မန်မာနိုင်ငံတွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများ လာရောက်ကျင်းပခဲ့ချိန်မှစကာ မြန်မာ့ရိုးရာလက်ဝှေ့သမားအချို့သည် ONE Championship မှ ကျင်းပသည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့သို့ယှဉ်ပြိုင်ခဲ့ကြသော ရိုးရာလက်ဝှေ့သမားများထဲတွင် ရဲသွေးနီလည်း အပါအဝင်ဖြစ်ပြီး နောက်ထပ် ပြိုင်ပွဲများယှဉ်ပြိုင်ခွင့်ရရန် စိတ်အားထက်သန်နေသူလည်းဖြစ်သည်။

မတ်ရပ်ထိုးနှက်တိုက်ခိုက်နည်း ကိုသာ အားသာသော လက်ဝှေ့သမားတစ်ဦးပင်ဖြင့်လင့်ကစား ရဲသွေးနီ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများအပေါ် စိတ်ပါဝင်စားမှုသည် ပြီးခဲ့သည့်နှစ်များကထက်ပိုမိုမြင့်တက်လာပြီး နောက်ထပ်နိုင်ပွဲတစ်ပွဲဖြင့် ရယူကာ မှတ်တမ်းတစ်ခုကိုရေးထိုးရန် ဆန္ဒရှိနေသူဖြစ်သည်။

”ကြို ဝိုင်းပေါ်မှာ တွေ့ပြီဆိုရင်တော့ ဘယ်ပြိုင်ဘက်ကိုပဲ ဖြစ်ဖြစ်အနိုင်ရချင်တယ်။ ကျွန်တော်တို့ဟာ ယှဉ်ပြိုင်တိုက်ခိုက်ရသူဖြစ်တယ်။ အောင်ပွဲခံနိုင်မှ မှတ်တမ်းကောင်းကို ရမှာပါ”ဟု ရဲသွေးနီက ၄င်းပြိုင်ပွဲနှင့်ပတ်သက်သည့်  အာရုံစူးစိုက်မှုကိုရှင်းပြခဲ့သည်။

မြန်မာ့ရိုးရာလက်ဝှေ့သမား တစ်ဦးဖြစ်သူ ရဲသွေးနီသည် ၂၀၁၅ ခုနှစ်မှစတင်ကာ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ONE Championship မှ ကျင်းပသည့် ပြိုင်ပွဲစုစုပေါင်း ၅ ပွဲတိတိကို ပါဝင်ထိုးသတ်ထားသူဖြစ်သည်။

ရဲသွေးနီသည် ၎င်း၏ ပွဲဦးထွက်အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ONE: Kingdom of Champions ပြိုင်ပွဲကြီးတွင် ထိုင်းနိုင်ငံသား Pongsiri Mitsatit ကိုရှုံးနိမ့်ခဲ့ရသည်။

ရဲသွေးနီသည် ထိုသို့ရှုံးနိမ့်ခဲ့ရချိန်မှစကာ ၄င်း၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲများအပေါ် နားလည်သင်ယူနိုင်စွမ်းကို မြှင့်တင်ပြောင်းလဲခဲ့ပြီး လေ့ကျင့်မှုအချို့ကိုလည်းပြုလုပ်နိုင်ခဲ့သူဖြစ်သည်။ ထို့နောက် ONE Championshipက မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သော ပြိုင်ပွဲဖြစ်သည့် ONE: Light of a Nation ပြိုင်ပွဲကြီးတွင် ပတ်ကျော်လင်းနိုင်ကို အနိုင်ရအောင်ယဉ်ပြိုင်နိုင်ခဲ့သည်။ ထို့နောက် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင်ကျင်းပခဲ့သော ONE: Hero’s Dream ပြိုင်ပွဲတွင် စောမင်းမင်းကို ထပ်မံအနိုင်ရခဲ့ပြန်သည်။

ထို့သို့ပွဲစဉ်များအပြီး တစ်နှစ်ခန့်ကြာပြီးနောက် စောမင်းမင်းနှင့် ရဲသွေးနီတို့၏ တွဲဆိုင်းကို ပြန်လည်စိန်ခေါ်ထိုးသတ်ရန် ပရိသတ်များ၏ တောင်းဆိုမှုရှိခဲ့သောကြောင့် ONE Championship က ၂၀၁၈ ဖေဖော်ဝါရီလတွင် ရဲသွေးနီနှင့်စောမင်းမင်းတို့၏ တွဲဆိုင်းကို ထည့်သွင်းကာ စိန်ခေါ်ပွဲဆက်လက်ထိုးသတ်စေခဲ့သည်။  ယင်းပွဲစဉ်တွင်လည်း ရဲသွေးနီကပင် အမှတ်ဖြင့်အနိုင်ရခဲ့ပြန်သည်။ ထို့သို့သောအခြေအနေများအကြားတွင် ရဲသွေးနီ၏ ပြည်တွင်းမှ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများသည်လည်း ပိုမိုလူကြိုက်များလာခဲ့ပြီး နိုင်ပွဲများကိုဆက်တိုက်ရှာဖွေနိုင်ခဲ့သည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ်အောက်တိုဘာတွင် ONE Championship က ၆၅.၇၇ ကီလိုတန်း ဖယ်သာဝိတ်တန်းတွင်ပြည်တွင်း၌ အကောင်းဆုံးကစားသမားအဖြစ် ပရိသတ်များလက်ခံထားကြသော စောမိုက်ရိုင်းနှင့် ကိုယ်ခံပညာ စာမေးပွဲကို စစ်ဆေးစေခဲ့သည်။ ရဲသွေးနီသည် ဝါရင့်သမ္ဘာရင့် စောမိုက်ရိုင်းကို နည်းဗျူအသာဖြင့် ယှဉ်ပြိုင်ပြနိုင်ခဲ့ပြီး ၄င်း၏နာမည်ကျော် လျင်မြန်သော လက်သီးချက်များကို တိုက်ရိုက်အသုံးပြု ပြသနိုင်ခဲ့သည်။

”ကိုမိုက်ရိုင်းကိုတော့ မထင်မှတ်ပဲနိုင်တာလို့ ဆိုရမှာပေါ့။ ပြိုင်ဘက်တိုင်းကိုတော့ ကျွန်တော် အနိုင်ရအောင်ကြိုးစားတယ်။ နောက်လည်းအနိုင်ရဖို့ပဲယှဉ်ပြိုင်မှာပါ”ဟု ရဲသွေးနီကပြောပြခဲ့သည်။ ရိုးရာလက်ဝှေ့သမား ရဲသွေးနီသည် ONE Championship ၏ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်ရန်ဆန္ဒရှိနေသူဖြစ်ပြီး ၄င်း၏တိုးတက်လာသော Cage အတွင်း ထိုးသတ်နိုင်သော စွမ်းရည်ကို ပြသနိုင်ရန် အဆင့်သင့်ဖြစ်နေသူလည်းဖြစ်သည်။

”ကျွန်တော်က ဖြစ်နိုင်မယ်ဆိုရင် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲတွေကိုလည်း ဆက်လက်ယှဉ်ပြိုင်ခွင့်ရချင်တယ်။ ကျွန်တော်မှာ တိုးတက်လာတဲ့ စွမ်းရည်တွေလည်းရှိပါတယ်။ ပြိုင်ဘက်တွေကို အောင်ပွဲရလိုစိတ်ကလည်း ပိုမိုပြင်းထန်လာခဲ့ပါပြီး။ ဒီအခြေအနေမှာ ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ယူဖို့အဆင့်သင့်ပါပဲ။”ဟု ရဲသွေးနီကပြောကြားခဲ့သည်။

ရဲသွေးနီသည် လက်ရှိမြန်မာ့ရိုးရာလက်ဝှေ့ (၅၂) ကီလိုတန်း စတောဝိတ်တန်းတွင် အကောင်းဆုံးနှင့် တိုးတက်မှု အရှိဆုံးလူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ၄င်း၏ လက်မြန်တိကျသော လက်သီးချက်များကြောင်း ထင်ရှားလာသူဖြစ်သည်။

အသက် (၂၁) နှစ်အရွယ်ရှိ ရဲသွေးနီသည် ပြည်တွင်း ရိုးရာလက်ဝှေ့ပွဲစဉ်စုစုပေါင် ပွဲ (၅၀) ကျော်ထိုးသတ်ထားပြီး တိုင်းနှင့် ပြည်နယ်ပွဲများတွင် ရွှေတံဆိပ် ၂ ခု ရရှိခဲ့သူတစ်ဦးဖြစ်ပြီး ပရိသတ်များ၏အချစ်တော် လက်ဝှေ့သမားတစ်ဦးလည်းဖြစ်သည်။

ထို့်အပြင်လက်ရှိအချိန်သည် ၄င်း၏ အားကစားသမားဘဝ အကောင်းဆုံးအချိန်ဟု သတ်မှတ်ထားပြီး မှတ်တမ်းသစ်များကိုလည်းရရှိရန် ကြိုးစားနေသူဖြစ်သည်။ ၄င်း၏ အမြင့်ပျံအိပ်မက်များထဲတွင် ONE Championship ပြိုင်ပွဲများကိုယှဉ်ပြိုင်ကာ နိုင်ပွဲအသစ်များရှာဖွေရန်ဖြစ်ပြီး အဆိုပါရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက်လည်း ကြိုးစားနေရသူဖြစ်သည်။

ထို့ကြောင့် ရဲသွေးနီအနေဖြင့် ၄င်း၏ပြိုင်ဘက်များကို ဆက်လက်အနိုင်ယူနိုင်မလားဆိုတာ ဆက်လက်စောင့် ကြည့်ရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *