိုမိုအားဖြည့်ထောက်ပံ့ပေးဖို့အတွက် Cohort ၄ကို ထပ်မံဖွင့်လှစ်ပေးသွားမှာပါ။ ဒီနှစ် cohort မှာတော့ ကျွန်တော်တို့ဟာ အခြေခံလူတန်းစားတွေ၊ ကုမ္ပဏီတွေနှင့် အစိုးရအတွက်အကျိုးရှိစေပြီး ဈေးကွက်ထဲမှာ အလားအလာကောင်းမယ့် inclusive businesses (IBs)သစ် တွေကို ဦးစားပေးရွေးချယ်သွားမှာဖြစ်ပါတယ်။ ဒါဟာလည်း မြန်မာနိုင်ငံကို နည်းပညာအစွမ်းနှင့် ပြောင်းလဲတိုးတက်မှုအရှိန်အဟုန် မြှင့်တင်ပေးလိုတဲ့ ဖန်တီးရာရဲ့ ရည်ရွယ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။’ ဟုပြောကြားခဲ့သည်။

ဖန်တီးရာအနေနှင့် ယခုနှစ်တွင် UK aid မှပံ့ပိုးပေးထားသည့် ပရိုဂရမ်တစ်ခုဖြစ်သော DaNa Facility ၏ ပါဝင်ကူညီမှုဖြင့် “AccelerateMM : နည်းပညာဖြင့် မြန်မာနိုင်ငံတွင် Inclusive Business များတိုးတက်များပြားလာရေး” စီမံကိန်းမှတစ်ဆင့် inclusive business များအား အဓိကဦးစားပေး ရွေးချယ်သွားမည်ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် inclusive business များအား pre-acceleration အဆင့်မှ ရင်းနှီးငွေစီမံခန့်ခွဲမှု နှင့် လုပ်ငန်းအဆင့်မြှင့်တင်မှုအထိ အားဖြည့်ကူညီပေးရန် ရည်ရွယ်ပါသည်။

DaNa Facility ၏ Senior Technical Advisor ဖြစ်သူ Peter Brimble က “DaNa Facility အနေနှင့် Phandeeyar Accelerator ပရိုဂရမ်ရဲ့ ခါတိုင်းနှင့်မတူတဲ့ cohort အသစ်ကို ကြိုဆိုပါတယ်။ နောက်ပြီး ဒီကနေ မြန်မာနိုင်ငံက အခြေခံလူတန်းစားတွေအတွက် တကယ့်ကို အကျိုးများစေမယ့် လုပ်ငန်းသစ်တွေပေါ်ထွက်လာမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်။ အခုလို ဖန်တီးရာနှင့်အတူ ဆက်လက်ပူးပေါင်းပြီး မြန်မာနိုင်ငံအတွက် inclusive business ဂေဟစနစ်ကို ပြောင်းလဲတိုးတက်လာအောင် ပံ့ပိုးပေးခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ နောက်ထပ်လည်း ဖန်တီးရာနှင့် ဒီ startup တွေနှင့် အတူ ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားချင်ပါတယ်။” ဟုပြောကြားခဲ့သည်။

ဖန်တီးရာအနေနှင့် Accelerator Cohort 4 အတွက် လျှောက်လွှာများစတင်လက်ခံနေပြီဖြစ်ပြီး startup များအနေနှင့် ရင်းနှီးငွေ ဒေါ်လာ ၃၀,၀၀၀ အထိ ရရှိနိုင်မည့် အဆိုပါအစီအစဉ်တွင် ပါဝင်လိုပါက accelerator.phandeeyar.org နှင့် http://bit.ly/ACL4enroll တွင် စတင်လျှောက်ထားနိုင်ပြီ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *